မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မ
မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ကင်းတားဆည်အနီး၊ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁° ၁၂.၆၉၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆°၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။ ပြက္ခရွေတောင်ဆိုသည်မှာ တောင်တစ်လုံး၏ အမည်မဟုတ်ဘဲ ပြက်တောင်နှင့် ခရွေတောင် နှစ်လုံးအား စုပေါင်း၍ ခေါ်ဆိုခြင်းဖြစ်သည်။ ပြက္ခရွေတောင်သည် ၃၇၅၀-ပေ မြင့်သည်။
တောင်ထိပ်ပေါ်တွင် အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ပြက္ခရွေစေတီတော် ရှိသည်။ ပြက္ခရွေစေတီတော်အနီးတွင် မြန်မာနိုင်ငံမြေတိုင်းအဖွဲ့က ပြုလုပ်ထားသော မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ အမှတ်အသား ကျောက်တိုင်ရှိသည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.