မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း

မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့ လုပ်ငန်း (အင်္ဂလိပ်: Myanma Oil and Gas Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

သမိုင်းကြောင်း

၁၉၆၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏ရေနံလုပ်ငန်းအား နိုင်ငံခြားကုမ္ပဏီများကသာ ဆောင်ရွက် ခဲ့ပါသည်။ ယင်းကုမ္ပဏီများအနက် ဘီအိုစီရေနံကုမ္ပဏီသည် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီအား ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းမှ စတင်၍ ရေနံလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်လာခဲ့ပါသည်။ ပြည်သူ.ရေနံလုပ်ငန်း၊ မြန်မာ့ရေနံကော်ပိုရေးရှင်း စသည့်အမည်များဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ယခုလက်ရှိအမည်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အမည်သို့ ပြောင်းလဲခဲ့သည်။

လုပ်ငန်းတာဝန်

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ.လုပ်ငန်း၏ အဓိက လုပ်ငန်းတာဝန်များမှာ

  • ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊
  • သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်၍ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးခြင်း၊
  • မော်တော်ယာဉ်များအတွက် စီအင်ဂျီဓာတ်ငွေ့အား အစားထိုးလောင်စာအဖြစ် ဖြန့်ဖြူးခြင်း၊
  • နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းတို့၏လုပ်ငန်းများအပေါ် ကြီးကြပ်ကွပ်ကဲခြင်း တို့ဖြစ်သည်။

ဖွဲ့စည်းပုံ

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အကြီးအကဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ဌာနကြီး(၉)ခုနှင့် စီမံအုပ်ချုပ်မှုအရ ရေနံမြေ (၁၁)ခု ဖွဲ့စည်းထားပါသည်။ ဌာနကြီး(၉)ခုမှာ

  1. စီမံရေးဌာန
  2. အထွေထွေစီမံခန့်ခွဲရေးဌာန
  3. ဘဏ္ဍာရေးဌာန
  4. ရှာဖွေရေး/ဖွံ့ဖြိုးရေးဌာန
  5. ကမ်းလွန်ရှာဖွေရေးဌာန
  6. တူးဖော်ရေးဌာန
  7. ထုတ်လုပ်ရေးဌာန
  8. အင်ဂျင်နီယာလုပ်ငန်းဌာန
  9. ပစ္စည်းစီမံဌာန တို့ဖြစ်သည်။

စီမံအုပ်ချုပ်မှုအရ စုစည်းထားသည့် ရေနံမြေများမှာ

  1. သာကြီးတောင်-စပယ်ရေနံမြေ
  2. ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံမြေ
  3. ချောက်-လမ်းရွာရေနံမြေ
  4. ရေနံချောင်းရေနံမြေ
  5. မန်းရေနံမြေ
  6. ထန်းကိုင်းဒေသကြီးရေနံမြေ
  7. ထောက်ရှာပင်-ကမ်းနီရေနံမြေ
  8. ပြည်ရေနံမြေ
  9. မြန်အောင်-ရွှေပြည်သာရေနံမြေ
  10. အဖျောက်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ
  11. ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ တို့ဖြစ်သည်။

[1]

လက်ရှိလုပ်ငန်းဆောင်ရွက်မှုအချက်အလက်များ

အကြောင်းအရာအရေအတွက်
ဝန်ထမ်းအင်အား၁ သောင်းခန့်
ကုန်းပိုင်းတစ်နေ့ပျှမ်းမျှထုတ်လုပ်မှုရေနံ စည် ၇၅၀ဝ ခန့်

သဘာဝဓာတ်ငွေ. ကုဗပေ ၆၅ သန်းခန့်

တွင်းတူးစက်ပေနက် : ၄ စက်

ပေလတ် : ၇ စက်
ပေတိမ် : ၁၆ စက်

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအရှည်၁၇၈၆ မိုင်
စီအင်ဂျီဓာတ်ငွေ့ဆိုင်၄၅ ဆိုင်
စီအင်ဂျီပြောင်းလဲသည့်ယာဉ်ပေါင်း၂၇၄၇၂ စီး
ပြည်တွင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှုနေ့စဉ်ကုဗပေသန်း ၂၅၀ ခန့်

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.