ပသောင်းရွာ၊ မြိတ်မြို့နယ်

ပသောင်းရွာ(အင်္ဂလိပ်: Pathaung)သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်မြိတ်မြို့နယ်ပသောင်းကျေးရွာအုပ်စု (Pa Thaung)၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177506 ဖြစ်သည်။ အရှည် ၈၁၀ ပေ ရှိ ပသောင်းတံတားသည် သံမဏိသံဘောင်နှင့် အာစီစီယက်မ ဖြင့် ၂၀၀၀-၀၁ တွင် တည်ဆောက်ထားပြီး၊ ကားသွားလာနိုင်သည်။ ကျောင်းသား ၇၀၀ ကျော်၊ ဆရာ/မ ၂၀ ကျော်ရှိ အထက(ခွဲ) ရှိသည်။ ပသောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ နာမည်ကျော် ရွှေရင်းတောင်ဘုရား ရှိသည်။ ပသောင်း​ကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၈၇၂ ရှိပြီး၊ လူဦးရေစုစုပေါင်း ၄၄၃၆ ဦး ရှိသည်။ [1] [2]

ပသောင်း
ရွာ
ပသောင်းရွာ
ပသောင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 12°21′03″N 98°47′02″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်မြိတ်မြို့နယ်
ကျေးရွာအုပ်စုပသောင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.