ဗွိုင်ယေဂျာစီမံကိန်း

ဗွိုင်ယေဂျာ စီမံကိန်းသည် ဗွိုင်ယေဂျာ ၁ အာကာသယာဉ် နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် များဟူသော လူမပါသောအာကာသခရီးစဉ်နှစ်ခု ပစ်လွှတ်ခဲ့သည့် အမေရိကန် သိပ္ပံစီမံကိန်းဖြစ်သည်။ ယင်းအား ၁၉၇၇ ခုနှစ်တွင် ဂြိုဟ်များ တဖြောင့်တည်းတန်းသော အချိန်ကာလကိုရွေးကာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်း၏ မူလရည်ရွယ်ချက်သည် ဂျူပီတာဂြိုဟ်စနေဂြိုဟ်တို့အား လေ့လာရန်ဖြစ်သော်လည်း နေအဖွဲ့အစည်း အပြင်ဘက်သို့ ခရီးဆက်နိုင်ခဲ့သည်။ ယင်းသည် အာကာသနက်နက် ဖြစ်သော ဟီလီယိုရှီးသို့ တိုးဝင်သွားမည်ဟု မျော်လင့်ရသည်။ အာကာသယာဉ်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဖလော်ရီဒါပြည်နယ်ရှိ ကိတ် ကာနယ်ဗယ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်နှစ်စင်းအား တောင်ကာလီဖိုးနီးယားပြည်နယ်ရှိ Jet Propulsion Laboratory တွင်တည်ဆောက်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် ကမ္ဘာပေါ်မှ အဝေးဆုံးသို့ရောက်ရှိသွားသော အာကာသယာဉ်တစ်စင်း ဖြစ်လာခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ဗွိုင်ယေဂျာ ၁ သည် ကြယ်တာရာကြားခံနယ်မြေသို့ တိုးဝင်ရန်နီးကပ်လာပြီး နေအဖွဲ့အစည်းအပြင်ဘက်သို့ စွန့်ခွာသွားမည့် ပထမဆုံး လူလုပ်အာကာသယာဉ် ဖြစ်လာခဲ့သည်။ ယင်းသိပ္ပံဆိုင်ရာ မက်ရှင်နှစ်ခုစလုံးသည် နေအဖွဲ့အစည်း၏ ဓာတ်ငွေ့ဂြိုဟ်ကြီးများအကြောင်း ဒေတာအချက်အလက်များ မှတ်တမ်းတင်နိုင်ခဲ့သည်။

ဂြိုဟ်များ၊ လများနှင့်ဗွိုင်ယေဂျာ

ရာဇဝင်

၂၀၀၇ ခုနှစ် ဧပြီလတွင် ဗွိုင်ယေဂျာနှင့် ပိုင်အိုနီးယားအာကာသယာဉ်တို၏ လမ်းကြောင်းနှင့် မျော်လင့်ထားသည့် နေရာ
လမ်းကြောင်းများသည် အာကာယာဉ်အား ဂြိုဟ်များအား လေ့လာခွင့်ရှိစေသည့်အပြင် နေစကြာဝဠာပြင်ပသို့ စွန့်ခွာရန် အရှိန်ရှိစေခဲ့သည်

ဗွိုင်ယေဂျာ အာကာသယာဉ်များသည် မူလအားဖြင့် မာရီနာ ပရိုဂရမ်တို့၏ အစိတ်အပိုင်းများဖြစ်သည်။ ယင်းတို့သည် မာရီနာ ၁၁၊ မာရီနာ ၁၂ ဟုအသီးသီး ခေါ်ဆိုသည်။ ယင်းတို့အား နောက်ပိုင်းတွင် မာရီနား-ဂျူပီတာ-စေတန်ဟု ပြောင်းလဲခဲ့ပြီး ဗွိုင်ယေဂျာဟု ပြောင်းလဲခဲ့သည်။ ဗွိုင်ယေဂျာ ပရိုဂရမ်သည် ဂရန်းတာဝါ၏ အဓိကအချက်ချာကျသော ပရိုဂရမ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂရန်းတာဝါသည် နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်များသို့ အာကာသယာဉ်များ အမြောက်အများ ပစ်လွှတ်ရန် စီမံထားသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ဂြိုဟ်တာရာတို့သည် ဖြောင့်မတ်နေကြမည်ဖြစ်သဖြင့် ဒြပ်ဆွဲအား အကူညီဖြင့် ဂျူပီတာဂြိုဟ်မှ စေတန်ဂြိုဟ်၊ ထို့နောက် ယူရေးနစ်ပ်ဂြိုဟ်မှ နက်ပကျွန်းဂြိုဟ် စသည်ဖြင့် ပလူတိုအထိ ပျံသန်းရန် ဖြစ်သည်။ စီမံကိန်းနှစ်ခုထဲမှ ပထမဆုံးစီမံကိန်းအဖြစ် ဗွိုင်ယေဂျာ ၂ အား ပစ်လွှတ်ခဲ့သည်။ ယင်းသည် ဂျူပီတာဂြိုဟ်၊ စေတန်ဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ်နက်ပကျွန်းဂြိုဟ် လေးစင်းအား ပျံသန်းမည်ဖြစ်သည်။

