Black metal

Black metal သည် heavy metal ဂီတ၏ပြင်းထန်သော မျိုးခွဲတစ်မျိုးဖြစ်သည်။ လျင်မြန်သော tempo များနှင့် shrieking vocal ပုံစံများပါဝင်သည်။[6][7][8]လေးလံသိပ်သည်းသော distorted guitar များကို tremolo pickingဖြင့် တီးခတ်ကြသည်။ raw(lo-fi) recording၊ ထုံးနည်းဟုတ်သော သီချင်းတည်ဆောက်ပုံများနှင့် ကွဲပြားသော စရိုက်လက္ခဏာများနှင့် နည်းပညာများကို အသုံးပြုထားသော်လည်း atmosphere ကိုအသားပေးထားသည်။ အနုပညာရှင်များသည် လူသေကောင်ကဲ့သို့ ဆေးခြယ်ကြသည်။ ၁၉၈၀အတောအတွင်း thrash နှင့် death metal တီးဝိုင်းများသည် black metal အတွက် မူရင်းပုံစံကို ဖွဲ့စည်းခဲ့သည်။ ပထမလှိုင်းဖြစ်ပြီး Venom, Bathory, Mercyful Fate, Hellhammerနှင့် Celtic Frost တို့ပါဝင်သည်။ ဒုတိယလှိုင်းသည် ၁၉၉၀အစောပိုင်းတွင် ပေါ်လာပြီး နော်ဝေးတီးဝိုင်းများဖြစ်သော Mayhem, Darkthrone, Burzum, Gorgoroth, Immortal နှင့် Emperorတို့ပါဝင်သည်။ အစောပိုင်း နော်ဝေး black metal ဖြစ်ရပ်တွင် သူတို့၏ ဘိုးဘေဘီဘင်များ၏ပုံစံကို အမျိုးအစားထဲတွင် ကွဲပြားစေခဲ့သည်။ တစ်ချို့ဖြစ်ရပ်များသည် သူတို့၏ကိုယ်ပိုင်ပုံစံကို ဖွံ့ဖြိုးတိုးတက်စေသော်လည်း နော်ဝေး black metal ဖြစ်ရပ်သည် ဥရောပနှင့် မြောက်အမေရိကတစ်လျှောက် ပေါ်ထွက်လာခဲ့သည်။ ထင်ရှားသော ဆွစ်တီးဝိုင်းမျာသည် ဒုတိယမြောက်လှိုင်းအတောအတွင်းတွင် ပေါက်ဖွားစေခဲ့သည်။ တီးဝိုင်းများမှာ Marduk, Nifelbeim နှင့် Dark Funeral စသော ထင်ရှားသော ဥပမာများဖြစ်သည်။ အစပိုင်းတွင် Satanic metal၏အသံကွဲ ဘာသာစကားဖြစ်ပြီး လှုပ်ရှားမှုနှင့် စိတ်ကူးစိတ်သန်းများ ဆက်နွယ်မှုအရ black metal သည် mainstream ယဉ်ကျေးမှုမှ ရန်လိုသော ဂီတပုံစံဖြစ်သည်။ အနုပညာရှင်အများစုသည် အစွန်းရောက်သော anti-christianနှင့် misanthropid ဆင်ခြင်သုံးသပ်ချက်များ ဖော်ပြကြပြီး Satanism သို့ ethnic paganism ၏ ပုံစံများကို ထောက်ခံကြသည်။ ၁၉၉၀တွင် ဖြစ်ရပ်မှ အဖွဲ့ဝင်များသည် ဘုရားရှိခိုးကျောင်းမီးရှို့ခြင်းနှင့် လူသတ်မှုများတွင် တာဝန်ရှိသူများ ဖြစ်လာကြသည်။ ထင်ရှားသော အနုပညာရှင်များကြောင့် ရှောင်ဖယ်ခဲ့ကြသော်လည်း blackmetal နှင့်အတူ neo-Nazi ရွေ့လျားမှုရှိသည်။ ယေဘုယျအားဖြင့် black metalသည် mainstream သို့ မပေါက်ရောက် ကြိုးပမ်းခဲ့ကြသည်။

စရိုက်လက္ခဏာများ

Black metal ကို နော်ဝေးပုံစံနှင့် shrieking vocal များသို့ရည်ညွန်းသော်လည်း စကားရပ်ကို ကျယ်ပြန့် ၍ခြားနားသော အသံများနှင့်အတူ တီးဝိုင်းများမှ အသုံးပြုထားသည်။


တီးခတ်ခြင်း

နော်ဝေးဂီတာသမားများသည် high-pitched (သို့) trebly guitar tone များနှင့် heavy distortionများကို နှစ်သက်ကြသည်။ ဂီတာကို မြန်သော un-muted tremolo picking များဖြင့်တီး ခတ်ကြသည်။ ဂီတာသမားများသည် ကြောက်ခမန်းလိလိဖန်တီးရန် သီးခြားဖြစ်သော scaleများ interval များနှင့် chord progression များနှင့်အတူ dissonance ကို မကြာခဏအသုံးပြုကြသည်။ guitar soloများနှင့် guitar tuning များမှာ black metal ထဲတွင် ရှားပါသည်။ Bass guitar ကို stand-alone melody များဖန်တီးရန် တစ်ခါတစ်ရံမှသာ အသုံးပြုကြသည်။ ဂီတာ၏ bass lineများလိုက်ရန်အတွက်အသုံးပြုကြသည်။ ထုံးစံအတိုင်း ဒရမ်တီးခတ်ပုံမှာ မြန်၍ double-bass, blast beats များကို အသုံးပြုကြသည်။ Black metal သီချင်းများသည် သမားရိုးကျ သီချင်းတည်ဆောက်ပုံမှ လမ်းလွှဲထားသည်။ verse-chorus အပိုင်းများမှာ မပြည့်မစုံဖြစ်သည်။ black metal သီချင်းများသည် ရှည်လျား၍ ထပ်တလဲလဲတီးခတ်ခြင်းများပါဝင်သည်။ Greek styleသည် Rolling Christ, Necromantiaနှင့် Varathron စသော တီးဝိုင်းများမှ ထူထောင်ခဲ့ခြင်းဖြစ်သည်။ နော်ဝေးblack metal ထက် traditional heavy metal နှင့် death metal တို့တွင် ပို၍ထင်ရှားသည်။

အဆိုနှင့်စာသားများ

Traditional black metal တီးဝိုင်းများသည် များသောအားဖြင့် high-pitched vocalများဖြစ်ပြီး ကျယ်လောင်စွာအော်ဟစ်သံများ၊ စူးရှသံများနှင့်မာန်ဖီသံများပါဝင်သည်။ Bathoryနှင့် Death growls မှ Quorthonကြောင့် လွှမ်းမိုးခဲ့ခြင်းဖြစ်ပြီး death metalအမျိုးအစားနှင့် သက်ဆိုင်သည်။ Black metalစာသားများသည် ခရစ်ယာန်ဘာသာနှင့် အခြားဘာသာရေးထုံးစံများကို တိုက် ခိုက်ကြသည်။ ကမ ္ဘာပျက်သည့် ပမာ စာသားများကို အသုံးပြုထားသည်။ ဆာတန်မာရ်နတ်ဝါဒီနှင့် ဆိုင်သော စာသားများဖြစ်သည်။ black metalသီချင်းများသည် ထိုအယူဝါဒ၏ ဟောပြချက်များကို ကြိုက်နှစ်သက်သကဲ့သို့ ဖွယ်ဆို ထားသည်။ အမှန်တကယ် ယုံကြည်သူများကို ပေါင်းစည်းရန် ကြိုးစားထားသည်။ လူဘောင်ကို မုန်းတီးစက်ဆုပ်မှု၊ ကမ ္ဘာကပ်ဘေး၊ စစ်ပွဲ၊ သေခြင်းတရား၊ ဖျက်တီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းများမှာ အဓိကအကြောင်းအရာများဖြစ်သည်။ black metalထဲ တွင် မကြာခဏတွေ့ရသော အကြောင်းအရာများမှာ သဘာဝအဖြစ်အပျက်များကို တွေ့ရသည်။ အထူးသဖြင့် သဘာဝကျေးလက်၊ သစ်တောများ၊တောင်များ၊ ဆောင်းရာသီမုန်တိုင်းနှင့် ဆီးနှင်းများ ဖြစ်သည်။ black metalသည် ကွာလှမ်းသော အတိတ်နှင့်အတူ စွဲလမ်းမှုများရှိသည်။ မွေးဖွားရာ ဇာတိမှ ဒဏ္ဍာရီနှင့် ပုံပြင်များကို ရေးသားထားသော တီးဝိုင်းများရှိသည်။ pre-Chritian နှင့် pagan ရိုးရာဓလေ့များကို ထောက်ကူအားပေးသည်။

