မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း

မြန်မာ့​ရေနံထွက်ပစ္စည်း ​ရောင်းဝယ်​ရေး လုပ်ငန်း (အင်္ဂလိပ်: Myanma Petrolium Product Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၆)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

သမိုင်းကြောင်း

ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့ အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူပိုင်သိမ်းခဲ့ကာ သတ္တုတွင်း ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းတစ်ခုအဖြစ် သိမ်းသွင်းခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်သူ့ရေနံလုပ်ငန်း အဖြစ်လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် မြန်မာ့ရေနံကော်ပိုရေးရှင်း အဖြစ်လည်းကောင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် စက်မှု (၂) ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓာတုဗေဒလုပ်ငန်းကော်ပိုရေးရှင်း နှင့် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်း ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် အထက်ဖေါ်ပြပါလုပ်ငန်းအဖွဲ့အစည်း ၃ ခုစလုံးကို စွမ်းအင် ဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း အမည်ပြောင်းလဲခဲ့ပါသည်။

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသည် စက်သုံးဆီ ပြည်တွင်းသုံးစွဲမှုဖူလုံရေးနှင့် အချိန်နှင့် တစ်ပြေးညီ သုံးစွဲသူလက်ဝယ်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။

ဖွဲ့စည်းပုံ

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ ဌာနခွဲများမှာ

  • အထွေထွေစီမံခန့်ခွဲရေးဌာန
  • ဘဏ္ဍာရေးဌာန
  • ဖြန့်ဖြူးရောင်းချရေးဌာန
  • စီမံရေးဌာန တို့ဖြစ်သည်။[1]

ဝန်ထမ်းအင်အား

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့ စာရင်းအရ ဝန်ထမ်းအင်အားမှာ [2]

ခွင့်ပြုခန့်အပ်
အရာထမ်း၂၉၄၂၇၉
အမှုထမ်း၇၃၉၅၂၂၆၁
စုစုပေါင်း၇၆၈၉၂၅၄၀

တည်နေရာများ

ပင်မဌာနကြီးများ၏တည်နေရာ

ပင်မဌာနကြီးအမည်အဆင့်တည်နေရာ
ဓနိတောပင်မ(က) အဆင့်သန်လျက်စွန်းလမ်း၊ ရန်ကုန်မြို့
ပဌနဂိုရ်ပင်မ(ခ) အဆင့်ပဌနဂိုရ်ကျေးရွာအုပ်စု မကွေးတိုင်းဒေသကြီး
မန္တလေးပင်မ(ခ) အဆင့်ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်အနီး၊ မန္တလေးမြို့
ချောက်ပင်မ(ဂ) အဆင့်ညောင်ဖြူပင်၊ ရွာဟောင်းရပ်၊ချောက်မြို့

ဌာနခွဲများ၏တည်နေရာ

သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က)အဆင့်များ

ဌာနခွဲအမည်တည်နေရာ
ထားဝယ်ဌာနခွဲဆင်ဖြူပြင်ရပ်၊ ထားဝယ်မြို့
ပုသိမ်ဌာနခွဲမြို့မတောင်ရပ်ကွက်၊ ပုသိမ်အနောက်၊ ပုသိမ်မြို့
ပြည်ဌာနခွဲနွားမယံ၊ ပြည်မြို့
မော်လမြိုင်ဌာနခွဲကမ်းနားလမ်း၊ မော်လမြိုင်မြို့
မြင်းမူဌာနခွဲမြင်းမူ-ပုလဲတန်ရွာလမ်း၊မြင်းမူမြို့
မြိတ်ဌာနခွဲမြိတ်တောင်မြို့မ၊ မြို့သစ်ရပ်၊ မြိတ်မြို့
ရွှေညောင်ဌာနခွဲရွှေညောင်မြို့မကွင်း၊ ရွှေညောင်မြို့

သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (ခ)အဆင့်/စခန်းများ

ဌာနခွဲအမည်တည်နေရာ
ကလေးဝဌာနခွဲမြို့မရပ်၊ ကလေးဝမြို့
ကျိုင်းတုံဌာနခွဲအမှတ် (၁)ရပ်ကွက်၊ ဝမ်ဟှေရွာ၊ ကျိုင်းတုံမြို့
ပခုက္ကူဌာနခွဲအနောက်ခြမ်း၊ ပခုက္ကူမြို့
ပျဉ်းမနားဌာနခွဲရန်အောင် (၂)ရပ်ကွက်၊ ပျဉ်းမနားမြို့
ဗန်းမော်ဌာနခွဲမိုးကောင်းလမ်းနှင့်လေယာဉ်ကွင်းသွားရာလမ်း၊ ဗန်းမော်မြို့
မုံရွာဌာနခွဲဆူးလေကုန်းရပ်နှင့် ချမ်းမြသာစည်ရပ်၊ မုံရွာမြို့
တောင်တွင်းကြီးဌာနခွဲမကွေး-တောင်တွင်းကြီး မြန်မာ့မီးရထားပိုင်မြေ ရထားလမ်းဘေး၊ တောင်တွင်းကြီးမြို့
မြစ်ကြီးနားဌာနခွဲသခင်နက်ဖေလမ်းနှင့် အောင်နန်းလမ်းဒေါင့် မြစ်ကြီးနားမြို့
လားရှိုးဌာနခွဲအမှတ် (၉)ရပ်ကွက်၊ လားရှိုးမြို့
သံတွဲဌာနခွဲသဗြုချိုင်၊ သံတွဲမြို့
သထုံဌာနခွဲသထုံ-ဒူးရင်းဆိပ်ကားလမ်း၊ သထုံမြို့
သီပေါဌာနခွဲအနောက်ရပ်၊ မီးရထား ဘူတာရုံအနီး၊ သီပေါမြို့
ဟင်္သာတဌာနခွဲနတ်မှော်အုပ်စု၊ ဟင်္သာတမြို့
သာစည်ဌာနခွဲဘူတာရုံရှေ့၊ သာစည်မြို့
ကွမ်းလုံဌာနခွဲလားရှိုး-ချင်းရွှေဟော်လမ်း၊ ကွမ်းလုံမြို့
ကော့သောင်းဌာနခွဲမြန်အောင်ကျွန်း၊ ကော့သောင်းမြို့အရှေ့
မအူပင်စခန်းကမ်းနားလမ်း၊ မအူပင်မြို့

လေယာဉ်ဆီဌာနခွဲများ/ဌာနစိတ်/စခန်း

ဌာနအမည်ဌာနအမျိုးအစားတည်နေရာ
မင်္ဂလာဒုံဌာနခွဲမင်္ဂလာဒုံလေယာဉ်ကွင်းအနီး၊ မင်္ဂလာဒုံ
မန္တလေးဌာနခွဲချမ်းမြသာစည်လေဆိပ်အနီး၊ မန္တလေးမြို့
တံတားဦးဌာနခွဲတံတားဦးမြို့
ဟဲဟိုးဌာနစိတ်ဟဲဟိုးလေဆိပ်အနီး၊ ဟဲဟိုးမြို့
မြိတ်ဌာနစိတ်မြန်အောင်ရပ်ကွက်၊ မြိတ်မြို့
မြစ်ကြီးနားဌာနစိတ်လေယာဉ်ကွင်းအနီး၊ မြစ်ကြီးနားမြို့
စစ်တွေဌာနစိတ်လေယာဉ်ကွင်းအနီး၊ စစ်တွေမြို့
ထားဝယ်ဆီဖြည့်စခန်းထားဝယ်လေဆိပ်အနီး၊ ထားဝယ်မြို့
ကော့သောင်းဆီဖြည့်စခန်းကော့သောင်းမြို့
မော်လမြိုင်ဆီဖြည့်စခန်းကမ်းနားလမ်း၊ မော်လမြိုင်မြို့

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.