Celtic metal

Celtic Metal သည် folk metal ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၉၀ ခုနှစ်များအတွင်း အိုင်ယာလန်နိုင်ငံတွင် ဖွံ့ဖြိုးလာခဲ့သည်။ ဤအမျိုးအစားသည် heavy metal နှင့် celtic ဂီတတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤအမျိုးအစားကို တီထွင်ခဲ့သည်မှာ အိုင်ယာလန်တီးဝိုင်း Cruachan, Primordial နှင့် Waylander တို့ဖြစ်သည်။ ဤအမျိုးအစားသည် အိုင်ယာလန်ကမ်းခြေမှ ကျယ်ပြန့်လာခဲ့ပြီး ယနေ့တွင် အခြားနိုင်ငံတော်တော်များများတွင် တီးဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်နေကြပြီဖြစ်သည်။

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

သမိုင်းကြောင်း

Celtic metal ၏ မူရင်းဇစ်မြစ်ကို အစောပိုင်း folk metal တွင် လိုက်ရှာနိုင်ပါသည်။ အင်္ဂလန်တီးဝိုင်း Skyclad ၏ အသစ်သစ်ရှာဖွေထားသော ပထမဆုံး album The Wayward Sons of Mother Earth ကို ၁၉၉၀တွင် ထုတ်ဝေခဲ့သည်။[1] ထို album တွင်ပါဝင်သော "The Widdershins Jig" သည် Metal နယ်ပယ်တွင် ချီးကျူးခံရသော သီချင်းတစ်ပုဒ်ဖြစ်သည်။[2]

Skyclad နှင့် Horslips ၏ဂီတတို့ လှုံဆော်မှုကြောင့် Keith Fay သည် black metal နှင့် အိုင်ယာလန်မှ folk ဂီတကို ပေါင်းစပ်ရန် အဖွဲ့အစည်း ဖွဲ့စည်းခဲ့သည်။[3] သူသည် အိုင်ယာလန် တီးဝိုင်း Cruachan ကို ၁၉၉၂ တွင် ဖွဲ့စည်းခဲ့ပြီး demo recording ကို ၁၉၉၃ တွင် ထုတ်ခဲ့သည်။[4] Waylander ကဲ့သို့ Keith Fay သည် အိုင်ယာလန် rock တီးဝိုင်း Horslips ကို "Cruachan" အပေါ်တွင် ကြီးမားသော လွှမ်းမိုးမှု ဟု အသိအမှတ်ပြုခဲ့သည်။ ဒီထက်ပို၍ ဂရုပြုမိသည်။ ၁၉၇၀ ခုနှစ်များမှာ သူတို့တွေ ဘာလုပ်ခဲ့တယ် ကျွန်တော်တို့ အခု ဘာလုပ်နေတယ်ဆိုတာနဲ့ အတူတူပါပဲ။[3] Cruachan ၏ ပထမဆုံး album "Tuatha Na Gael" ကို ၁၉၉၅ တွင် ထုတ်ခဲ့သည်။ တီးဝိုင်းသည် ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။ လူတိုင်း၏ ကျယ်ပြန့်အောင် ကြိုးစားမှု အကောင်းဆုံးရှိခဲ့ပါသည်။ Celtic ဂီတထဲတွင် တိကျစွာ အာရုံစိုက်မှုနှင့်အတူ သူတို့၏စာသားထဲတွင် celtic ဒဏ္ဍာရီတည်ရှိနေဆဲပါပဲ။ folk metal ၏ Cruachan ၏ ပုံစံသည် ယနေ့လူသိများသော celtic metal ဖြစ်သည်။[5]

Cruachan နှင့် မျဉ်းပြိုင် black metal တီးဝိုင်း Primordial သည်လည်း သူတို့၏ demo recording ကို ၁၉၉၃ တွင် ထုတ်ခဲ့သည်။ Second-wave black metal လှုပ်ရှားမှုနှင့် သူတို့၏ရှေ့တော်ပြေးအဖြစ် ထိပ်ဆုံးမှ တွေ့ရသည်။[6]

၁၉၉၃ တွင် Waylander ၏ ဖွဲ့စည်းခြင်းကို တွေ့မြင်ရသည်။[7] အဆိုရှင် Ciaran O’ Hagan နှင့်အတူ အုပ်စုရင်ဆိုင်နိုင်ခဲ့သည်။ ၁၉၉၅ တွင် demo recording ကို ထုတ်လွင့်ခဲသည်။ ပွဲဦးထွက်album "Reawakening Pride Once Lost" သည် ၁၉၉၈ တွင် လူသိထင်ရှားခဲ့သည်။ O’ Hagan သည် Primordial, Cruachan နှင့် Waylander တို့ကို တစ်နှစ်၏ အနည်းငယ်အတွင်း ခုန်တက်လာခဲ့ခြင်း တစ်ထပ်တည်း ကျသိကို ဂရုပြုမိသည်။ အခြားအိုင်ယာလန်မှ celtic metal သို့ ပေါ်ထွက်လာသည့် တီးဝိုင်းမှာ Geasa နှင့်[5] Mael Mordha[8] တို့ ဖြစ်သည်။

