ဗွိုင်ယေဂျာ ၂ အာကာသယာဉ်

ဗွိုင်ယေဂျာ ၂ အာကာသယာဉ် (အင်္ဂလိပ်: Voyager 2) သည် နာဆာ အဖွဲ့မှ ဂျူပီတာဂြိုဟ်စနေဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကို လေ့လာရန် အသုံးပြုသော အာကာသယာဉ် ဖြစ်သည်။ ယခုအချိန်တိုင်အောင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တိုင်အောင် သွားရောက်သော တစ်စင်းတည်းသော အာကာသယာဉ် ဖြစ်သည်။ ထို့ကြောင့် ထိုဂြိုဟ် နှစ်ခုနှင့် ဆက်စပ်သော ပုံအများစုမှာ ထိုအာကာသယာဉ်မှ ပေးပို့ခဲ့သော ပုံများပင်ဖြစ်သည်။ ထိုယာဉ်သည် ညီအစ်မယာဉ် ဗွိုင်ယေဂျာ ၁ အာကာသယာဉ် နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ ထိုအာကာသယာဉ်သည် လက်ရှိတွင် နေအဖွဲ့အစည်းမှ ဝေးရာသို့ ရွေ့လျားနေပြီး နေအဖွဲ့အစည်း အပြင်ဘက်ပိုင်းသို့ ဦးတည် သွားလာလျှက် ရှိသည်။ ၂ဝ၁၅ ခုနှစ် ဧပရယ်လအရ ယာဉ်သည် နေမှ ၁ဝ၈ AU (၁.၆၂×၁ဝ၁ဝ ကီလိုမီတာ) အကွာတွင် ရောက်နေသည်။[4]

Voyager 2
ဗွိုင်ယေဂျာ ၂
မက်ရှင်အမျိုးအစားဂြိုဟ်လေ့လာရေး
အော်ပရေတာNASA / JPL[1]
နိုင်ငံတကာ ဒီဇိုင်းဆရာ1977-076A[2]
ဂြိုလ်တု ကတ်သလောက်နံပါတ်10271[3]
ဝဒ်ဆိုဒ်voyager.jpl.nasa.gov
အာကာသယာဉ် ဂုဏ်သတ္တိများ
ထုတ်လုပ်သူJet Propulsion Laboratory
ပစ်လွှတ် ထုထည်၇၂၁.၉ ကီလိုဂရမ် (၁,၅၉၂ ပေါင်)
ပါဝါ420 watts
မက်ရှင် စတင်ခြင်း
ဒုံးပျံTitan IIIE
ပစ်လွှတ်နေရာCape Canaveral
ဂျူပီတာဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုJuly 9, 1979, 22:29:00 UTC
အကွာအဝေး၅၇၀,၀၀၀ ကီလိုမီတာ (၃၅၀,၀၀၀ မိုင်)
စနေဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုAugust 25, 1981, 03:24:05 UTC
အကွာအဝေး၁၀၁,၀၀၀ km (၆၃,၀၀၀ mi)
ယူရေးနပ်စ်ဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုJanuary 24, 1986, 17:59:47 UTC
အကွာအဝေး၈၁,၅၀၀ km (၅၀,၆၀၀ mi)
နက်ပကျွန်းဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုAugust 25, 1989, 03:56:36 UTC
အကွာအဝေး၄,၉၅၀ km (၃,၀၈၀ mi)

ဗွိုင်ယေဂျာ၂ အာကာသယာဉ်ကို ၁၉၇၇၊ ဩဂုတ်လ ၂၀ ရက်တွင် လွှတ်တင် ခဲ့သည်။ ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် မည်သည့်ကြယ်ကိုမှ ဦးတည်ပြီး စေလွှတ်ခဲ့သည် မဟုတ်ပေ။ သို့သော်လည်း နှစ်ပေါင်း ၄ဝဝဝဝ ကြာလျင် ယင်းသည် အလင်းနှစ် ၁.၇ အကွာသို့ ရောက်ရှိမည်ဖြစ်သည်။ အကယ်၍ စက်ပစ္စည်းကောင်းမွန်နေပါက ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် အလင်းနှစ် ၄.၃ အကွာမှ ဆိုင်ရပ်စ်ကြယ်သို့ နှစ်ပေါင်း ၂၉၆ဝဝဝ အကြာတွင် ရောက်ရှိမည်ဖြစ်သည်။ ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် သက္ကရာဇ် ၂ဝ၂၅ ခုနှစ်အထိ အားပျော့သော ရေဒီယိုဆက်သွယ်မှုကို ထုတ်ပေးနေအုံးမည်ဟု မျော်လင့်ရပါသည်။ ထိုနောက်ပိုင်းတွင်ကား လုံလောက်သော လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်တော့မည်မဟုတ်ပါ။


ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းစလုံးတွင် ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ ပုံများ နှင့် အသံများကို ထည့်သွင်းထားသော ရွှေဓာတ်ပြား တစ်ချပ်စီ ပါရှိသည်။ ထို့ပြင် ဘာသာစကားပေါင်း အမျိုး ၅ဝ ကျော် ထည့်သွင်းထားပြီး ကမ္ဘာမြေတည်နေရာအား ဖော်ပြထားသည်။ ထိုဓာတ်ပြားများကို ဂြိုဟ်သားများနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

အခြား ကြည့်ရန်

ကိုးကား

  1. VOYAGER:Mission Information NASA (1989)။ 21 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 2, 2011 တွင် ပြန်စစ်ပြီး။
  2. Voyager 2 US National Space Science Data Center။ 25 August 2013 တွင် ပြန်စစ်ပြီး။
  3. VOYAGER 2 N2YO။ 25 August 2013 တွင် ပြန်စစ်ပြီး။
  4. Voyager - Mission Status
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.