ဟဲဟိုးမြို့

ဟဲဟိုးမြို့သည် မြန်မာနိုင်ငံတောင်ကြီးခရိုင်ကလောမြို့နယ်တွင် တည်ရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ရာ အင်းလေးဒေသရှိ လေဆိပ် တည်ရှိရာ မြို့လည်း ဖြစ်သည်။စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်၊၊အာလူး၊ကြက်သွန်ဖြူ၊မုံလာထုတ် တို့ကို အဓိကထားစိုက်ပျိုးကြသည်၊၊ ဓနုလူမျိုးအများစုနေထိုင်ကြပြီး ကျန်တိုင်းရင်းသားများလည်းနေထိုင်ကြသည်၊၊

Heho
ဟဲဟိုး
မြို့
Heho
ဟဲဟိုး တည်နေရာပြ မြေပုံ
ကိုဩဒိနိတ်: 20°43′24″N 96°46′16″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်တောင်ကြီးခရိုင်
မြို့နယ်ကလောမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရာသီဥတု

Heho အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 22
(72)
24
(76)
27
(81)
29
(84)
27
(81)
25
(77)
24
(75)
24
(76)
24
(76)
24
(75)
23
(74)
22
(71)
25
(77)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 7
(45)
8
(47)
11
(52)
16
(60)
17
(63)
18
(64)
18
(64)
18
(64)
17
(63)
16
(61)
11
(52)
8
(47)
14
(57)
ပျမ်းမျှ ရွာကျခြင်း mm (inches) 3
(0.1)
10
(0.4)
3
(0.1)
33
(1.3)
249
(9.8)
198
(7.8)
287
(11.3)
330
(13)
216
(8.5)
173
(6.8)
38
(1.5)
15
(0.6)
၁၅၅၂
(၆၁.၁)
Source: Weatherbase [1]

သမိုင်း

ဓနုလူမျိုးများ၏ ရွာလေးတစ်ရွာ ဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်များတွင် မြို့အဖြစ် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ မြေပြန့်ပေါများသောကြောင့် ခရီးတစ်ထောက်နားရာမြို့ ဖြစ်ခဲ့သည်။ အောင်ပန်း - ရွှေညောင် ရထားလမ်းပေါ်တွင် တည်ရှိသည်။ နောင်တွင် ဟဲဟိုး လေဆိပ်ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ လေတပ် စခန်းအဖြစ် အသုံးပြုခဲ့ပြီး မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကို ခံခဲ့ရသည်။ ဗုံးခိုကျင်းများကို လေယာဉ်ကွင်း၏ တောင်ဘက်တွင် တွေ့ရှိနိုင်ပြီး ဝေဟင်မှ ကြည့်ရှုလျင် ပို၍ လွယ်ကူစွာ မြင်တွေ့နိုင်သည်။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာ(၂၀)ရက် နေ့တွင် ရှမ်းပြည်နယ်လွတ်တော်မှ ဟဲဟိုးကျေးရွာအဆင့်မှ ဟဲဟိုးမြို့အဖြစ်တရားဝင်သတ်မှတ်ခဲ့သည်။

ကိုးကား

  1. Weatherbase: Historical Weather for Heho, Myanmar Weatherbase (2011)။ Retrieved on November 24, 2011.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.