အမေရိစီယမ်

အမေရိစီယမ် (Americium) သည် ငွေရောင်နှင့် အဖြူရောင်ရှိသော သတ္တုဒြပ်စင်ဖြစ်ပြီး၊ ခြောက်သွေ့သော လေထု၊ အခန်းအပူချိန်တို့တွင် အရောင်မှေးမှိန်မှု နှေးသည်။ ၎င်းသည် ခဲ ထက်ပို၍ သိပ်သည်းမှု များသည်။ အချို့သော Americium ဒြပ်ပေါင်းများသည် ကာလအမျိုးမျိုး ရှိကြသည်။

ယူရိုပီယမ်,  63Eu
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတယူရိုပီယမ်, Eu
အသံထွက်/jʊˈrpiəm/
ew-ROH-pee-əm
အဆင်းsilvery white, with a pale yellow tint;[1] but rarely seen without oxide discoloration
ဒြပ်စင်အလှည့်ကျဇယားရှိ ယူရိုပီယမ်


Eu

Am
ဆမ္မာရီယမ်ယူရိုပီယမ်ဂါဒိုလီနီယမ်
အက်တမ် အမှတ်စဉ် (Z)63
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)151.964(1)[2]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f7 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 25, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1099 K (826 °C, 1519 °F)
အရည်ဆူမှတ်1802 K (1529 °C, 2784 °F)
သိပ်သည်းမှု (အခန်းအပူချိန်)5.264 g/cm3
5.13 g/cm3
ဖျူးရှင်းအပူ9.21 kJ/mol
အငွေ့ပျံခြင်း အပူ176 kJ/mol
မိုလာ အပူအင်အား27.66 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 863 957 1072 1234 1452 1796
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2, 1 (a mildly oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.2
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 547.1 kJ/mol
2nd: 1085 kJ/mol
3rd: 2404 kJ/mol
အက်တောမစ် အချင်းဝက်empirical: 180 pm
ကိုဗေးလန့်အချင်းဝက်198±6 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ body-centered cubic (bcc)
အပူ ပြန့်ကားမှုpoly: 35.0 µm/(m·K) (at r.t.)
အပူစီးကူးမှုest. 13.9 W/(m·K)
လျှပ်စစ် ခုခံမှုpoly: 0.900 µΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)+34,000.0·10−6 cm3/mol[4]
Young's modulus18.2 GPa
Shear modulus7.9 GPa
Bulk modulus8.3 GPa
ပိုင်ဆွန် အချိုး0.152
Vickers hardness165–200 MPa
CAS Number7440-53-1
သမိုင်းကြောင်း
အမည်တပ်ခြင်းဥရောပအား ရည်စူးပြီး
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းEugène-Anatole Demarçay (၁၈၉၆, ၁၉၀၁)
Most stable isotopes of ယူရိုပီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
150Eu syn 36.9 y ε 2.261 150Sm
151Eu 47.8% 5×1018 y α 1.9644 147Pm
152Eu syn 13.54 y ε 1.874 152Sm
β 1.819 152Gd
153Eu 52.2% is stable with 90 neutrons
154Eu syn 8.59 y β 1.969 154Gd
155Eu syn 4.76 y β 0.253 155Gd

အသုံးပြုခြင်း

Americium ကို မီးခိုးငွေ့ sensor များ၌လည်းကောင်း၊ ဓာတ်မှန်ရိုက်ရာတွင် gamma ဓာတ်ရောင်ခြည် ဖြစ်ပေါ်စေရန် လည်းကောင်း၊ ဖန်အပြားများ ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုကြသည်။ သို့သော် ၎င်း အိုင်ဆိုတုပ် သည် အသုံးပြုနိုင်သော ပမာဏ ထုတ်လုပ်ရန် အလွန်ဈေးကြီးသည်။

သဘာဝတွင် တွေ့ရှိရမှု အခြေအနေ

Americium ကို သဘာ၀ ပါတ်ဝန်းကျင်တွင် တွေ့ရှိရပြီး၊ နျူကလီးယား ဓာတ်ပြုမှုတွင် အဏုမြူထုတ်လုပ်ရာ၌ ယူရေနီယံ ဒြပ်စင်များထဲမှ အနည်းငယ် တွေ့ရှိရသည်။ ထိုအနည်းငယ်သည် Am ၏ သဘာ၀ အရင်းမြစ် မဟုတ်ပေ။ နျူကလီးယား စက်ရုံများတွင် မတော်တဆ ဖြစ်ပွါးမှုမှ Americium ပြန့်နှံ့နိုင်သည်။ Plutonium 239Pu မှ Americium အိုင်ဆိုတုပ် 243Am ကို ကီလိုဂရမ် အရေအတွက်ထိ ထုတ်လုပ်နိုင်သည်။