စိတ်ကူးစိတ်သန်းများနှင့် ဖျော်ဖြေတင်ဆက်မှုများ

များသောတီးဝိုင်းများသည် မဖျော်ဖြေကြပေ။ ထိုထဲမှ ဖျော်ဖြေသူများသည် ဧည့်ခံဖျော်ဖြေရန် မရည်ရွယ်ပေ၊ တစ်ချို့တီးဝိုင်းများသည် သူတို့၏ဖျော်ဖြေပွဲများကို ဝတ်ပြုအခမ်းအနားကဲ့သို့ ယူဆကြ သည်။ stageစင်၊ ပြဇတ်ရုံများကို အသုံးပြုကြသည်။ Mayhemနှင့် Gorgoroth တို့သည် အငြင်းပွားဖွယ်ရာ အသွင်အပြင်များနှင့် ထင်ရှားသည်။ သူတို့သည် တိရစ္ဆာန်များ၏ ခေါင်းများကို သံချွန်များနှင့် ထိုးနှက်ခြင်း၊ ခရစ်တော်၏ပုံရိပ်ကို လှောင်ပြောင်ခြင်း၊ အေဒီအလယ်ခေတ်လက်နက် များနှင့် တိရစ္ဆာန်၏သွေးများဖြင့် လောင်းကြခြင်းများဖြစ်သည်။ အဆိုတော်အနည်းငယ်သည် သူတို့စင်ပေါ်တွင် သီချင်းဆိုစဉ် self-harmများပြုလုပ်ကြသည်။ black metal အနုပညာရှင်များသည် အနက်ရောင်အဝတ်အစားများ၊ စစ်ဖိနပ်များနှင့် ကျည်ဆံများ၊ ခါးပတ်များဝတ်ဆင်ကြသည်။ သူတို့၏ anti-Chritian(သို့) anti-religious stance ဖြစ်စေရန် ခို်င်မာတောင့်တင်းစေသည်။ မည်သို့ပင်ဆိုစေ အထင်ရှားဆုံးအမှုအကျင့်မှာ corpse paint ဖြစ်ပြီး အဖြူအမည်း ဆေးခြယ်၍ တကယ်သွေး(သို့) သွေးတုများဖြင့်ရောနှောထားသည်။ လူသေကောင်ကဲ့သို့ (သို့) နတ်မိစ္ဆာကဲ့သို့ အသုံးပြုထားသည်။ ၁၉၉၀အစောပိုင်းတွင် black metal တီထွင်ဖန်တီးသော အနုပညာရှင်များ၏ coverအနည်းဆုံးမှာ အဖြူအမည်းပုံများဖြစ်သော Xeroxed artဖြစ်သည်။ ငုင်းသည် death metal တီးဝိုင်းများကို ဆန့်ကျင်သော တုံပြန်ချက်မှ တစ်ခုဖြစ်သည်။

ထုတ်လုပ်ခြင်း

အစောပိုင်း black metal အနုပညာရှင်များ၏ ဘဏ္ဍာငွေနိမ့်ကျမှုနှင့် အတူ ထုတ်လုပ်ခြင်းနိမ့် ကျသည်။ အသံသွင်းယူခြင်းကို သူတို့၏အိမ် (သို့) မြေအောက်ခန်းတွင် မကြာခဏ ပြုလုပ်ကြသည်။ အနုပညာရှင် အများအပြားသည် lo-fi recording များပြုလုပ်ကြသည်။ အကောင်းဆုံဥပမာတစ်ခုမှာ Darkthrone ၏ Transilvanian Hunger album ဖြစ်သည်။ black metalကို ပရိတ်သတ်ဆီများသို့ ရောက်ရှိရန်မရည်ရွယ်ပါဘူး။ စစ်မှန်သော ကျွန်တော်တို့ရဲ့ကျေနပ်ခြင်း ဖြစ်ပါတယ် ဟုဆိုသည်။


သမိုင်းကြောင်း

Venom, Bathory နှင့် Hellhammer တို့သည် ပထမလှိုင်းမှ တီထွင်သူများဖြစ်ကြသည်။ ဒုတိယလှိုင်းသည် အစောပိုင်း နော်ဝေးဖြစ်ရပ်မှ စတင်ခဲ့သည်။ Sarcofago ၏ I.N.R.I နှင့် Samuel ၏ Worship Him album များအရ အခြားအဓိပါ္ပယ်ဖွင့်ဆိုချက်များရှိသည်။

