ခနောက်စိမ်း

အန်တီမိုနီ (ခေါ်) ခနောက်စိမ်း စစ်စစ်သည် သာမန်အားဖြင့် ငွေကဲ့သို့ ဖြူပြာပြာအဆင်းရှိပြီးလျှင် မာ၍ ကြွပ်ဆပ်သော သတ္တုတစ်မျိုးဖြစ်သည်။ ခနောက်စိမ်း သတ္တုသန့်သန့်မှာ များစွာအသုံးမဝင်လှပေ။ သို့သော်အခြားပစ္စည်းများနှင့် ရောစပ်၍ သတ္တုစပ်ဖြစ်လာသောအခါ စက်မှုလုပ်ငန်းများတွင် အလွန် အသုံးဝင်လာသည်။

ခနောက်စိမ်း,  51Sb
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတခနောက်စိမ်း, Sb
အသံထွက်UK: /ˈæntɪməni/, AN-ti-mə-nee
US: /ˈæntɪmni/, AN-ti-moh-nee
အဆင်းsilvery lustrous gray
ဒြပ်စင်အလှည့်ကျဇယားရှိ ခနောက်စိမ်း
As

Sb

Bi
သွပ်ခနောက်စိမ်းတယ်လူရီယမ်
အက်တမ် အမှတ်စဉ် (Z)51
အုပ်စုဘလော့group 15 (pnictogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 5
ဒြပ်စင် ကဏ္ဍ  metalloid
စံ အက်တောမစ် အလေးချိန် (±) (Ar)121.760(1)[1]
အီလက်ထရွန် ပြုပြင်မှု[Kr] 4d10 5s2 5p3
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18, 5
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်903.78 K (630.63 °C, 1167.13 °F)
အရည်ဆူမှတ်1908 K (1635 °C, 2975 °F)
သိပ်သည်းမှု (အခန်းအပူချိန်)6.697 g/cm3
6.53 g/cm3
ဖျူးရှင်းအပူ19.79 kJ/mol
အငွေ့ပျံခြင်း အပူ193.43 kJ/mol
မိုလာ အပူအင်အား25.23 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 807 876 1011 1219 1491 1858
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ5, 4, 3, 2, 1, −1, −2, −3 (an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.05
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 834 kJ/mol
2nd: 1594.9 kJ/mol
3rd: 2440 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 140 pm
ကိုဗေးလန့်အချင်းဝက်139±5 pm
ဗန်ဒါဝေါ့စ် အချင်းဝက်206 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ rhombohedral
အသံ၏အမြန်နှုန်း 3420 m/s (at 20 °C)
အပူ ပြန့်ကားမှု11 µm/(m·K) (at 25 °C)
အပူစီးကူးမှု24.4 W/(m·K)
လျှပ်စစ် ခုခံမှု417 nΩ·m (at 20 °C)
သံလိုက်ဓာတ်diamagnetic[2]
သံလိုက် ထိတွေ့နိုင်မှု (χmol)99.0·10−6 cm3/mol[3]
Young's modulus55 GPa
Shear modulus20 GPa
Bulk modulus42 GPa
Mohs hardness3.0
Brinell hardness294–384 MPa
CAS Number7440-36-0
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှု3000 BC
ပထမဆုံး ခွဲထုတ်မှုVannoccio Biringuccio (1540)
Most stable isotopes of ခနောက်စိမ်း
iso NA သက်တမ်းဝက် DM DE (MeV) DP
121Sb 57.21% is stable with 70 neutrons
123Sb 42.79% is stable with 72 neutrons
125Sb syn 2.7582 y β 0.767 125Te

