မောင်မြင့်

ဦးမောင်မြင့် (၂၁ မေ ၁၉၅၈ မွေးဖွား)သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးမောင်မြင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ မတ် ၂၀၁၆
မဲဆန္ဒနယ်မင်းကင်းမြို့နယ်
စက်မှု ဝန်ကြီး
တာဝန်သက်တမ်း
ဇူလိုင် ၂၀၁၃  ၃၀ မတ် ၂၀၁၆
ဆက်ခံသူခင်မောင်ချို
အလုပ်သမား ဝန်ကြီး
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၂  ဇူလိုင် ၂၀၁၃
ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
မတ် ၂၀၁၁  စက်တင်ဘာ ၂၀၁၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1958-05-21) ၂၁ မေ၊ ၁၉၅၈
မင်းကင်းမြို့စစ်ကိုင်းတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါက်တာ ခင်မြဝင်း

ငယ်ဘဝ

ဦးမောင်မြင့်အား ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အဖ ဦးဘကြည်၊ အမိ ဒေါ်သန်းမြတို့မှ စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင် မင်းကင်းမြို့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အ-ထ-က(မင်းကင်း)တွင် သင်ကြား ခဲ့ပါသည်။ ထို့နောက်တွင် မန္တလေး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ စစ်တက္ကသိုလ်စစ်ဦးစီးတက္ကသိုလ်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။ ဦးမောင်မြင့်၏ ဇနီးမှာ ဒေါက်တာ ဒေါ်ခင်မြဝင်းဖြစ်သည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

ဦးမောင်မြင့်ထမ်းဆောင်ခဲ့သော တာဝန်များမှာ ပဲခူးတိုင်းဒေသကြီးအခြေစိုက် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်တွင် တပ်မမှူး၊ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီကို ကိုယ်စားပြု၍ မင်းကင်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။၂၀၁၁ မှ ၂၀၁၂ အထိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၅ အထိ စက်မှုဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ၊၂၀၁၅ တွင်လည်း မင်းကင်းမဲဆန္ဒနယ်တွင် ၅၁.၈၃ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် ဆက်လက်အနိုင်ရခဲ့သည်။

ရရှိခဲ့သော ဆုတံဆိပ်နှင့်ဘွဲ့များ

  • ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
  • နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
  • မိုင်းရမ်း-မဲသဝေါ တိုက်ပွဲတံဆိပ်
  • ရန်ငြိမ်းအေးတံဆိပ်
  • စစ်မှုထမ်းကောင်းတံဆိပ်
  • တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ဒုတိယအဆင့်)
  • စစ်ပွဲတံဆိပ်(၈၈/၉၀)
  • နိုင်ငံအကျိုးဆောင်တံဆိပ်
  • ဝဏ္ဏကျော်ထင်ဘွဲ့
  • နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.