ကလွင်ရွာ၊ မြိတ်မြို့နယ်

ကလွင်ရွာ(အင်္ဂလိပ်: Kalwin)သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်မြိတ်မြို့နယ်ကလွင်ကျေးရွာအုပ်စု (Ka Lwin)၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177461 ဖြစ်သည်။ ကလွင်၊ စန္ဒဝတ်တာ အပိုင်း(က) အရှည်ပေ ၃၂၀၀၀ ရှိ ရေငန်တားတာ ဖြစ်ကာ၊ လယ်ဧက ၉၈၃ ကို အကျိုးပြုသည်။ အပိုင်း(ခ)မှာ ပေ ၁၃၀၀၀ ရှည်၍ ၅၃၆ ဧကကို အကျိုးပြုသည်။ အပိုင်း(ဃ)မှာ ပေ ၁၆၁၅၀ ရှည်ကာ၊ လယ် ၁၈၈၆ ဧကကို အကျိုးပြုသည်။ ကျန်သုံးတာကဲ့သို့ သမုတ်မြစ်တွင် တမံတုတ်ထားခြင်း မဟုတ်ဘဲ၊ အပိုင်း(ဂ) ရေငန်းတားတာသည် ကျောက်ဖျာမြစ်တွင် တုတ်ထားပြီး ပေ ၅၃၀၀ ရှည်သည်။ လယ်ဧက ၄၁၅ ကို အကျိုးပြုသည်။ ပါဝါပွိုင့် အပန်းဖြေနေရာ ရှိသည်။ မြိတ်တက္ကသိုလ်သည် ၈၅ ဧက ကျယ် မြေပေါ်တွင် တည်ရှိပြီး၊ ဆရာ/မ ၁၈၀ ကျော်၊ ကျောင်းသား/သူ ၄၄၀၀ ကျော် တက်ရောက်နိုင်သည်။ မြေ ၂ ဧက ကျယ် အလကခွဲ (ကလွင်)တွင် ကျောင်းသား/သူ ၆၀၀ ကျော်၊ ဆရာ/မ ၂၀ နီးပါး ရှိသည်။ ကလွင်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလည်း ရှိသည်။ သံသရာအေး ဘကကျောင်း ရှိသည်။ ပေါ်တော်မူစေတီသည် ဂေါက်ကွင်းထဲတွင် တည်ထားသည်။ ၁၈ တောင် ရပ်တော်မူဘုရား၊ နဂါးရုံဘုရားတို့သည် ဤကျေးရွာအုပ်စု၌ ရှိသည်။ ကလွင်ကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၄၅၀၅ ရှိပြီး၊ လူဦးရေစုစုပေါင်း ၂၃၃၅၆ ဦးနေထိုင်သည်။ [1] [2]

ကလွင်
ရွာ
ကလွင်ရွာ
ကလွင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 12°28′22″N 98°37′33″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်မြိတ်မြို့နယ်
ကျေးရွာအုပ်စုကလွင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.