ပထမလှိုင်း

Black metal၏ပထမလှိုင်းသည် ၁၉၈၀အတောအတွင်းက black metal အသံများနှင့် အမျိုးအစား၏မူရင်းပုံစံလွှမ်းမိုးခဲ့သည့် တီးဝိုင်းများကို ရည်ညွန်းသည်။ သူတို့သည် speed metal (သို့) thrash metal တီးဝိုင်းတို့ဖြစ်သည်။ Black metal ဟူသော ဝေါဟာရသည် English တီးဝိုင်း Venomတီးဝိုင်း၏ ဒုတိယမြောက် album Black Metal(၁၉၈၂) album တွင် တွေ့ရသည်။ ထိုတီးဝိုင်းများသည် black metal ထက် thrash metal လွှမ်းမိုးပုံပေါ်သော်လည်း album ၏စာသားနှင့် စိတ်ကူးစိတ်သန်းများမှာ anti-christian နှင့် Satanic ပုံရိပ်များကို အာရုံစူးစိုက်ထားသည်။ သူတို့၏ ဂီတသည်မြန်ပြီး ထုတ်လုပ်မှုအပိုင်းတွင် အားနည်းပြီး raspy(သို့) grunted vocal များဖြစ်သည်။ Venom ၏အဖွဲ့ဝင်များသည် pseudonyms ကို မွေးစားခဲ့ပြီး ငုင်းသည် black metal ဂီတပညာရှင်ကြားတွင် ပျံနှံလာခဲ့သည်။ အခြား black metalလွှမ်းမိုးခဲ့သည်မှာ ဆွီဒင်တီးဝိုင်း bathory တီးဝိုင်းဖြစ်သည်။ တီးဝိုင်း Thomas Forsberg ဦးဆောင်ထားပြီး Scandinavian black metal ၏အသေးစိတ်အစီအစဉ်ကို ဖန်တီးခဲ့သည်။ Bathory ၏ဂီတသည် မြန်ပြီး လေးလံပြီး distorted lo-fi နှင့် anti-christian အကြောင်းအရာများကို ရေးသားထားသည့် သာမက Quorthron သည် black metal ကဲ့သို့ vocal များကို သုံးထားသည်။ တီးဝိုင်းသည် ထိုပုံစံကို album များ ဖြစ်သော Bathory (၁၉၈၄), The Return of the Darkness and Evil(၁၉၈၅), Under the Sign of the Black Mark(၁၉၈၇) and Blood Fire Death(၁၉၈၈) တို့တွင်တွေ့ရသည်။ Bathory Viking metal ဟုသော ပုံစံကိုလည်း တီထွင်ခဲ့သည်။ ဆွီဇာလန်မှ Hellhammer သည် ကြမ်းတမ်းသော ဂီတအမျိုးအစားဖြစ်သည်။ ဆာတန်မာရ်နတ်၏စာသားများနှင့် black metal တွင်လွှမ်းမိုးလာခဲ့သည်။ သူတို့၏ရိုးရှင်း၍ထိရောက် သော riffများနှင့် မြန်ဆန်သော groundbreaking ဖြစ်လာခဲ့သည်။ အစောပိုင်းဆွီဒင် death metal ၏ trademark sound ဖြစ်လာခဲ့သည်။ ၁၉၈၄တွင် Hellhammer ၏အဖွဲ့ဝင်များသည် Celtic Frost ကို ဖွဲ့စည်းခဲ့သည်။ orchestral နှင့် experimental territorများကို စူးစမ်းရှာဖွေခဲ့သည်။ စာသားများသည် ပုဂ္ဂိုလ်ရေးများအကြောင်းကို ရေးဖွဲ့ထားပြီး အကြောင်းအရာများမှာ အတွင်း၌ဖြစ် သော ခံစားချက်များနှင့် ထူးကဲသော ပုံပြင်များကို ရေးဖွဲ့ထားသည်။ သို့သော် နှစ်များစွာကြာလာသောအခါမှာ Celtic Frost သည် ကမ္ဘာပြင်းထန်သော metal တီးဝိုင်းများထဲမှ တစ်ခုဖြစ်သည်။ ၉၀ရာစုအလယ်တွင် black metal ဖြစ်ရပ်တွင် ကြီးမားစွာရိုက်ခတ်ခဲ့သည်။ Hellhammer နှင့် Celtic Frost တီးဝိုင်းမှ Tom G. Warriorသည် အင်္ဂလိပ် hardcore punk တီးဝိုင်း Discharge Venom တီးဝိုင်းကဲ့သို့ အသိအမှတ်ပြုခဲ့သည်။ သူက Discharge ၏ record ကြားကြားချင်းတွင် ကျွန်တော်အဝေးကို လွင့်ထွက်ခဲ့သည်။ ဒိန်းမတ်တီးဝိုင်း Mercyful Fate တီးဝိုင်းသည် နော်ဝေးဖြစ်ရပ်တွင် စိတ်ကူးစိတ်သန်းနှင့် စာသားများ လွှမ်းမိုးခဲ့သည်။ ထိုတီးဝိုင်းမှ King Diamondသည် စင်ပေါ်တွင် လူသေအလောင်းများကဲ့သို့ ဝတ်ဆင်ခဲ့သည်။ Corpse paint ဟု ခေါ်သည်။ ထိုအဖြစ်အပျက်ထဲမှ လှုပ်ရှားမှုများတွင် Kreator, Sodomနှင့် Destruction, Bulldozerနှင့် Death SS (အီတလီ)တို့ပါဝင်သည်။

ပထမလှိုင်း၏အဆုံးသတ်

၁၉၈၇တွင် Metalion ၏ Slayer Fanzin ၏ ငါးခုမြောက်ဆောင်းပါးတွင် ရေးသားထားသည် မှာ black/satanic တီးဝိုင်းများသည် ပေါ်ပင်ဖြစ်လာခဲ့သည်။ ထိုထဲတွင် Incubusနှင့် Morbid Angel (အမေရိကန်), Sabbat (ဂရိတ်ဗြိတိန်)၊ Tormentor(ဟန်ဂေရီ), Sarcofago(ဘရားဇီး), Gotesque နှင့် Treblinka အစောပိုင်း Tiamat (ဆွီဒင်)တို့ပါဝင်သည်။ အခြားအစောပိုင်း black metal တီးဝိုင်းများတွင် Sabbat (၁၉၈၃တွင် ဂျပန်တွင် တည်ထောင်ခဲ့သည်)၊ Parabellum (ကိုလန်ဘီယာမှ ၁၉၈၃တွင် တည်ထောင်ခဲ့သည်)၊ Salem(၁၉၈၅တွင် Israel တွင် တည်ဆောက်ခဲ့သည်)၊ ဂျပန်တီးဝိုင်း Sigh သည် ၁၉၉၀တွင်တည်ထောင်ခဲ့သည်။ နော်ဝေးဖြစ်ရပ်မှ အဖွဲ့ဝင်များနှင့် ဆက်သွယ်ခဲ့သည်။ သူတို့၏ပွဲဦးထွက် album “Scorn Defeat” black metal ကမ္ဘာထဲတွင် အကောင်းဆုံးရေပန်းစား လာခဲ့သည်။ နော်ဝေးblack metalဖြစ်ရပ်မပေါ်ပေါက်ခင်နှစ်များတွင် အရေးပါသော recordingများသည် Root နှင့် Master’s Hammer (ဂျက်ကိုစလိုဗေကီးယား), Von( အမေရိကန်), Rotting Christ (Greece), Samael (ဆွစ်ဇာလန်)နှင့် Blasphemy (ကနေဒါ) သူတို့၏ Fallen Angel of Doom (၁၉၉၀)သည် war metal ပုံစံထဲမှ အရှိန်အဝါရှိသော မှတ်တမ်းထဲမှ တစ်ခုဖြစ်လာခဲ့သည်။ (war black metal(သို့) bestial black metalဟုလည်းသိကြသည်) နော်ဝေးတီးဝိုင်း Darkthrone တီးဝိုင်း album Ritual ပထမဆုံးနော်ဝေး black metal album ဖြစပြီး သူတို့သည် ဂျက်ကိုစလိုဗေကီးယားမှ ဖြစ်သည်။ ၁၉၉၀နှင့် ၁၉၉၁တွင် Northern European metallers တို့သည် ပထမဆုံးလှိုင်းထဲမှ ပါဝင်သော ထိုတီးဝိုင်းမှ လွှမ်းမိုးခဲ့သည့် ဂီတကို ထုတ်လွှတ်ခဲ့သည်။ ဆွီဒင်သည် Marduk, Dissection, Nifelheim နှင့် Abruptum တို့ပါဝင်သည်။ ဖင်လန်ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ပြီး ပထမလှိုင်း ထဲမှ black metal လွှမ်းမိုးမှုမှ death metal နှင့် grindcore မှအစိတ်အပိုင်းများရောနှောထားသည်။ Beherit, Arch goatနှင့် Impaled Nazarene တီးဝိုင်းတို့ပါသည်။ သူတို့၏ပွဲဦးထွက် album “Tol Cormpt Norz Norz Norz Rock Hard တွင် war metal ၏ အစိတ်အပိုင်းမှ တစ်ခုဖြစ်သည်ဟု ဂီတ သတင်းစာဆရာ Wolf-fudiger Mublmannဆိုသည်။ extreme metal ဝါသနာအိုးများကြားထဲတွင် death metalကျော်ကြားနေစဉ် Demoncy နှင့် Profunatica တီးဝိုင်းများသည် အမေရိကန်ပြည်နယ်တွင် ထိုအချိန်အတွင်းတွင် ပေါ်ထွက်လာခဲ့သည်။ နော်ဝေးတီးဝိုင်း Mayhem ၏ ဂီတဖျော်ဖြေပွဲကို Leipzig တွင် ၁၉၉၀တွင် ကျင်းပခဲ့သည်။ Live in Leipzigကို ထုတ်လွှတ်ခဲ့သည်။ အရှေ့ဂျာမနီဖြစ်ရပ်တွင် ပြင်းထန်စွာ လွှမ်းမိုးခဲ့သည်။ ဂျာမနီ black metal ၏ တရားမဝင်စတင်ခြင်းဟု ခေါ်သည်။

