လျှပ်စစ်ဓာတ်

လျှပ်စစ်ဓာတ်သည် အရာဝတ္ထုတို့၏ ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိဖြစ်ပြီး ၎င်းအား လျှပ်စစ်သံလိုက်စက်ကွင်း အတွင်းတွင် ထားရှိပါက အား တစ်ခုကို ခံစားရရှိစေသည်။ လျှပ်စစ်ဓာတ် နှစ်မျိုး ရှိပြီး အပေါင်းနှင့် အနှုတ် တို့ ဖြစ်သည်။ (အများအားဖြင့် ပရိုတွန်များ နှင့် နျူထရွန်များက အသီးသီး သယ်ဆောင်လေ့ ရှိကြသည်။) တူညီသော ဓာတ်တို့သည် တွန်းကန်ကြပြီး မတူညီသော ဓာတ်တို့သည် ဆွဲငင်ကြသည်။ လျှပ်စစ်ဓာတ်မရှိသော အရာဝတ္ထုကို ဓာတ်ပျယ် အရာဝတ္တုဟုခေါ်သည်။ အရာဝတ္တုများ အပေါ်သို့ လျှပ်စစ်ဓာတ် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲ ဆိုတဲ့ အစောပိုင်း အသိပညာကို ယခုအခါ ဂန္ထဝင် အီလက်ထရိုဒိုင်းနမစ် ဟုခေါ်ပြီး ပြဿနာများကို ပြေလည်စွာဖြေရှင်းနိုင်သော်လည်း ကွမ်တမ်၏အကျိုးသက်ရောက်မှုတွင် ထည့်သွင်း စဉ်းစားခြင်းမရှိသေးပါ။

မှတ်စုများ- အသုံးများသော အမှတ်အသားများ၊ အပြည်ပြည်ဆိုင်ရာ ယူနစ်များ

  • အသုံးများသော သင်္ကေတ q
  • အပြည်ပြည်ဆိုင်ရာ ယူနစ် coulomb
  • အခြားယူနစ်များ elementary၊ charge၊ faraday၊ ampere-hour၊
  • အပြည်ပြည်ဆိုင်ရာ အခြေခံယူနစ်များ C=As

ကျယ်ပြန့်မှု အခြေအနေ ရှိ ထိန်းသိမ်းနိုင်မှု အခြေအနေ ရှိ အတိုင်းအတာ TI

လျှပ်စစ်ဓာတ်သည် ထိန်းသိမ်းထားနိုင်စွမ်းရှိသည့်ပိုင်ဆိုင်မှုတစ်ခု၊ သီးခြားဖြစ်တည်မှုစနစ်၏ အသားတင်စွမ်းအားဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို လျှပ်စစ်အမှုန်လေးများက သယ်ဆောင်သည်။ အခြေခံအားဖြင့် အက်တမ်ထဲရှိ အဖိုဓာတ်တွေကို ပရိုတွန်တွေက သယ်ဆောင်ပြီး အမဓာတ်တွေကို အီလက်ထရွန်တွေက သယ်ဆောင်ပါသည်။ အရာဝတ္တုအစိပ်အပိုင်း တစ်ခုထဲတွင် အီလက်ထရွန်သည် ပရိုတွန်ထက်များနေလျှင် ၎င်းတွင် အမလျှပ်စစ်ဓာတ်တွေ များနေနိုင်ပါသည်။ အကယ်၍ အပေါင်းဓာတ်နှင့် အနှုတ်ဓာတ် တူညီနေပါက လျှပ်စစ်ဓာတ်ပျယ် နိုင်ပါသည်။ လျှပ်စစ်ဓာတ်အားကို ရေတွက်နိုင်ပါသည်။ သေးငယ်သော ယူနစ် တစ်ခုချင်းစီကို မြှောက်ခြင်းဖြင့်ရလာသော ကိန်းကို အခြေခံကျသော စွမ်းအားဟုခေါ်သည်။ e=1.602×10^-19 coulombs ခန့်ရှိသည်။ ၎င်းသည် လွပ်လပ်စွာတည်ရှိနေသော အခြေခံအကျဆုံး စွမ်းအားဖြစ်သည်။ ပရိုတွန်တွင် +e လျှပ်စစ်ဓာတ်အားများရှိပြီး အီလက်ထရွန်တွင် -e လျှပ်စစ်ဓာတ်အားများရှိသည်။ လျှပ်စစ်ဓာတ်တွင် လျှပ်စစ်စက်ကွင်းရှိပြီး ၎င်းရွေ့လျားသောအခါ သံလိုက်စက်ကွင်းများကို ထုတ်လွှတ်ပေးပါသည်။ ၎င်းတို့ကို ပေါင်းပြီး လျှပ်စစ်သံလိုက်စက်ကွင်းဟုလည်း ခေါ်သည်။ ၎င်းစွမ်းအားများ အပြန်အလှန် ဆက်သွယ်ခြင်းဖြင့် လျှပ်စစ်သံလိုက်စွမ်းအားများ ရရှိပါသည်။ ၎င်းသည် ရူပဗေဒ၏ အခြေခံအကျဆုံး စွမ်းအား ၄ မျိုးထဲမှ တစ်မျိုး အပါအဝင် ဖြစ်ပါသည်။ စွမ်းအင်အမှုန်များအကြား ဖိုတွန်အပြန်အလှန်ဆက်သွယ်ခြင်းများ လေ့လာခြင်းကို ကွမ်တမ်အီလက်ထရိုဒိုင်းနမစ်ဟဟုခေါ်သည်။ လျှပ်စစ်စွမ်းအား၏ အပြည်ပြည်ဆိုင်ရာ ယူနစ်မှာ coulomb ဖြစ်သည်။ ပြင်သစ်လူမျိုး ရူပဗေဒ ပညာရှင် Charles-Augustine de Coulomb ကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်း ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်တွင် ယေဘုယျအားဖြင့် Ampere-hour (Ah)ကိုလည်းကောင်း ၊ ရူပဗေဒ နှင့် ဓာတုဗေဒပညာရပ်တွင် မူလအခြေခံစွမ်းအင်ယူနစ် e ကိုလည်းကောင်း အသုံးပြုသည်။ ဓာတုဗေဒ၌ အီလက်ထရွန်၏ မိုး(mole) စွမ်းအင်ယူနစ်ကို Faraday constant အဖြစ်လည်းအသုံးပြုကြသည်။ အသေးစားကိစ္စများတွင် ကူးပြောင်းသွားသော စွမ်းအင်ယူနစ်ကို q သင်္ကေတဖြင့် ဖော်ပြကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.