ထောင်စုနှစ်မကုန်လွန်ခဲ့ကတည်းက ဤအမျိုးအစားသည် ကျယ်ပြန့်လာခဲ့သည်။ အိုင်ယာလန်ကမ်းခြေကို ကျော်လွန်ပြီး တီးဝိုင်းများကို ယနေ့ခေတ်တွင် celtic metal ထဲတွင် တွေ့ရှိရသည်။ ဆွစ်ဇာလန်မှ Eluveitie၊ စပိန်မှ Magode Oz၊ ဂျာမနီမှ Suidakraနှင့် အာဂျင်တီးနားမှ Skiltron တို့ပါဝင်သည်။[9] ဤအမျိုးအစားသည် အိုင်ယာလန်မှ စတင်ခဲ့သော်လည်း celtic metal သည် အိုင်ယာလန်တွင် လူကြိုက်မများချေ။ Waylander မှ Ciaran O’ Hagan က အိုင်ယာလန်၏ အကြီးမားဆုံးတီးဝိုင်းအရောင်းစာရင်းနှင့် နိုင်ငံတကာဆောင်းပါးထဲတွင် Primordial ပါဝင်သည်ကို ဂရုပြုမိပြီး သူတို့ရဲ့နိုင်ငံတွင် ချပ်ရေ ၅၀၀ ကျော်ရောင်းနိုင်ခြင်း က ကံကောင်းပါတယ်။[8]

ဝိသေသလက္ခဏာများ

Folk metal ၏မိခင်အမျိုးအစားနှင့်ဆင်တူ celtic metal ၏ဂီတသည် ကွဲပြားသော တီးဝိုင်းများစွာနှင့်အတူ heavy metal ဂီတ၏မျိုးခွဲများကို လေ့လာလိုက်စားသည်။ Suidakra ply သည် black (သို့) death metal တို့၏ ပြင်းထန်သော မျိုးခွဲများရောင်းဝယ်ဖောက်ကားစဉ်တွင် Mago de Oz ကဲ့သို့အုပ်စုနှင့် Skiltron traditional (သို့) power metal sound များကို နှစ်သက်ကြသည်။[9] အများနှင့်ဆိုင်သော အစိတ်အပိုင်းမှာ celtic ဂီတကို heavy metal တွင် ပေါင်းထည့်ခြင်းဖြစ်သည်။

ဤအမျိုးအစားထဲရှိ တီးဝိုင်းအများဆုံးသည် folk instrument များကို အသုံးပြုခြင်းနှင့်အတူ သူတို့၏ sound တိုးမြှင့်ကြသည်။ Bagpipe သည် Skiltron တီးတို့သုံးလေ့ရှိသည်။ Fiddle ကို Mago de Oz[10] နှင့် Eluveitie[11] တို့သုံးလေ့ရှိသည်။ Tin Whistle နှင့် Flute တို့ Cruachan,[4] Waylander[7] နှင့် Eluveitie တို့တွင် တွေ့နိုင်သည်။[11] ဤအမျိုးအစား၏ အိုင်ယာလန်တီးဝိုင်းတို့၏ native instrument များမှာ uilleann pipe နှင့် bodhran တို့ဖြစ်သည်။

ကိုးကား

  1. Rivadavia, Eduardo။ AMG The Wayward Sons of Mother Earth Review AllMusic။ 10 March 2008 တွင် ပြန်စစ်ပြီး။
  2. Sharpe-Young, Garry။ MusicMight Skyclad Biography MusicMight။ 14 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2008 တွင် ပြန်စစ်ပြီး။
  3. Bolther, Giancarlo။ Interview with Keith Fay of Cruachan Rock-impressions.com။ 10 March 2008 တွင် ပြန်စစ်ပြီး။
  4. Sharpe-Young, Garry။ MusicMight Cruachan Biography MusicMight။ 23 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2008 တွင် ပြန်စစ်ပြီး။
  5. Bowar, Chad။ What Is Heavy Metal? About.com။ 11 March 2008 တွင် ပြန်စစ်ပြီး။
  6. Monger, James Christopher။ AMG Primordial AllMusic။ 12 March 2008 တွင် ပြန်စစ်ပြီး။
  7. Sharpe-Young, Garry။ MusicMight Waylander MusicMight။ 15 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2008 တွင် ပြန်စစ်ပြီး။
  8. Dicks, Britton။ Interview with Ciaran O'Hagan of Waylander Metalcoven.com။ 20 March 2008 တွင် ပြန်စစ်ပြီး။
  9. Bowar, Chad။ Caledonia Review About.com။ 13 March 2008 တွင် ပြန်စစ်ပြီး။
  10. Sharpe-Young, Garry။ MusicMight Mägo de Oz MusicMight။ 18 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2008 တွင် ပြန်စစ်ပြီး။
  11. Sharpe-Young, Garry။ MusicMight Eluveitie MusicMight။ 17 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2008 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.