ဗွိုင်ယေဂျာ ၁ အားကိုမူ ညီအစ်မ ဗွိုင်ယေဂျာ ၂ အားပစ်လွှတ်ပြီး မကြာခင်တွင် ပစ်လွှတ်ခဲ့သည်။ သို့သော် ယင်း၏လမ်းကြောင်းလည်းတိုတောင်းပြီး လျင်မြန်ကာ ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်အား စောလျင်စွာ ရောက်ရှိစေခဲ့သည်။ ဗွိုင်ယေဂျာ ၁ အာကာသယာဉ်တွင် စေတန်ဂြိုဟ်ရံလ တိုက်တန်အား လေ့လာရန် ဦးစားပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သိပ်သည်းသော လေထုလွှာအားပိုင်ဆိုင်ကာ အလွန်ကြီးသဖြင့် လေ့လာမှုပြုလုပ်ရန် အလွန်ထိုက်တန်သောကြောင့်ပင်တည်း။

၁၉၉ဝ ဝန်းကျင်အတွင်း ဗွိုင်ယေဂျာ ၁ သည် နှေးကွေးလှသော ပိုင်အိုနီးယား-၁၀ အာကာသယာဉ်နှင့် ပိုင်အိုနီးယား ၁၁ အာကာသယာဉ်အား ဖြတ်ကျော်ခဲ့သည်။ စတင်ပစ်လွှတ်စဉ်က ပိုမိုလျင်မြန်သော New Horizons အာကာသယာဉ်သည်ပင် ဗွိုင်ယေဂျာ ၁ အား ကျော်သွားနိုင်မည် မဟုတ်ပေ။ ဗွိုင်ယေဂျာ ၁ နှင့် ပိုင်အိုးနီးယား အာကာသယာဉ်တို့သည် နေအဖွဲ့အစည်းတွင် လားရာဆန့်ကျင်ဖက်အတိုင်း ပျံသန်းကြသောယာဉ်များဖြစ်ကြသည်။ ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းလုံးအား ပုံမှန် ဆက်သွယ်မှုပြုလုပ်ခဲ့သည်။ ရေဒီယိုသတ္တိကြွ ပါဝါရင်းမြစ်သည် ယာဉ်နှစ်ခုစလုံးတွင် လုံလောက်သော လျှပ်စစ်စွမ်းအင်ပေးနိုင်သည်ဟု ၂ဝ၁၂ ခုနှစ်အရ သိရသည်။ ၂ဝဝ၇ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် မိုင်ပေါင်း ၁ဝ ဘီလီယံအကွာသို့ ရောက်ရှိခဲ့ပြီး နေအဖွဲ့အစည်းအပြင်ဘက်သို့ တစ်နှစ်လျင် ၃.၃ AUနှုန်းဖြင့် ပျံသန်းလျက်ရှိသည်။ ၂ဝဝ၉ ခုနှစ် ဩဂုတ်လတွင် ဗွိုင်ယေဂျာ ၁ သည် နေမှ ၁၁ဝ.၇ AU (မိုင်ပေါင်း ၁ဝ.၂ ဘီလီယံ) အကွာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟီလီယိုပေါ့နယ်မြေသို့ တိုးဝင်ခဲ့သည်။ ဟီလီယိုပေါ့စ်၏ အလွန်တွင် ကြယ်တာရာကြားခံနယ်မြေပင်ဖြစ်သည်။ ယင်းနေရာတွင် နေ၏ဒြပ်ဆွဲအားသက်ရောက်မှုထက် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ ဒြပ်ဆွဲအားသက်ရောက်မှုက ပိုများသည်။ အာကာသယာဉ်သို့ နေမှအလင်းရောင်ရောက်ရှိရန် ၁၆ နာရီကြာမြင့်မည်ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ သည် နေလေ၏တွန်းကန်အားမရှိသော နယ်မြေသို့ ရောက်ရှိခဲ့သည်။