ဤသတ္တု၏ ထူးခြားချက်တစ်ရပ်မှာ အရည်ကျို၍ အအေးခံလိုက်သောအခါ ပြန့်ကားလာတတ်ခြင်း ဖြစ်၏။ ဤသတ္တိရှိခြင်းကြောင့် ခနောက်စိမ်း သတ္တုစပ်သည် ပုံနှိပ်ခဲစာလုံးများ ပုံသွန်းရာတွင် ထင်ရှားပီသသောစာလုံးများကို ရရှိပေသည်။ ပုံနှိပ်စာလုံးများကို များသောအားဖြင့် ခဲနှင့် ခနောက်စိမ်း စပ်ထားသော သတ္တုစပ်ဖြင့် ပြုလုပ်ကြသည်။ တစ်ခါတစ်ရံ အထက်ပါသတ္တုစပ်တွင် သံဖြူနှင့် ကြွပ်(ဘစ်စမတ်)တို့ကိုပါ အနည်းငယ်ထည့်၍ ရောစပ်တတ်သည်။ ထိုသတ္တုစပ်မှာ မာသည့်အတွက် ထိုသတ္တုစပ်ဖြင့် ပြုလုပ်ထားသော ခဲစာလုံးများကို ကြာရှည်စွာ အသုံးပြုနိုင်၏။

တစ်ကမ္ဘာလုံးမှ ထွက်သမျှခနောက်စိမ်း သတ္တုရိုင်းများ အနက် ရာခိုင်နှုန်း ၈ဝ ခန့်ကို တရုတ်နိုင်ငံ ဟူနန်နယ်မှ တူးဖော်ရရှိသည်။ ပြင်သစ်၊ အာရှမိုင်းနား၊ ချက်၊ ဆလို ဗားကီးယား၊ ဘိုလီးဗီးယားနှင့် မက္ကဆီကိုနိုင်ငံမှလည်း ထို သတ္တုရိုင်းကို တူးဖော်ရရှိသည်။ ခနောက်စိမ်းကို အထူးသဖြင့် စတစ်ဗနိုက်(ကန့်ဝင် ခနောက်စိမ်း)ခေါ် သတ္တုရိုင်းဖြစ်သော အန်တီမိုနီ ဆာလဖိုက်(ဒ)မှ ထုတ်ယူရရှိ၏။ ဤ စတစ်ဗနိုက် ခေါ် အန်တီမိုနီ သတ္တုရိုင်းအမဲကို ရှေးအခါက အမျိုးသမီးများသည် မျက်ခုံးနှင့် မျက်တောင်ဆိုးဆေး ပြုလုပ်ရာ၌ အသုံးပြုခဲ့လေသည်။ အန်တီမိုနီအနီကို နီလွင်သော ဆီဆေးနှင့် အရောင် ဆေးများအပြင် မီးခြစ်နှင့် မီးရှူး မီးပန်းများပြုလုပ်ရာတွင် အသုံးပြုလျက် ရှိကြသည်။ စတစ်ဗနိုက်ကို ဥရောပအလယ်ပိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် အများအပြား တူးဖော်ရရှိ၍၊ အမေရိကန်ပြည်ထောင်စုတွင် ပါဝင်သော အလာစကာ၊ နီးဗားဒါး နှင့် ကယ်လီဖိုးနီးယား ပြည်နယ်များတွင်လည်း ထပ်မံတွေ့ရှိသည်။ ခနောက်စိမ်း ဓာတ်ဆားများသည် အလွန် အဆိပ်ပြင်းထန်၍၊ ထိုအဆိပ်များသည် စိန်သတ္တု (Arsenic) ပါဝင်သော ဓာတ်ဆားများရှိ အဆိပ်နှင့် ဆင်တူပေသည်။ [4]

ခနောက်စိမ်းကို ကျိုက္ခမီခရိုင်၊ မော်လမြိုင် တောင်ဖက်၊ ကလယ်ကြောင်ရွာအနီး၊ သံဖြူဇရပ် အရှေ့မြောက် ဖောင်းစိန်ရွာအနီး၊ ဇင်းကျိုက်အရှေ့ ကဒိုက်အနီး၊ သာစည်ရွှေညောင် မီးရထားလမ်း လယ်ပြင်ဒေသတစ်ဝိုက်နှင့် ကယားပြည်နယ်တို့တွင် တွေ့ရှိနိုင်သည်။ [5]

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  4. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂
  5. လှသမိန် ၏ ဗဟုသုတစွယ်စုံ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.