ဒုတိယလှိုင်း

Black metal ၏ ဒုတိယလှို်င်းသည် ၁၉၉၀အစောပို်င်းတွင် နော်ဝေး black metalဖြစ်ရပ်မှ ဦးဆောင်ခြင်းအားဖြင့် စတင်ခဲ့သည်။ ၁၉၉၀-၁၉၉၃အတောအတွင်း နော်ဝေးအနုပညာရှင်များသည် ဖျော်ဖြေတင်ဆက်ကြပြီး black metal ဂီတ၏အမျိုးအစားအသစ်ဖြစ်လာခဲ့သည်။ Darkthrone, Thorns, Gorgoroth, Carpathian Forest နှင့် Emperor စသော တီးဝိုင်းများပါရှိသည်။ သူတို့သည် ၁၉၈၀ပုံစံများကို ကွဲပြားသော အမျိုးအစားသို့ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ Stigma Diabolicum – Thorns နှင့် Mayhem မှ Oystein Euronymous Aarseth စရာဖြစ်သည်။ Darkthrone မှ Fenrizမှ ဖော်ပြသည်မှာ Bathory မှ ဆင်းသက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ဂရုပြုမိသည်မှာ ထို riffများသည် ၉၀မှ တီးဝိုင်းများ၏ အစီအစဉ်သစ်ဖြစ်လာခဲ့သည်။ corpse paint သည် စံနှုန်းဖြစ်လာခဲ့သည်။ black metal အနုပညာရှင်များသည် ခေတ်၏အခြားmetal တီးဝိုင်းများမှ သူတို့ကို ခွဲခြားသိသာနိုင်သောနည်းလမ်းတစ်ခုဖြစ်လာခဲ့သည်။ ဖြစ်ရပ်တွင် စိတ်ကူးစိတ်သန်းနှင့် ဓလေ့စရိုက် တို့လည်းပါရှိသည်။ အနုပညာရှင်များသည် ခရစ်ယာန်ဘာသာကို ဆန့်ကျင်ပြီး သူတို့ကိုသူတို့ မကောင်းဆိုဝါးကိုးကွယ်သူများအဖြစ်တင်ပြပြီး ထိတ်လန့်ခြင်း၊ အမုန်းတရားနှင့် ဆိုးယုတ်ခြင်းများကို ကျယ်ပြန့်စေခဲ့သည်။ သူတို့၏ဆင်ခြင်သုံးသပ်ချက်များကို အထင်အရှားကြေညာခဲ့ပြီး ဖျော်ဖြေတင်ဆက်ရန် သစ္စာဆိုကြသည်။ Emperor တီးဝိုင်းမှ Ihsahn သည် လူတွေကြားထဲတွင် ကြောက်လန့်ခြင်းကို ဖန်တီးခဲ့ပြီး လူအချင်းချင်းဆက်ဆံနေထိုင်ခြင်းကို ဆန့်ကျင်ခဲ့သည်ဟု ဆိုသည်။ အဖြစ်အပျက်များနှင့် ပေါင်းစပ်ခဲ့ကြသည်။ အဖြစ်အပျက်မှ အဖွဲ့ဝင်အချို့သည် ဘုရားရှိခိုးကျောင်းမီး လောင်ခြင်းနှင့် လူသတ်မှုများအတွက် တာဝန်ရှိလာကြသည်။ နောက်ဆုံးတွင် အာရုံစိုက်လာကြပြီး အနုပညာရှင်အများစု ထောင်ချခြင်းခံရသည်။

Helvete and Deathlike Silence

၁၉၉၁ မေမှဇွန်လအတောအတွင်းတွင် Mayhem မှ Euronymousသည် Helvete ဟုသော independent record ဆိုင်ကို Oslo တွင် ဖွင့်ခဲ့သည်။ နော်ဝေး black metal ဖြစ်ရပ်မှ ဗဟိုအချက် အဖြစ်လျင်မြန်စွာ ဖြစ်လာခဲ့သည်။ ထိုဂီတသမားအများစု၏ ဆွေးနွေးရာနေရာဖြစ်လာခဲ့သည်။ အထူးသဖြင့်Mayhem, Burzum, Emperorနှင့် Thorns တို့မှ အဖွဲ့ဝင်များဖြစ်လာသည်။ Jon Metalion Kristiansen သည် Helvete၏အစကို နော်ဝေး black metal ဖြစ်ရပ်တစ်ခုလုံး၏ဖန်တီးခြင်း ဟုပြောကြားခဲ့သည်။ Euronymous သည် independent record label တစ်ခုဖြစ်သော Deathlike Silence Productions ကို ထူထောင်ခဲ့သည်။ သူ၏တီးဝိုင်းကျော်ကြားလာသည်နှင့်အတူ Euronymous ၏ label ၏ underground အောင်မြင်မှုသည် အခြား record labelများကို အားပေးကူညီခဲ့သည်။ black metal ဖျော်ဖြေပွဲများကို ရှောင်ရှားခဲ့သည်။ ပြန်လည်စဉ်းစားဆင်ခြင်၍ ထုတ်လုပ်ခဲ့သည်။

Dead မိမိကိုယ့်ကိုသတ်သေမှု

၁၉၉၁ဧပြီ ၈ရက်နေ့တွင် Mayhem မှ အဆိုတော် Per Yngve Ohlin (သူကိုယ့်သူ Dead) အိမ်ထဲတွင် တစ်ယောက်တည်းနေစဉ်တွင် မိမိကိုယ်ကိုသတ်သေခဲ့သည်။ သူ၏ နောက်လိုက် ဂီတာသမားများသည် စိတ်ဓာတ်ကျလာခဲ့သည်။ Per Yngve Ohlinသည် သူကိုယ့်သူလူသေ အလောင်းကဲ့သို့ stage ပေါ်တွင် ပြင်ဆင်ခဲ့သည်။ သူ၏လက်မောင်းကိုလည်း သီချင်းဆိုဏဉ်တွင် လှီးခဲ့သည်။ Mayhem ၏ဒရမ်သမား Hellhammer က Dead သည်ထူးခြားသော Corpse paint ကို ပထမဆုံးဝတ်ဆင်ခဲ့ပြီး အဖြစ်အပျက်တွင် ပျံနှံခဲ့သည်။ Per Yngve Ohlin ၏လက်ကောက်ဝတ်နေရာတွင် အအက်အကွဲကို တွေ့ရှိခဲ့ပြီး ဦးခေါင်းပေါ်တွင် သေနတ်ဒဏ်ရာကို တွေ့ရှိခဲ့သည်။ Dead ၏သေတမ်းစာတွင် Excuse all the blood ဟုသော စာကို တွေ့ရှိရသည်။ ရဲကို မခေါ်ခင်တစ်ခါသုံး camera ကို ဝယ်ယူခဲ့ပြီး အလောင်းကို ဓာတ်ပုံရိုက်ခဲ့သည်။ ပြီးနောက် အချက်အလက်များကို စီစဉ်ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဓာတ်ပုံများထဲမှ တစ်ခုသည် live album: Daw of the Black Hearts၏ cover ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် Euronymousသည် Dead၏ဦးနှောက်ကို ဇလုံပြုတ်ခဲ့ပြီး အရိုးနဲ့ဆွဲကြိုးများပြု လုပ်ခဲ့သည်ဟု ကောလဟာလပျံနှံခဲ့သည်။ Euronymous သည် ထိုဆွဲကြိုးများကို ဂီတသမားများထံ တန်ဖိုးအဖြစ်ပေးအပ်ခဲ့သည်။ Extreme metalသည် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားလာခဲ့ သည်။ Mayhem ၏ဘေ့စ်ဂီတသမား Jorn Necrobutcher’ Stubberad သည် “အများပြည်သူများ သည် Dead သူ့ကိုယ့်သူသတ်သေခဲ့ပြီးနောက် အများပြည်သူများ black metalဖြစ်ရပ်ကို သိမြင်လာခဲ့ သည်။ ကျွန်တော်ထင်ပါတယ်။ Dead ၏သတ်သေမှုသည် အဖြစ်အပျက်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင် ခဲ့သည်။ အစောပိုင်းနော်ဝေးဖြစ်ရပ်တွင် ပါဝင်သော အဖွဲ့ဝင်နှစ်ယောက်သည် Erik ‘Grim’ Brodreskift (immortal), Borknagar, Gorgorothနှင့် Espern Storm Andersen (Strid) ၂၀၀၁တွင် သတ်သေခဲ့ကြသည်။