အာကာသယာဉ်ဒီဇိုင်း

ဗွိုင်ယေဂျာ အာကာသယာဉ် တည်ဆောက်ပုံ

ဗွိုင်ယေဂျာ အာကာသယာဉ်သည် အလေးချိန် ရ၇၃ ကီလိုဂရမ်ရှိပြီး ၁ဝ၅ ကီလိုဂရမ်သည် သိပ္ပံကိရိယာတန်ဆာပလာများ ဖြစ်ကြသည်။ ထပ်တူညီသော ဗွိုင်ယေဂျာ အာကာသယာဉ်အား ဝင်ရိုးသုံးခုရှိသော လမ်းပြစနစ်အားအသုံးပြုထားကာ စွမ်းအားမြင့် အန်တာနာဖြင့် ကမ္ဘာမြေဆီ ချိန်ရွယ်ထားသည်။ ယင်းတို့၏ သိပ္ပံဆိုင်ရာ ကိရိယာများကိုကား သက်ဆိုင်ရာပစ်မှတ်များဆီသို့ ချိန်ရွယ်ထားသည်။ ဗွိုင်ယေဂျာ ရွှေဓာတ်ပြားကို အာကာသယာဉ်၏ဘေးတစ်ဘက်ချင်းစီတွင် တပ်ဆင်ထားသည်။ ရေဒီယို သာမိုလျှပ်စစ် ဂျင်နယ်ရေတာ သုံးလုံးအားလည်း အောက်ခြေနားတွင် တပ်ဆင်ထားသည်။

ကိရိယာများနှင့်အာရုံခံပစ္စည်းများ

၁ဝ မီတာရှိသော အန်တာနာသည် ဂြိုဟ်ဆိုင်ရာ ရေဒီယိုနက္ခတ္တပညာရပ်နှင့် ပလာဆာလှိုင်းများကို လေ့လာရန်ဖြစ်သည်။ စကန်လုပ်ည့်ကိရိယာများတွင် အနီအောက်ရောင်ခြည် အနှောက်အယှက်တိုင်းမီတာ၊ ခရမ်းလွန်ရောင်စဉ်တိုင်းမီတာ၊ သိပ္ပံဆိုင်ရာ ဓာတ်ပုံရိုက်ကိရိယာခွဲ၊ ဗီဒီယိုကင်မရာနှင့် ဓာတ်ပုံစစ်ဆေးမီတာတို့ ပါဝင်သည်။

သိပ္ပံပစ္စည်းများ

ပြရန်
ပစ္စည်းအမည် အတိုကောက် ဖော်ပြချက်
Imaging Science System
(အလုပ် မလုပ်စေတော့ပါ)
(ISS) ဂျူပီတာ စေတနနှင့်အခြားအရာဝတ္ထုများ၏ဓာတ်ပုံများအား ရိုက်ကူးရန် ကင်မရာစနစ်နှစ်ခု (narrow-angle/wide-angle) အား မွမ်းမံပေးသည်။ ပို၍
စစ်ထုတ်မှုများ
ထောင့်ကျဉ်းကင်မရာ စစ်ထုတ်မှု[1]
နာမည် လှိုင်းအလျား Spectrum အာရုံခံမှု
ရှင်းလင်း 280–640 nm
UV 280–370 nm
ခရမ်း 350–450 nm
အပြာ 430–530 nm
' '
'
အစိမ်း 530–640 nm
' '
'
လိမော် 590–640 nm
' '
'
ထောင့်ကျယ်ကင်မရာ စစ်ထုတ်မှု[2]
နာမည် လှိုင်းအလျား ရောင်စဉ် အာရုံခံမှု
ရှင်းလင်း 280–640 nm
' '
'
ခရမ်းရောင် 350–450 nm
အပြာ 430–530 nm
CH4-U 536–546 nm
အစိမ်း 530–640 nm
Na-D 588–590 nm
လိမော် 590–640 nm
CH4-JST 614–624 nm
ရေဒီယို သိပ္ပံစနစ်
(အလုပ် မလုပ်စေတော့ပါ)
(RSS) Utilized the telecommunications system of the Voyager spacecraft to determine the physical properties of planets and satellites (ionospheres, atmospheres, masses, gravity fields, densities) and the amount and size distribution of material in Saturn's rings and the ring dimensions. ပို၍
Infrared Interferometer Spectrometer
(အလုပ် မလုပ်စေတော့ပါ)
(IRIS) Investigates both global and local energy balance and atmospheric composition. Vertical temperature profiles are also obtained from the planets and satellites as well as the composition, thermal properties, and size of particles in Saturn's rings. ပို၍
ခရမ်းလွန်ရောင်ခြည် ရောင်စဉ်စစ်ကိရိယာ
(အလုပ် လုပ်နေဆဲ)
(UVS) Designed to measure atmospheric properties, and to measure radiation. ပို၍
Triaxial Fluxgate Magnetometer
(အလုပ် လုပ်နေဆဲ)
(MAG) Designed to investigate the magnetic fields of Jupiter and Saturn, the interaction of the solar wind with the magnetospheres of these planets, and the magnetic field of interplanetary space out to the boundary between the solar wind and the magnetic field of interstellar space, if crossed. ပို၍
ပါလစမာ Spectrometer
(defective)
(PLS) Investigates the macroscopic properties of the plasma ions and measures electrons in the energy range from 5 eV to 1 keV. ပို၍
Low Energy Charged Particle Instrument
(အလုပ် လုပ်နေဆဲ)
(LECP) Measures the differential in energy fluxes and angular distributions of ions, electrons and the differential in energy ion composition. ပို၍
ကော့မစ်ရောင်ခြည် စနစ်
(အလုပ် လုပ်နေဆဲ)
(CRS) Determines the origin and acceleration process, life history, and dynamic contribution of interstellar cosmic rays, the nucleosynthesis of elements in cosmic-ray sources, the behavior of cosmic rays in the interplanetary medium, and the trapped planetary energetic-particle environment. ပို၍
Planetary Radio Astronomy Investigation
(အလုပ် မလုပ်စေတော့ပါ)
(PRA) Utilizes a sweep-frequency radio receiver to study the radio-emission signals from Jupiter and Saturn. ပို၍
Polarimeter System
(အလုပ်မလုပ်)
(PPS) Utilized a telescope with a polarizer to gather information on surface texture and composition of Jupiter and Saturn and information on atmospheric scattering properties and density for both planets. ပို၍
Plasma Wave System
(အလုပ် လုပ်နေဆဲ)
(PWS) Provides continuous, sheath-independent measurements of the electron-density profiles at Jupiter and Saturn as well as basic information on local wave-particle interaction, useful in studying the magnetospheres. ပို၍

