ရာစုနှစ်

ရာစုနှစ် ဆိုသည်မှာ လက်တင်ဘာသာ centum ဖြစ်ပြီး တစ်ရာ ဟုဆိုလိုသည်။ အတိုကောက်မှာ အင်္ဂလိပ်: c[1] ဖြစ်ပြီး Century မှ ကောက်ယူထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာ၌ ၁၇ ရာစု ၂၀ ရာစု အစရှိသည်ဖြင့် အသုံးပြုကြသည်။ ၁ ရာစုနှစ်သည် ၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင်စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ၁၀၀ ခုနှစ်တွင် ပြီးဆုံးသည်။ ထိုနည်းလည်းကောင်းအတိုင်း ၂ ရာစုနှစ်သည် ၁၀၁ ခုနှစ်မှ စတင်မည်ဖြစ်ပြီး ၃ ရာစုသည် ၂၀၁ ခုနှစ်မှ စတင်ပေမည်။ သုည ရာစုနှစ် (AD 0) ဟူ၍ မရှိပေ။ AD 1 မှ စတင်ကာ ရေတွက်သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.