အစင်ရွာ၊ ရေးမြို့နယ်
အစင်ရွာ(မွန်: ကွာန်အစေံ)(အင်္ဂလိပ်: Ahsin)သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၃၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အစင်ကျေးရွာအုပ်စုတွင် ကျား ၁၀၈၅၁ ဦး၊ မ ၁၀၆၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၄၆၂ ဦး နေထိုင်သည်။ [1][2] ရေးမြို့မှ အစင်ရွာသို့ ဒူးယားလမ်း၊ ငါးမျှားစခန်းလမ်း၊ ဓမင်းဆိပ်လမ်း၊ ချောင်းဝလမ်း၊ ဇီးဖြူတောင်လမ်းတို့ဖြင့် ဆက်သွယ်ထားသည်။[3] အစင်ရွာသည် ရေးမြို့ထက် အလွန်စည်ကားသော မြို့ပုံစံ ရွာကြီးတစ်ရွာ ဖြစ်သည်။ ရေးမြို့နှင့် အစင်ရွာမှာ ၈ မိုင်ခန့်မျှသာ ကွာဝေးသည်။ အစင်ရွာတွင် ရေးမြို့နှင့် ချောင်းတောင်ရွာ၊ ဓမင်းဆိပ်ရွာ၊ အဘော်ရွာ၊ ဇီးဖြူတောင်ရွာ၊ ဒူးယားရွာ၊ ရွှေပြည်သာရွာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္ပဏီစက်ရုံလည်း တည်ရှိသည်။[4] အစင်ရွာဒေသခံများ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ အုတ်ဖုတ်လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည်။ နယ်ခံမဟုတ်သောလူများစုများမှာ ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်နှင့် အညာဒေသတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသောသူများဖြစ်သည်။[5] အဓိကစီးပွားရေးမှာ တံငါလုပ်ငန်း ဖြစ်သည်။ ထိုရွာတွင် ရှေးဟောင်းဘုရားပုထိုးများလည်း ရှိသည်။ လူများစုမှာဗမာလူမျိုးများဖြစ်ပြီး မွန်၊ မူဆလင်၊ ထားဝယ်လူမျိုးများမှာ လူနည်းစုဖြစ်သည်။
အစင် | |
---|---|
ရွာ | |
အစင်ရွာ | |
အစင် | |
ကိုဩဒိနိတ်: 15°13′11″N 97°47′19″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
ခရိုင် | မော်လမြိုင်ခရိုင် |
မြို့နယ် | ရေးမြို့နယ် |
ကျေးရွာအုပ်စု | အစင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
- Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ဝင်းသက်နိုင် (၁၂ စက်တင်ဘာ ၂၀၁၄)။ ပင်လယ်ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အစင်ရွာတွင် ကျင်းပ။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- မွန်လူထုအသံ။ အတွဲ(၆) အမှတ်၄ (၁၅ ဩဂုတ် ၂၀၁၆)။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ရေးမြို့ပေါ်တွင် လျှပ်စစ်မီးသုံးစွဲခ ဈေးနှုန်းကျဆင်းလာ။ မွန်သတင်းအေဂျင်စီ (၂၈ ဧပြီ ၂၀၁၆)။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- သံလွင်တိုင်းမ် (၁၄ မတ် ၂၀၁၈)။ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်။ မွန်သတင်းအေဂျင်စီ။ ၁၆ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။