မယ်ဟောင်ဆောင်မြို့
မယ်ဟောင်ဆောင်မြို့ (ထိုင်း: แม่ฮ่องสอน, အသံထွက် [mɛ̂ː hɔ̂ŋ sɔ̌ːn]) သည် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ နယ်စပ်မြို့တစ်မြို့ ဖြစ်သည်။ ရှမ်းတောင်တန်းပေါ်တွင်တည်ရှိပြီး မြန်မာနယ်စပ်တွင် ရှိသည်။ ဘန်ကောက်မြို့၏ မြောက်ဘက် ၈၈၃ ကီလိုမီတာတွင် တည်ရှိသည်။
မယ်ဟောင်ဆောင် Mae Hong Son แม่ฮ่องสอน | |
---|---|
မြို့ | |
![]() မယ်ဟောင်ဆောင်မြို့ | |
![]() ![]() မယ်ဟောင်ဆောင် Mae Hong Son | |
ကိုဩဒိနိတ်: 19°18′4″N 97°58′12″E | |
နိုင်ငံ | ![]() |
ဒေသ | မယ်ဟောင်ဆောင်ဒေသ |
ခရိုင် | မောင်မယ်ဟောင်ဆောင်ခရိုင် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၄၀ မီတာ (၇၉၀ ပေ) |
လူဦးရေ (2005) | ၆,၀၂၃ |
အချိန်ဇုန် | ICT (UTC+7) |
သမိုင်းကြောင်း
ယခင်က ကိုလိုနီခေတ် ရှမ်းပြည်နယ်များဒေသရှိ ပြည်နယ်တစ်ခုဖြစ်သော မောက်မယ်ပြည်နယ်တွင် ပါဝင်ခဲ့သည်။
၁၈၉၂-၉၃ အင်္ဂလိပ်-ထိုင်း နယ်စပ်ကော်မရှင်အရ မယ်ဟောင်ဆောင်ခရိုင်ကို ထိုင်းတို့ကို ပေးလိုက်ရသည်။
ဆက်သွယ်ရေး
ချင်းမိုင်မြို့မှ ကားဖြင့် လာရောက်နိုင်သည်။ မယ်ဟောင်ဆောင်လေဆိပ်လည်း ရှိသည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.