ဘုရားရှိခိုးကျောင်း မီးလောင်မှု

နော်ဝေးblack metalဖြစ်ရပ်တွင် ဂီတသမားများနှင့် ဝါသနာအိုးများနှင့် ဝါသနာအိုးများသည် ၁၉၉၂မှ ၁၉၉၆ခုနစ် နော်ဝေးတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၀ကျော်မီးရှို့မှုတွင် ပါဝင်ခဲ့ကြသည်။ အချို့အဆောက်အအုံများ နှစ်ရာပေါင်းများစွာ ကြာမြင့်ပြီး သမိုင်းနှင့်ဆိုင်သော နယ်နမိတ်မှတ်တိုင်ဖြစ် လာခဲ့သည်။ နော်ဝေးမှ ပထမဆုံးနှင့် သတိအပြုရဆုံး Fantoff stave ဘုရာရှိခိုးကျောင်းသည် Burzum တီးဝိုင်းမှ Varg Vikernes မီးရှို့ခဲ့သည်ဟု ရဲများက ယုံကြည်ခဲ့ကြသည်။ Burzum ၏ Ep album “Aske” သည် Fantoff Stave ဘုရားရှိခိုးကျောင်းပျက်ဆီးခံရပြီးနောက် ဓာတ်ပုံတစ်ပုံဖြစ်သည်။ ၁၉၉၄မေလတွင် သူသည် Holmenkollen သတင်းစာပုံနှိပ်တိုက်နှင့် Skjold ဘုရားရှိခိုးကျာင်းနှင့် Asane ဘုရားရှိခိုးကျောင်း မီးရှို့မှုတွင် အပြစ်ရှိကြောင်းတွေ့ရသည်။ Mayhem မှ De Mysteriis Dom Sathanas, Vikernes နှင့် Euronymous တို့၏အဆိုအရ Nidaros ဘုရားရှိခိုးကျောင်းကို ဗုံးထောင်ရန်ကြံစဉ်ခဲ့သူသည် တို်က်ဆိုင်ကြောင်း သိရသည်။ ဂီတသမား Faust, Samoth နှင့် Jorn Inge Tunsherg တို့အား ဘုရားရှိခိုးကျောင်းမီးရှို့မှုအတွက် စီရင်ချက်မှတ်ခဲ့သည်။ ဆွီဒင်ဖြစ်ရပ်မှ အဖွဲ့ဝင်များသည် ၁၉၉၃တွင် ဘုရားရှိခိုးကျောင်းများကို စတင်မီးရှို့ခဲ့သည်။ ထိုစီရင်ချက်အတွက် သံဝေဂမရဘဲ ခရစ်ယာန်ဘာသာကို ဆန့်ကျင်၍ နော်ဝေးတွင် တုံပြန်ပေးဆပ်ခြင်း သင်္ကေတကို ဖော်ပြခဲ့သည်။ Mayhem ဒရမ်မာ Hellhammer ပြောကြားသည်မှာ သူသည် ဗလီနှင့်ဟင်ဒူဘုရားရှိခိုးကျောင်းကို တိုက်ခိုက်ခြင်းအတွက် ခေါ်ခြင်းခံရသည်။ ယနေ့တွင် black metal အသိုင်းအဝိုင်းအပါအဝင်ဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့် ပတ်သက်၍ ကွဲပြားကြောင်းသိရသည်။ Infernus နှင့် Gaahlတို့သည် ဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့် ပတ်သက် ၍ ချီးမွန်းခဲ့ကြသည်။ ဒီထက် ပို၍ ဖြစ်သင့်ကြောင်းပြောကြားခဲ့သည်။ Mayhem မှ Manheim၊ Necrobutcher နှင့် Kjetilတို့ ဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့်ပတ်သက်၍ အချည်းနှီးဖြစ်ကြောင်းနှင့် မီးရှို့မှုများသည် လူထုကို black metal ဖြစ်ရပ်နှင့်အတူ လူထုသည် ကောင်းစွာလက်ခံရန်ကြိူးစားစေခဲ့သည်။ Watainမှ အဆိုရှင် Erik Danielsson သည် တိုက်ခိုက်မှုကို လေးစားစေခဲ့သည်။ သို့သော် အနိုင်ယူခြင်းသည် ခရစ်ယာန်ဘာသာ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်ဟုဆိုသည်။ အလွန်ကောင်းသောအစပိုင်းဖြစ် ဟုဆိုသည်။ အမှန်တရားပါပဲ။ Immotal တီးဝိုင်းမှ Abbath Doom Occulta ပြောကြားသည်မှာ ဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့် ပတ်သက်၍ မထောက်ခံဟုဆိုသည်။ ကျွန်တော်တို့သည် ဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့်ပတ်သက်၍ ကျွနု်ပ်တို့မပါဝင်ကြောင်း ပြောဆိုခဲ့သည်။ မင်းဘုရားရှိခိုးကျောင်းကို မီးရှို့ရင် အစိုးရက ပြန်ဆောက်ပါလိမ့်မည်။ မင်းသိမလား အစိုးရလေ ဆောက်လုပ်ဖို့ ကျူပ်တို့ငွေကိုယူနေပါတယ်။ ဒီလှုပ်ရှားမှုနှင့်ပတ်သက်၍ ငါတို့မပါဘူးဆိုတာ မင်းသိပါတယ်။ မင်းသိတယ်မလား နိုင်ငံရေးလေ ဒါတွေအားလုံးလခွီးပဲ” ဟုဆိုသည်။ Enslaved တီးဝိုင်းမှ Grutle Kjellson ကဘုရားရှိခိုးကျောင်းမီးရှို့မှုနှင့် ပတ်သက်၍ သူ၏အမြင်မှာ ဒါဟာ သင်္ကေတတစ်ခုပါပဲဟု ကျွန်တော်နားလည်ပါတယ်ဟုဆိုသည်။ ကြီးမားသမိုင်းကြောင်းဆိုင်ရာဆင်ခြင်သုံးသပ်ချက်ထဲက ကျွန်တော်ပြောတာ လက်စားချေခြင်း တစ်မျိုးပါပဲ။ ခရစ်ယာန်ဘာသာဟာ ဘာသာရေးသုံးသပ်ချက်ထဲက တစ်ခုပါပဲ။

