Goregrind

Goregrind သည် Grindcore နှင့် Death metal တို့၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ ဗြိတိန်တီးဝိုင်း Carcass သည် ဤအမျိုးအစားပေါ်ထွက်လာခြင်းကို မှတ်တမ်းတင်ခဲ့သည်။ goregrind သည် ရေထဲတွင် သီဆိုသောအသံကဲ့သို့ အဆိုပုံစံများပါရှိသည်။

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

သမိုင်းကြောင်း

Repulsion ၏ Horrified နှင့် Impetigo ၏ Ultimo Mondo Cannibale တို့ ထိတွေ့ခဲ့သော်လည်း အမျိုးအစား၏မူရင်းမှာ ဗြိတိန်တီးဝိုင်း Carcass နှင့်အတူ တည်ရှိသည်။ သူတို့သည် ၁၉၈၀နောက်ပိုင်းတွင် စတင်ခဲ့သည်။ သူတို့၏ “Reek of Putrefaction” album တွင် pitch shift recording နည်းပညာများကို အသုံးပြုထားသည်။ hardcore punk နှင့် grindcore ဖြစ်ရပ်များမှ left-wing နိုင်ငံရေးအကြောင်းများကို ရေးဖွဲ့ထားသည်။

ဝိသေသလက္ခဏာများ

Matthew Harvey အဆိုအရ goregrind ဂီတ၏ ဝိသေသလက္ခဏာများ pitch-shift နည်းပညာများနှင့်နိမ့်သောအဆိုပုံစံများနှင့် အလွန်မြန်သော tempoများပါဝင်သည်။ Zero Tolerance မဂ္ဂဇင်းမှ ဖော်ပြထားသည်မှာ detuned guitar များ၊ blasting drum များ ကြီးမားလေးလံသော distorted vocalများပါဝင်သည်။ သူတို့စာသားအကြောင်းအရာများမှာ gore, forensic pathology, သေခြင်းတရားနှင့် မုဒိမ်းအကြောင်းအရာများ ပါဝင်သည်။ စာသားများ z movie နှင့် horror movie ကဲ့သို့ အကြောင်းအရာများပါဝင်သည်။ ပိုလန် goregrind တီးဝိုင်း Dead Infection မှ ဒရမ်သမား Cyjan ပြောဆိုသည်မှာ grindcore နှင့် goregrind တို့ကြားထဲတွင် ကွဲပြားမှုမရှိပါဘူး။ လူမှုရေးနှင့် နိုင်ငံရေးအရ ဆက်စပ်နေသည် ဟုဆိုသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.