မလွန်မင်းသား

မလွန်မင်းသား သည် မင်းတုန်းမင်း၏ ပထမ မြောက်ဆောင်တော် မိဘုရား (ဘွဲ့အမည် - ပဘာဒေဝီ) ၏ သားတော်အကြီးဆုံး ဖြစ်သည်။ ပဘာဒေဝီ၏ သားတော်သမီးတော်များမှာ

  1. သားတော် သုသီရိမဟာ ဓမ္မရာဇာ (ခေါ်) မလွန်မင်းသား မောင်မျိုးရင်၊
  2. သမီးတော်၊
  3. သားတော် ပြင်စည်မင်းသား သတိုးမင်းရဲ၊
  4. သားတော် ဝန်းသိုမင်းသား သတိုးမင်းရဲ သီဟသူ တို့ ဖြစ်သည်။[1]

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။

၁၈၈၄ ခုနှစ် နန်းတော်သစ်တပ်အရှေ့ ရာဇဝတ်ထောင် အကျဉ်းထောင် ထရာတွင် မလွန်မင်းသား၏မြေး မိုင်းပျဉ်းမင်းသား သုတ်သင်သတ်ဖြတ်ခံရသည်။

အထိမ်းအမှတ်များ

မန္တလေး၊ အနောက်ပြင်ရှိ မလွန်မင်းသား ကြီး၏ အိမ်တော်ဝင်းနေရာ၌ တည်ထောင် သောကြောင့် “မလွန်ဆန်လှူအသင်းကြီး”ဟု အမည်တွင်သည်။

မန္တလေးမြို့ ၂၆ လမ်း x ၇၆ လမ်းထောင့်ရှိ သမိုင်းဝင် အဓိဋ္ဌာန်အောင်ဆု တောင်းပြည့် မြတ်စွာဘုရားဝင်းတွင် မင်းတုန်းမင်းတရားကြီး၊ သားတော် မလွန်မင်းသား၊ မလွန်မင်း သမီးနှင့် စစ်သူကြီး မဟာဗန္ဓုလ ရုပ်တုကြီးများ ပြသထားရှိမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။ သမိုင်းဝင် အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် မြတ်စွာဘုရားကို မင်းတုန်းမင်း၏ သားတော် မလွန်မင်းသားက ၁၂၁၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ လက်ရှိဂေါပကအဖွဲ့က မလွန်မင်းသား၏ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုသည့်အနေဖြင့် ဘုရားဝင်းအတွင်း လူ့အရွယ်အစားရှိ မင်းတုန်း မင်းပုံတူ၊ မလွန်မင်းသားပုံတူ၊ မလွန် မင်းသမီးပုံတူနှင့် စစ်သူကြီးမဟာ ဗန္ဓုလပုံတူများကို အင်္ဂတေပလတ်စတာဖြင့် ပြုလုပ်ကာ လေးဖက် မြင်မှန်ဗီရိုကြီးများအတွင်း ထည့်သွင်းပြသရန် စီစဉ်လျက် ရှိကြောင်း သိရသည်။[2]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.