ဗွိုင်ယေဂျာ ရွှေအသံသွင်းဓာတ်ပြား

ဗွိုင်ယေဂျာ ၁ နှင့် တို့ အသီးသီးတွင် ကမ္ဘာမြေရှိ ပုံများနှင့်အသံများဖမ်းယူထားသော ရွှေဓာတ်ပြားများထည့်သွင်းပေးထားသည်။ ယာဉ်နှစ်စင်းလုံးတွင် ရွှေရောင် မှတ်တမ်းအား သယ်ဆောင်ထားပြီး ကမ္ဘာမြေ၏အသံနှင့် ရုပ်ပုံများ ပါဝင်သည်။ ယင်းတွင် ကမ္ဘာမြေ၏တည်နေရာအား သင်္ကေတများဖြင့် ဖော်ပြထားသည်။ မှတ်တမ်းအား နေအဖွဲ့အစည်းပြင်ပမှ မည်သည့်သက်ရှိမဆို ဆက်သွယ်မှုပြုလုပ်ရန်နှင့် အာကာသယာဉ်အား ကယ်ဆယ်စေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းထားခြင်းဖြစ်သည်။ မှတ်တမ်းတွင် ပါဝင်သောအရာများအား တင်မော်တီနှင့် ကားလ်ဆေဂန်တို့က ရွေးချယ်ခဲ့သည်။

အပြာရောင် အစက်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အပြာဖျော့အစက်
ကမ္ဘာမြေအား ၆ ဘီလီယံ ကီလိုမီတာ (၃.၇ ဘီလီယံမိုင်)အကွာမှ အပြာရောင် အစက်အဖြစ် ဗွိင်ယေဂျာမှ ရိုက်ကူးထားပုံ

ဗွိုင်ယေဂျာ စီမံကိန်းတွင် အဓိက မက်ရှင်လုပ်ငန်းများအပြင် အရင်က တခါမှမမြင်ဖူးသော ဂြိုဟ်ကြီးများ၏ ဓာတ်ပုံများ ပါဝင်သည်။ ယင်းတို့တွင် နာမည်ကြီးပြီး လူသိများသောဓာတ်ပုံမှာ ကမ္ဘာမြေ၏ အပြာရောင် အစက် ဖြစ်သည်။ ယင်းအား ၁၉၉ဝ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ မှ ရိုက်ကူးခဲ့ပြီး ကားလ် ဆေဂန်မှ လူသိများစေခဲ့သည်။

အခြား ကြည့်ရန်

ရည်ညွှန်း

  1. Voyager 1 Narrow Angle Camera Description NASA / PDS (August 26, 2003)။ 2011-01-17 တွင် ပြန်စစ်ပြီး။
  2. Voyager 1 Wide Angle Camera Description NASA / PDS (August 26, 2003)။ 2011-01-17 တွင် ပြန်စစ်ပြီး။

ပြင်ပချိတ်ဆက်ရန်

NASA sites

NASA instrument information pages:

Non-NASA sites

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.