Euronymous ၏ လူသတ်မှု

၁၉၉၃အစောပိုင်းတွင် Euronymousနှင့် Vikernes ကြားထဲတွင် မနာလိုမုန်းတီးမှုများ ပေါ်လာခဲ့သည်။ ၁၉၉၃ဩဂုတ်၁၀ရက်ညတွင် Varkg Vikernes (Burzum တီးဝိုင်း)နှင့် Snorre ‘Blackhorn’ Ruch (Thorns တီးဝိုင်း)တို့သည် Bergenမှ Osloမှ Euronymous ၏ တိုက်ခန်းသို့ မောင်းနှင်သွားခဲ့သည်။ သူတို့၏ရောက်ချိန်တွင် Vikenesသည် Euronymous ကို သေစေရန် ဓားနှင့် ထိုးနေသည်ကို တွေ့ခဲ့ရသည်။ အလောင်းကို တိုက်ခန်းအပြင်ဘက်တွင် တွေ့ရပြီး ဒဏ်ရာ ၂၃ချက်တွေ့ရသည်။ (ခေါင်းတွင် ၂ချက်၊ လည်ပင်းတွင် ၅ချက်နှင့် ကျောကုန်းတွင် ၁၇ချက်) လူသတ်မှုအပေါ်တွင် မှန်းဆရာတွင် ရုန်းကန်မှုများပါရှိခြင်နှင့် Burzum recordsအပေါ်တွင် ဘဏ္ဍာရေး အငြင်းပွားရာမှ ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။ Vikerneသည် ထိုဖြစ်ရပ်များကို ငြင်းဆိုခဲ့ပြီး သူသည် မိမိကိုယ်ကို ကာကွယ်ရာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သူက Euronymousသည် electroshock weapon ဖြင့် မူးမေ့စေရန်ကြိုတင်ကြံစည်ခဲ့ကြောင်းသိရသည်။ သူက Euronymous သည် သူကို အလစ်ချောင်းင်္်၍ တိုက်ခိုက်ရန် တွေ့ဆုံရန်စီစဉ်ခဲ့ကြောင်းသိရသည်။ Vikernes သည် Euronymousကို ဆွဲညှစ်ရန်ကြိုးစားခဲ့ကြောင်းသိရသည်။ သူကို ‘သူကိုလီးပဲ’ ဟုဆဲခဲ့ ပြီး Euronymous သည် အထိတ်တလန့်ဖြစ်သွားပြီး သူကို ပထမဆုံးတိုက်ခို်ကခဲ့ကြောင့် သိရသည်။ သူသည် ဖန်ကွဲစဖြင့် Euronymous ကို အချက်များစွာ ခုတ်ခဲ့ပြီးနောက် Euronymous သူလဲကျ သွား လူ့လွန်ရုန်းကန်နေသည်ကို တွေ့ရကြောင်းဆိုသည်။ ခုခံတိုက်ခိုက်ကာကွယ်ခြင်းမှာ သံသယရှိကြောင်း Faust က ဆိုသည်။ Vikernesသည် ၁၉၉၃ဩဂုတ်၁၉ရက်တွင် Bergen တွင် အဖမ်းခံရသည်။ ထိုအချိန်တွင် ဖြစ်ရပ်မှ အဖွဲ့ဝင်များသည် မေးခွန်းများမေးခဲ့ကြသည်။ သူတို့ထဲမှ တစ်ချို့သည် သူတို့၏ရာဇဝတ်မှုများ အတွက် ဖြောင့်ချက်ပေးကြသည်။ အခြားမှာ ရှုပ်ထွေးသည်။ ၁၉၉၄မေတွင် Vikernesသည် Euronymousကို သတ်မှု၊ ဘုရားရှိခိုးကျောင်း ၄ကျောင်းမီးရှို့မှုနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်း ၁၅၀kg ပိုင်ဆိုင်ဖြင့် ၂၁နှစ်ချမှတ်ခံခဲ့ရသည်။ (နော်ဝေးနိုင်ငံ၏အများဆုံးပြစ်ဒဏ်) မည်သို့ပင်ဆိုစေ နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ သူ၏အပြစ်ဒဏ်ခံရချိန်တွင် ဘုရားရှိခိုးကျောင်းနှစ်ကျောင်းမီးရှို့ခံခဲ့ရ သည်။ ထောက်ခံသည့် သင်္ကေတဖြစ်နိုင်ဖွယ်ရှိသည်။ Virkernes သည် မီဒီယာရှေ့တွင် ပြုံးပြခဲ့သည်။ Blackthorn သည် လူသတ်မှုကြံရာပါအဖြစ် ပြစ်ဒဏ်ရှစ်နှစ်အချခံရသည်။ ထိုလတွင် Mayhem ၏ album “De Mysteriis Doom Sathanas” ထွက်ရှိခဲ့ပြီး ထူးခြားချက်မှာ Euronymous ၏ဂီတာနှင့် Vikernes ၏ bass ဂီတာတို့ဖြင့်ထူးခြားသည်။ Euronymous ၏မိသားစုသည် Mayhem ၏ ဒရမ်မာ Hellhammer ကို Vikernes မှတ်တမ်းတင်ထားသော ဘေ့စ် track များကို ဖယ်ရန် ခိုင်းခဲ့သည်။ သို့ Hellhammer ပြောကြားသည်မှာ “လူသတ်သမားနှင့် အသတ်ခံရသူတို့ ဤမှတ်တမ်းတွင်ပါဝင်သည် မှာ သင့်လျော်တယ်လို့ကျွန်တော်ထင်ပါတယ်” ဟု ဆိုသည်။ ၂၀၀၃တွင် Vikernes Tonsberg prison တွင် အဖမ်းခံရသည်။ သူသည် ကွဲပြားသော လက်နက်များနှင့် ကားခိုးမှုကြောင့် အဖမ်းခံရသည်။ Vikernes သည် ၂၀၀၉တွင် parole ကို ဖြန့်ချိခဲ့သည်။

နော်ဝေးမှ ဒုတိယမြောက်လှိုင်း

Black metalဖြစ်ရပ်သည် ၁၉၉၀အစောပိုင်းအတာအတွင်းတွင် ဥရောပတိုက်မှ ပေါ်ထွက်လာ ခဲ့သည်။ ဖြစ်ရပ်သည် Graveland နှင့် Behemoth တို့ပိုလန်တွင်ဦးဆောင်နိုင်ခဲ့သည်။ ပြင်သစ်တွင် Les Legions Noires ဂီတသမားအုပ်စုများ ပေါ်ထွက်လာခဲ့သည်။ Mutiilation, Vlad Tepes, Belketreနှင့် Torgeist စသော အနုပညာရှင်များပါဝင်သည်။ ဘယ်ဂျီယံတွင် Ancient Ritesနှင့် Enthroned တို့ဖျော်ဖြေတင်ဆက်ကြသည်။ ထိုအချိန်အတွင်းတွင် အမေရိကန်တွင် Black Funeral, Grand Belial’s Keyနှင့် Judas Iscariot စသောတီးဝိုင်းများပေါ်ထွက်လာသည်။ အင်္ဂလန်တွင် သတိပြုစရာကောင်းသော black metal အုပ်စုမှာ Cradle of Filthဖြစ်ပြီး black/death metal ပုံစံ demo ၃ခုဖြန့်ချိခဲ့သည်။ studio album ထွက်လာခဲ့သည်။သမားရိုးကျ မဟုတ်သော blackနှင့် gothic metal hybrid ပုံစံဖြင့်ထူးခြားသည်။ နောက်ပိုင်းတွင်တီးဝိုင်း black metal ပုံစံကို စွန့်လွတ်ခဲ့ပြီး အအောင်မြင်ဆုံး extreme metal တီးဝိုင်းများမှအနက် တစ်ခုဖြစ်လာခဲ့သည်။ Allmusic မှ John Serba ကသူတို့၏ ပထမဆုံး album သည် black metalဖြစ်ရပ်တွင် လှိုင်းများထစေခဲ့သည်ဟုဆိုသည်။ အခြားအင်္ဂလန်တီးဝိုင်း Necropolis သည် မည်သည့်ဂီတမှ မထုတ်လွှတ်ခဲ့ပေ။ ဘုရားရှိခိုးကျောင်းများနှင့် သုသန်များကို ဆန့်ကျင်ခဲ့ပြီး black metal ကို ဗြိတိန်တွင် တားမြစ်ပိတ်ပင်ခဲ့သည်။ ဂျာမန် black metal ဖြစ်ရပ်နှင့်ပတ်သက်၍ Absurd သည် ငြင်းငုံခြင်းခံရသည်။ ၁၉၉၃တွင် အဖွဲ့ဝင်များသည် သူတို့၏ကျောင်းမှ Sandro Beyer အမည်ရသော ယောကျာ်းလေးကိုသတ်ခဲ့သည်။ Beyer၏ သချိုင်းကမ္ဗည်းကျောက်တိုင်ဓာတ်ပုံသည် သူတို့၏ demo coverထဲမှ တစ်ခုဖြစ်လာခဲ့သည်။ (Thuringian Pagan Madness) Graveland ဒရမ်သမား Capricornus သည် ထောင်ထဲတွင် မှတ်တမ်းတင်ခဲ့ပြီး ပိုလန်တွင်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ တီးဝိုင်း၏အစောပိုင်းဂီတသည် black metalထက် Oilနှင့် Rock Against Communism တို့လွှမ်းမိုးသည်။ ၆၀ garage punk ကို ဖော်ပြခဲ့ သည်။ Ungod ၏ ၁၉၉၃ပွဲဦးထွက် album Circle of the Seven Infernal Pacts, Desaster ၏၁၉၉၄ demo album “ Lost in the Ages, Tha- Norr၏ ၁၉၉၅ album “Wolfen Zeitalter, Lunar Aurora၏ ၁၉၉၆ ပွဲဦးထွက် album “ Weltenganger နှင့် Katharsis၏ album 666 တို့သည် ဂျာမနီဖြစ်ရပ်တွင် အရေးပါးဆုံးအဖြစ် ဂျာမန်တီးဝိုင်း Nagelfar မှ Alexander Von Meilenwald က ဆင်ခြင်သုံးသပ်ခဲ့သည်။

