ထားဝယ် လေဆိပ်
ထားဝယ်လေဆိပ် သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တည်ရှိသည်။ လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈၄ ပေ (၂၆ မီတာ)တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ ကွန်ကရစ်အမျိုးအစားဖြစ်ကာ ၂၁၃၅ မီတာရှည်ပြီး ၃၀ မီတာအကျယ်ရှိသည်။[1]
ထားဝယ်လေဆိပ် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||
အမျိုးအစား | အများပြည်သူနှင့်ဆိုင်ရာ လေဆိပ် | ||||||||||
စီမံကွပ်ကဲသူ | အစိုးရ | ||||||||||
ဝန်ဆောင်မှု ဧရိယာ | ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး | ||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၈၄ ပေ / ၂၆ မီတာ | ||||||||||
ကိုဩဒိနိတ် | 14°06′13″N 098°12′13″E | ||||||||||
ပြေးလမ်း | |||||||||||
| |||||||||||
ရင်းမြစ်: [1] |
သမိုင်းကြောင်း
မူလလေယာဉ်ပြေးလမ်း (၄၅၀၀× ၅၀) ပေ သည် ဒုတိယကမ္ဘာစစ်အတွင်း စတင်အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လေယာဉ်ပြေးလမ်းကို (၄၅၀၀× ၅၀) ပေမှ (၅၁၀၀× ၅၀) ပေအထိ တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် (၅၁၀၀× ၇၅) ပေအထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။[2]
၂၀၀၄ ခုနှစ်မှ စတင်၍ (၅၁၀၀× ၅၀) ပေအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ (၁၂၀၀၀× ၁၀၀) ပေ အဝင်လမ်း (၂၂၀× ၁၀၀) ပေနှင့် လေယာဉ်ရပ်နားနေရာ (၆၀၀× ၃၀၀) ပေ အထူ (၂၆) လက်မ ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများ ပြီးစီး၍ စတင်အသုံးပြုခဲ့သည်။[2]
လေကြောင်းလိုင်းများနှင့် ပျံသန်းမှုများ
လေကြောင်းလိုင်း | မြို့အမည် |
---|---|
အဲပုဂံ | ကော့သောင်း၊ မြိတ်၊ ရန်ကုန် |
မြန်မာအမျိုးသား လေကြောင်းလိုင်း | မော်လမြိုင်၊ ရန်ကုန် |
အေးပတ်စ် လေကြောင်းလိုင်း | ရန်ကုန် |
ကိုးကား
- Airport information for VYDW from DAFIF (effective October 2006)
- လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၈ စက်တင်ဘာ ၂၀၁၆)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။