၂၀၂၁
၂၀၂၁ (MMXXI) သည် လက်ရှိ ခုနှစ်ဖြစ်ကာ၊ ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် သောကြာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၁ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၂၁ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၁ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၂ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: |
|
ခုနှစ်များ: |
ဖြစ်ရပ်များ
ဇန်နဝါရီ
- ၆ ဇန်နဝါရီ
- ၂၀၂၁ အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် အဆောက်အအုံကို စီးနင်းခြင်း: အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဒေါ်နယ်လ် ထရမ့်ကို ထောက်ခံအားပေးသော ဆူပူဆန္ဒပြလူအုပ်စုကြီးတစ်စုသည် နိုင်ငံ၏လွှတ်တော် အဆောက်အဦဖြစ်သော ကာပီတယ်လ် (The Capitol) ကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်ကာ အဆောက်အဦ၏ အစိတ်အပိုင်းများကို နာရီအနည်းငယ်ကြာ သိမ်းပိုက်ထားလျှက် အင်အားဖြင့်ဝင်ရောက်စီးနင်းခဲ့ကြသည်။ ဤအဓိကရုဏ်းကြောင့် အမျိုးသမီးတစ်ဦးနှင့် ရဲအရာရှိတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။[1][2] ဤဖြစ်ရပ်အား ပြည်တွင်းအကြမ်းဖက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[3]
ဖေဖော်ဝါရီ
- ၁ ဖေဖော်ဝါရီ – မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အစိုးရဝန်ကြီးများ ထိန်းသိမ်းခံခဲ့ရသည်။[4]
- ၂ ဖေဖော်ဝါရီ– နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာသည်။
ခန့်မှန်းနှင့် စီစဉ်ထားသော ဖြစ်ရပ်များ
- ၃၀ မတ် – လွှတ်တင်ရန် ကြိမ်ဖန်များစွာ နှောင့်နှေးပြီးနောက် ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ် ကို လွှတ်တင်ရန် စီစဉ်ထားသည်။[5]
- ၂၆ မေ – ၂၁ ရာစုနှစ်၏ အချိန်အတိုဆုံး လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားပြီး ၁၄ မိနစ်နှင့် ၃၀ စက္ကန့် ကြာမြင့်မည် ဖြစ်သည်။
- ၁၁ ဇူလိုင် – ၁ ဩဂုတ် – UEFA အမျိုးသမီး ယူရို ၂၀၂၁ ပွဲစဉ်များကို အင်္ဂလန်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။
- ၂၄ အောက်တိုဘာ - ဂျမနီနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
ကိုးကား
- Woman dies after shooting in U.S. Capitol; D.C. National Guard activated after mob breaches building (6 January 2021)။ 6 January 2021 တွင် ပြန်စစ်ပြီး။
- [amazon.com/a/c/r?k=c8ba8cc0612347af877324d412f76d65-d861 Police Confirm Death Of Officer Injured During Attack On Capitol]။ National Public Radio, Inc.။
- World leaders react with horror to 'disgraceful' storming of US Capitol (7 January 2021)။ 7 January 2021 တွင် ပြန်စစ်ပြီး။
- Military takes control of Myanmar; Suu Kyi reported detained (1 February 2021)။
- "New launch date for James Webb Space Telescope"၊ ဥရောပ အာကာသ အေဂျင်စီ၊ June 28, 2018။ July 15, 2018 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.