ဒုတိယမြောက်လှိုင်းပြီးနောက်

ဒုတိယမြောက်လှိုင်း၏ အစောပိုင်းတွင် ခြားနားသောဖြစ်ရပ်များသည် သူတို့၏ကိုယ်ပိုင်ပုံစံများ ကို ဖွံဖြိုးစေခဲ့သည်။ Alan ‘A.A Nemtheanga’ Averill ပြောကြားသည်မှာ မင်းမှာ Greek အသံနှင့် ဖင်လန်အသံနှင့် နော်ဝေးအသံများရှိပါတယ်။ ဒါတွေဟာ ဂျာမန်တီးဝိုင်းများနှင့် ဆွစ်တီးဝိုင်းများဖြစ်ပါတယ်။ ၁၉၉၀အလယ်တွင် နော်ဝေးဖြစ်ရပ်ပုံစံများကို ကမ္ဘာတစ်ဝန်းမှတီးဝိုင်းများ မွေးစားခဲ့သည်။ ၁၉၉၈တွင် သတင်းစာဆရာ Malcolm Domeက ပြောကြားသည်မှာ black metal သည် ၁၉၉၈တွင် အခြားနိုင်ငံများထက် နော်ဝေးနှင့် စကင်ဒီနေဗီးယားကို အကြွေးတင်ခဲ့သည်ဟုဆို သည်။black metalတီးဝိုင်းသစ်များသည် သူတို့၏ ထုတ်လုပ်မှုအရည်အသွေးစတင်မြှင့်ခဲ့ပြီး ပေါင်းစပ်တူရိယာများဖြစ်သော Synthesizers နှင့် orchestras များကို မိတ်ဆက်ခဲ့သည်။ ၁၉၉၀နောက်ပိုင်းတွင် undergroundက နော်ဝေးတီထွင်သူများမှာ Emperors, Immortal, Dimmu Borgir, Acient, Covenant/The Kovenant နှင့် Satyricon တို့ဖြစ်သည်ဟုမှတ်ယူခဲ့သည်။ mainstream မီဒီယာသို့ ရောင်းချခဲ့သည်။ Euronymous သေပြီးနောက် တီးဝိုင်းအချို့သည် viking metal နှင့် epic ပုံစံများဆီသို့ ဦးတည်ခဲ့သည်။ ၁၉၉၃ကတည်းက ဆွီဒင်ဖြစ်ရပ်သည့် ဘုရားရှိခိုးကျောင်းမီးရှို့မှုများနှင့် သချိုင်းများနှင့် အခြားအကြမ်းဖက်များကို သယ်ဆောင်လာခဲ့သည်။ ၁၉၉၅တွင် Dissection မှ Jon Nodtveidtသည် Misanthropic Luciferian Order (MLO) သို့ ဆက်သွယ်ခဲ့သည်။ ၁၉၉၇တွင် သူနှင့်အခြား MLO အဖွဲ့ဝင်များသည် ၃၇ခုနှစ်အရွယ်ယောကျာ်းကို ပစ်သတ်မှုဖြင့် တရားစွဲခံရသည်။ ထိုလူသည် လူနှစ် ယောက်ကို ဒုက္ခပေးသောကြောင့် အသတ်ခံရခြင်းဖြစ်သည်။ Nodtveidt ထောင်ဒဏ်ဆယ်နှစ်အချခံရ သည်။ Nodtveidtသည် ငြင်းဆိုခဲ့ပြီး လူခွဲခြားရေးဝါဒနှင့် နိုင်ငံချစ်စိတ်ကို ဖယ်ထုတ်ခဲ့သည်။ ဆွီဒင်တီး ဝိုင်း Shining ကို ၁၉၉၆တွင် တည်ထောင်ခဲ့သည်။ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ့်သတ်သေမှု အကြောင်းများကို စတင်ရေးဖွဲ့ခဲ့သည်။ Strid နှင့် Burzum၏ albumများဖြစ်သော Hvis Lyset tar ossနှင့် Filosofem တို့ဖြင့် လှုံဆော်လာခြင်းဖြစ်သည်။ အဆိုတော် Niklas Kvarforth သည် ပျက်စီးစေတတ်သော မိမိကိုယ့်ကို သတ်သေ စေသော စိတ်ကူးစိတ်သန်းများနှင့် စာသားများကို ပို၍ လိုချင်ခဲ့သည်။ အစပိုင်းတွင် သူ၏ဂီတတွင် Suicidal black metal ဟူသောစာသားကို ဝေါဟာရကို စတင်အသုံးပြုခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် ထိုဝေါဟာရအသုံးပြုခြင်းကို ၂၀၀၁တွင် ရပ်နားခဲ့ သည်။ အခြားတီးဝိုင်းများတစ်ပုံတစ်ခေါင်းစတင်အသုံးပြုလာကြသောကြောင့်ဖြစ်သည်။ ဂီတကို လက်နက်ထက်စာရင် ရောဂါကုထုံးကဲ့သို့ အသုံးပြုလာကြသည်။ သူကပြောကြားသည်မှာ Shinig ကို black metal တီးဝိုင်းဟုအခေါ်ဘဲ suicidal black metal ဟု ခေါ်ခဲ့သည်ဟု ဆိုသည်။ Erik Danielsoon ၏အဆိုအရ သူ၏တီးဝိုင်း Watain ကို ၁၉၉၈တွင် တည်ထောင်ခဲ့သည်။ black metal ကို သုံးသောတီးဝိုင်းအနည်းငယ်သာရှိခဲ့သည်။ ဆွီဒင်မျိုးဆက်သစ် ဆာတန်တီးဝိုင်းများ ဖြစ်သည့် Watain နှင့် Ondskapt တို့သည် Ofermod ကြောင့် စိတ်ဓာတ်တက်ကြွလာသည်ဟု သိရသည်။ black metal ၏ အင်အားပြည့်စုံခြင်းကြောင့် ဆွီဒင် black metal ဖြစ်ရပ်ပေါ်ထွက်လာ ခဲ့သည်။ ဆွီဒင် black metal တီးဝိုင်းများသည် လူ့ဘောင်ကို မုန်းတီးစက်ဆုပ်မှုနှင့် ဆာတန်အဖွဲ့များနှင့် ဆွီဒင်တွင် အခြေခံထားသည်။ Jon Nodtveidt သည် အဖွဲ့ဝင်သစ်များနှင့် Dissection တီးဝိုင်းကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သုံးခုမြောက် album “Reinkaos” ကို ဖြန့်ချိခဲ့သည်။ Album ထွက်ရှိပြီးနောက် Nodtveidt ကပြောကြားသည်မှာ” ကျွန်တော်ဂရုစိုက်တဲ့ ကျွန်တော်ဖော်ပြလိုသော ဂီတကန့်သတ်ချက်အထိရောက်တယ်” ဟုဆိုသည်။ Dissection တီးဝိုင်းကိုဖျက်သိမ်းခဲ့ပြီးနောက် မိမိကိုယ်ကိုသတ်သေခဲ့သည်။

