လင်ပန်းမိဖုရား

လင်ပန်းတိုက်စားမိဖုရားသည် စစ်ကိုင်းမင်း (ဝါ) ဘကြီး​တော် လက်ထက်က က​နောင်-မြန်​အောင် နှစ်မြို့ဝန် ဦးသာဖြူ (မူကွဲ ဦးမင်းယုန်)နှင့် ဒုတိယဝန်က​တော် သခင်ကြီး ၏ သမီးဖြစ်သည်။ သက်ပန်းမိဖုရား၏ အစ်မရင်း ဖြစ်သည်။ ဦးသာဖြူ၏ ပထမဝန်က​တော် သခင်ကြီး(မူကွဲ ​ဒေါ်မင်းလှ) မှ​မွေး​သော ​​​မြောက်နန်းမိဖုရား ခင်သဲ၏ အမိကွဲညီမလည်းဖြစ်သည်။ တစ်ဖန် ​ဦးသာဖြူဆုံး​သောအခါ ဒုတိယ ဝန်က​တော်သခင်ကြီးမှာ ပုဂံမင်းလက်ထက်က ​ကျောက်ပန်း​တောင်းမင်းကြီး ဦး​​​​ရွှေကြည်နှင့် ​နောက်အိမ်​ထောင်ပြုရာ သရစိမ်းမိဖုရား၊ ​မောင်​လေးငယ်နှင့် ​မောင်သူ​တော်တို့ကို ​မွေးဖွား​သော​​​​ကြောင့် သရစိမ်းမိဖုရား၏ အဖကွဲအစ်မလည်းဖြစ်သည်။

၁၆ နှစ်အရွယ်တွင် မင်းတုန်းမင်းနှင့်စုံဖက်သည်။ ဘွဲ့​တော်မှာ သီရိသုစန္ဒာ​ဒေဝီ ဖြစ်သည်။

သားတော်၊ သမီးတော်များ

သား​တော်၊ သမီး​တော်တို့မှာ သုသီရိမြတ်စွာ ရတနာ​ဒေဝီဘွဲ့ခံ စလင်းမြို့စား စုဖုရား(တပင်တိုင်စံ)၊ သီရိမဟာ ဓမ္မရာဇာဘွဲ့ခံ ကျပင်းမြို့စား မင်းသား၊ သီရိ သုဓမ္မရာဇာဘွဲ့ခံ ရ​နောင်မြို့စား မင်းသားတို့ဖြစ်သည်။ စုစု​ပေါင်း သား ၄ ဦး၊သမီး ၁ ဦး ​မွေးဖွား​ခဲ့သော်လည်း ဒုတိယနှင့် တတိယသား​တော်တို့မှာ အဖတ်မတင်ခဲ့​ပေ။ "သားကျပင်း၊သမီးသလင်း"ဟုဆိုရ​လောက်​အောင်ပင် လင်ပန်းမိဖုရားမှဖွား​သော သား​တော် ကျပင်းမင်းသားနှင့် သမီး​တော် စလင်းစုဖုရားတို့မှာ ခမည်း​တော် မင်းတုန်းမင်းတရားကြီး၏ အချစ်ဆုံးသားနှင့်သမီးပင် ဖြစ်သည်။

ကွယ်လွန်ခြင်း

မြန်မာသက္ကရာဇ် ၁၂၅၅ တွင် ကွယ်လွန်ခဲ့ရာ ငါးထပ်ကြီးဘုရား ဝင်္ကပါတောင်ကုန်းပေါ်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။[1]

ကိုးကား

  1. မောင်သန်းဆွေ(ထားဝယ်) (၂ အောက်တိုဘာ ၂၀၁၃)။ ငါးထပ်ကြီးဘုရားအနီးမှ ဆွေတော်မျိုးတော်များ သင်္ချိုင်းရှင်းတမ်း ပဲ့တင်သံဂျာနယ်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.