စနေမင်း

မာန်အောင်ရတနာစေတီ ဒါယကာ စနေမင်း(၁၆၉၈-၁၇၁၄) နန်းတက်လျှင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာထားသည်။ သို့သော်သားတော် (တနင်္ဂနွေမင်းဖြစ်မည့်သူ) မွေးပြီးနောက်တွင် စိတ်ထားပြောင်းကာ ညီတော်အစား သားတော်ကို နန်းလျာထားရန် ကြံသည်။ ထိုမင်းလက်ထက်တွင် သံဃာထုအတွင်း အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဟုနှစ်ဖက် အငြင်းပွားသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ပြင် ဇင်းမယ်၊ရခိုင်၊ကျိုင်းတုံ တို့မှ မလေးမခန့်ဖြစ်လာခဲ့သည်။သားတော်အသက် ၁၉နှစ်တွင် ညီတော်ကို ပုဂံသို့ ပြန်စေပြီး သားတော်အားအိမ်ရှေ့အရာပေးကာ “ဘုန်းကြီးသောအရှင်” ဟုခေါ်ဝေါ်စေသည်။ သို့ဖြင့် စနေမင်းနတ်ရွာစံလျှင် သားတော် တနင်္ဂနွေမင်း နန်းတက်သည်။


ရည်ညွှန်းကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.