Vikerneသည် black metalကို ပယ်ခဲ့သည်။ National Socialist black metal(NSBM) မြင့်တက်လာပြီး နော်ဝေး black metal လှုပ်ရှားမှု၏နိဂုံးဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အပိုင်းများသည် NSBM ကို ဆန့်ကျင်ခဲ့သည်။ NS BM ဖြစ်ရပ်မှ အဖွဲ့ဝင်သည် နော်ဝေးတီးဝိုင်းများကို poseur အဖြစ်ပြန်လာခဲ့သည်။ ပြင်သစ်တွင် Les Legions Noires အနီးတွင် NSBM ဖြစ်ရပ်ပေါ်ထွက်လာခဲ့သည်။ ပြင်သစ်တီးဝိုင်း Funeral မှ အဖွဲ့ဝင်များသည် ၁၉၉၆ဇွန်လတွင် Toulonမြို့ရှိသချိုင်းကို မတော်မလျော်ပြုလုပ်ခဲ့သည်။ ၁၉၉၆ခရစ်စမတ်နေ့တွင် ၁၉နှစ်အရွယ် black metal ဝါသနာရှင် Mulhouse တွင် ခရစ်ယာန်ဘုန်းကြီးတစ်ပါးတွင် ဓားနဲ့ထိုးသတ်ခဲ့သည်။ Deathspell Omegaနှင့် Aosoth ကဲ့သို့ တီးဝိုင်းများသည် အတွေးအမြင်သစ်ဖော်ဆောင်လာခဲ့သည်။ မညီညာသောအသံများ သည် ထိုဖြစ်ရပ်ကို ကိုယ်စားပြုခဲ့သည်။ ဩစတေးလျတွင် Destroyer 666, Vomitor, Hobb’s Angel of Death, Nocturnal Graves နှင့် Gospel of the Horns တီးဝိုင်းများ ဦးဆောင်သောအားဖြင့်ဖြစရပ် ဖြစ်ပေါ်စေခဲ့သည်။ ထိုဖြစ်ရပ်၏ပုံစံသည် Celtic Frost, Bathory, Venom နှင့် Sodom တို့လွှမ်းမိုးခဲ့သည့် old school black meta နှင့် raw thrash metal တို့ကို ရောနှောထားသည်။

အစောပိုင်း American black metal တီးဝိုင်းများသည် Underground တွင် ကျန်ရစ်ခဲ့သည်။ ထိုထဲတွင် Grand Belial’s Key နှင့် Judas Iscariot တို့သည် Pagan Front ဟုခေါ်သော international NSBM organizationသို့ ဆက်သွယ်ခဲ့သည်။ Xasthur Leviathan, Nachtmystium, Krallice, Woves in the Throne Room, Liturgy စသောတီးဝိုင်းများပေါ်ထွက်လာခဲ့သည်။ ထိုတီးဝိုင်းများ black metal၏ စာသားများကို ရှောင်ပြီး post-rockနှင့် shoegazing တို့ကို ဖန်တီးခဲ့ကြသည်။ Melechesh တီးဝိုင်းသည် သူတို့၏ ၁၉၉၆ EP “ The Siege of Lachish” album တွင် folk metal ထဲသို့ black metalကို ပေါင်းစပ်ခဲ့သည်။ သူတို့၏နောက်ပိုင်း album များတွင် black, death, နှင့် thrash metal တို့ကြားရှိ ကန့်သတ်ချက်များထဲမှ ဖန်တီးခဲ့ကြသည်။ Arallu တီးဝိုင်းကို ၁၉၉၀ နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ Aralllu နှင့် Melechesh တို့သည် သူတို့၏ပုံစံကို “Mesopotamian Black Metal” ဟုဖော်ပြခဲ့သည်။ black metalနှင့် Mesopotamian Folk ဂီတနှင့် ရောစပ်ထားခြင်းဖြစ်သည်။

၂၀၀၀ခုနှစ်စကတည်းက အရှေ့အလယ်ပိုင်းတွင် မူစလင်နောက်ခံမှ anti-Islamicနှင့် anti-religious black metal တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ Janazaတီးဝိုင်းကို အီရတ်နိုင်ငံ၏ပထမဆုံး အမျိုးသမီး black metal တီးဝိုင်းဟု ယုံကြည်သည်။ ၂၀၁၀တွင် Burnig Quran Ceremony album ထွက်ရှိလာခဲ့သည်။ တီးဝိုင်းခေါင်းဆောင် Anahita ပြောကြားခဲ့သည်မှာ “သူ၏မိဘများနှင့် အစ်ကိုသည် အီရတ်စစ်ပွဲတွင် Suicide Bomb ကြောင့် အသတ်ခံရသည်။ အခြားတီးဝိုင်းအီရတ်တီးဝိုင်း Seeds of Iblis သည် ပြင်သစ် label Legion of Death တွင် Jihad Against Islam ကိုဖြန်ချီခဲ့သည်။ Tadness (ဆော်ဒီအာရေဗီးယား), False Allah(ဘာရိန်း)နှင့် Mosque of Satan (လက်ဘနွန်) တီးဝိုင်းများသည် သူတို့၏ပုံစံကို “Arabic Anti-Islamic Legion” ဟု ဖော်ပြခဲ့သည်။ အခြားလက်ဘနွန်တီးဝိုင်း Ayat သည် ၂၀၀၈ခုနှစ်တွင် မြောက်အမေရိကန် label Moribund Record တွင် Six Years of Dormant Hatred ကို ဖြန့်ချိခဲ့သည်။

ကျမ်းကိုး

  1. Into the void: Stylus Magazine's Beginner's Guide to Metal - Article - Stylus Magazine Stylus Magazine။ 17 May 2010 တွင် ပြန်စစ်ပြီး။
  2. Weisbard, Eric, ed. (2012)။ Pop When the World Falls Apart: Music in the Shadow of Doubt။ Duke University Press။ p. 279။ ISBN 0822351080
  3. Phillips, William and Cogan, Brian (2009)။ Encyclopedia of heavy metal music။ Greenwood Press။ pp. 109, 234။ ISBN 0313348006CS1 maint: multiple names: authors list (link)
  4. Vattnet Viskar’s Settler Has Nearly Arrived Home MetalSucks] (12 June 2015)။ 25 August 2015 တွင် ပြန်စစ်ပြီး။
  5. Dick, Jonathan K. (18 June 2015)။ False - Untitled Pitchfork Media။ 25 August 2015 တွင် ပြန်စစ်ပြီး။
  6. O'Hagar, Sammy (November 8, 2012)။ Von's Satanic Blood: Black Black Black Black No. 1 MetalSucks။ May 8, 2013 တွင် ပြန်စစ်ပြီး။
  7. Rivadavia, Eduardo။ ((( I.N.R.I. > Overview ))) allmusic.com 2007-12-18 တွင် ပြန်စစ်ပြီး။
  8. Freeman၊ Channing (18 January 2013)။ Album Review - Darkthrone: A Blaze in the Northern Sky Sputnikmusic။ 22 January 2013 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.