ရွာရှည်ရွာ၊ ဝမ်းတွင်းမြို့နယ်

ရွာရှည်စံပြကျေးရွာသည် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုတွင် တည်ရှိသော ရွာတစ်ရွာ ဖြစ်သည်။ ဝမ်းတွင်းမြို့၏မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။ အိမ်ခြေ ၈၈၆ အိမ်ရှိပြီး လူဦးရေ ၄၀၀၄ ယောက် ရှိသည်။ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး ယက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်ရှိသည်။ ရွာရှည်ရွာသည္ ဘာသာရေး၊ လူမှုရေး၊ ပညာရေးများတွင် ထွန်းကားသည်။ ထင်ရှားသောဆရာတော်ကြီးမှာ နေပြည်တော်ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်တွင် သီတင်းသုံးနေသော အဂ္ဂတောင်သာသနာပြု ဆရာတော် ဦးဝိမလဗုဒ္ဓိ ဖြစ်သည်။

ရွာရှည်
ကျေးရွာ
ရွာရှည်
ကိုဩဒိနိတ်: 21°14′24″N 96°01′23″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်ဝမ်းတွင်းမြို့နယ်
လူဦးရေ
  ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပညာရေးအနေဖြင့် အထက်တန်းကျောင်းခွဲ တည်ရှိသည်။ ဓမ္မပါရမီ အကျိုးဆောင်အဖွဲ့၊ ဒို့လုပ်အားလူမှုကူညီရေးအသင်း၊ တက္ကသီလာပညာရေးဖောင်ဒေးရှင်း အဖွဲ့ခွဲ၊ ကျေးရွာစာကြည့်တိုက်အသင်း၊ ဓမ္မစကူးဖောင်ဒေးရှင်း စသည့် လူမှုရေး၊ ဘာသာရေး၊ ပညာရေး အသင်းများလည်းရှိသည်၊၊

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.