ကျန်းမာရေး ဆိုင်ရာ သက်ရောက်မှုများ

နျူကလီးယား ထုတ်လုပ်မှုနှင့် မတော်တဆ ဖြစ်ပွါးမှုများ၌ အလွန်ပြင်းထန်သော Americium များ ထွက်ပေါ်လာခြင်းသည်။ စားသောက်ခြင်း၊ အသက်ရှူခြင်း (သို့) အရေပြားများဖြင့် ထိတွေ့ခြင်းတို့ကြောင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေနိုင်သည်။ နျူကလီးယား စက်ရုံများတွင် လုပ်ကိုင်သူများ၊ ၎င်းနျူကလီးယား စက်ရုံပတ်ဝန်းကျင်တွင် နေထိုင်သူများသည်လည်း Americium အပြင်းများနှင့် ထိတွေ့နိုင်သည်။ ရေဒီယိုသတ္တိကြွ Americium ဖြင့်ထိတွေ့မိခြင်းသည် ကျန်းမာရေးအတွက် အဓိက သက်ရောက်မှုကို ဖြစ်စေသည်။ Americium သည် လူ့ခန္ဓာကိုယ် အတွင်းသို့ အလွန် လျှင်မြန်စွာ ဝင်ရောက်ပြီး အရိုးများအတွင်း၌ အချိန်ကြာမြင့်စွာ တည်ရှိနိုင်သည်။ Americium သည် တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာပြီး၊ ရေဒီယို သတ္တုကြွ ဒြပ်မှုန်နှင့် ရောင်ခြည်များ ဖြစ်ပေါ်လာသည်။ ၎င်းရောင်ခြည်များသည် မျိုးရိုးဗီဇ နှင့် ဆိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် အရိုးကင်ဆာကို ဖြစ်ပေါ်စေနိုင်သည်။ လူသားများသည် Americium အမြောက်အများနှင့် ထိတွေ့ပါက အင်္ဂါ အစိတ်အပိုင်းများ ပျက်စီးနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် Americium သည် အင်္ဂါ အစိတ်အပိုင်းများထဲတွင် အချိန်အနည်းငယ်အတွင်း လျှင်မြန်စွာ စုဆောင်းသွားသောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

Americium သည် ရေဒီယို သတ္တုကြွ အိုင်ဆိုတုပ်များတွင် အဓိက တည်ရှိသည်။ ၎င်းသည် မြေကြီးနှင့် ရေထဲတွင် အနည်းငယ် ပါရှိနိုင်သည်။ နျူကလီးယားလက်နက် စမ်းသပ်မှုများမှ Americium သည် လေထုထဲတွင် ကျန်ရစ်ပြီး ဆယ်စုနှစ်တစ်စုတိုင် ကမ္ဘာ့ပတ်ဝန်းကျင်တွင် အလွန်နှေးကွေးစွာ ယိုယွင်းပျက်စီးပြီး၊ တိရိစ္ဆာန်နှင့် အပင်များကို အန္တရာယ် ဖြစ်စေနိုင်သည်။ တိရိစ္ဆာန်များသည် Americium အမြောက်အများနှင့် ထိတွေ့ပါက ၎င်းတို့၏ အဆုတ်၊ အသဲ နှင့် သရက်ရွတ် တို့ကို ပျက်စီးစေနိုင်သည်။

Americium သည် အပင်များ၏ အောက်ခြေ မြေဆီလွှာထဲ၌လည်း အနည်းငယ် စုစည်းနေနိုင်သည်။ ၎င်းကို တိရိစ္ဆာန်များ စားသောက်ခြင်း မပြုကြပေ။ Americium အလွန်အနည်းသော ပမာဏသည် ငါးများ၏ ကိုယ်ခန္ဓာ အသားများ (သို့) အခြားစားသောက်နိုင်သော အစိတ်အပိုင်းများတွင် တည်ရှိနိုင်သော်လည်း၊ ၎င်းကို စားသုံးပါက ထို Americium သည် ခန္ဓာကိုယ် အတွင်းတွင် စုစည်းနေမည် မဟုတ်ပေ။

ကိုးကား

  1. Greenwood၊ Norman N.; Earnshaw၊ Alan (1997)။ Chemistry of the Elements (2nd ed.)။ Butterworth-Heinemann။ p. 112။ ISBN 0-08-037941-9
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.