ရာဇဝင်ကျော်

မဟာသမ္မတဝံသကျမ်း (ပါဠိ: Mahā Sammata Vaṃsa) သို့မဟုတ် လူသိများသော အမည် ရာဇဝင်ကျော် ) သည် ၁၆ ရာစုတွင် ထွက်ပေါ်ခဲ့သော ဗုဒ္ဓဘာသာ သမိုင်းကြောင်း နှင့် မြန်မာ့သမိုင်း ရာဇဝင်ကျမ်းတစ်ခု ဖြစ်သည်။

ရာဇဝင်ကျော်
စာရေးသူရှင်မဟာသီလဝံသ
မူလခေါင်းစဉ်မဟာသမ္မတဝံသကျမ်း
နိုင်ငံအင်းဝနေပြည်တော်
ဘာသာစကားမြန်မာ
အတွဲမြန်မာရာဇဝင်ကျမ်းများ
အမျိုးအစားရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
၁၅၀၂ (အပိုင်း ၁)
၁၅၂၀ (အပိုင်း ၂)

အင်းဝခေတ် စာဆိုကျော်တစ်ပါးဖြစ်သော ရှင်မဟာသီလဝံသ ရေးသားပြုစုခဲ့ခြင်း ဖြစ်ပြီး အပိုင်း နှစ်ပိုင်း ပါဝင်သည်။ ပထမပိုင်းကို ၁၅၀၂ တွင် ရေးသားခဲ့ပြီး ဘာသာရေးဆိုင်ရာ သမိုင်းစာတမ်းဖြစ်ကာ မဟာဝံသ နှင့် ဒီပါဝံသ တို့ကို မြန်မာဘာသာဖြင့် ရေးသားထားသည်။ ပထမပိုင်းသည် ရှေးခေတ် အိန္ဒိယနှင့် ဆီလွန်တို့၏ ဘုရင်များအကြောင်းကို ဗုဒ္ဓဘာသာ ဒဏ္ဍာရီနှင့် သမိုင်းတို့အပေါ် အခြေခံရေးသားထားသည်။[1][2] ၁၅၂၀ ခုနှစ်တွင် ၁၄၉၆ ခုနှစ်အထိ မြန်မာဘုရင်များအကြောင်းကို နောက်ဆက်တွဲအနေဖြင့် ဖြည့်စွက်ခဲ့သည်။ ဤကျမ်းသည် ခိုင်လုံယုံကြည်ရသော ရာဇဝင်ကျမ်းတစ်စောင်အဖြစ် မရည်ရွယ်ထားသည့်အတွက် မြန်မာဘုရင်များ၏ အကြောင်းအရာမှာ ကျမ်း၏ ၇ ပုံ ၁ ပုံ ခန့်သာ ပါဝင်သည်။ အင်းဝတွင် အခြား ရာဇဝင်ကျမ်းတစ်ခု ရှိနှင့်ပြီးဖြစ်ကြောင်း ကျမ်းပြုသူက ဖော်ပြထားသည်။[3]

ကိုးကား

  1. Aung-Thwin 2005: 124
  2. ရာဇဝင်ကျော်၊ ၂၀၁၀၊ စာ ၁၈၃
  3. လှဖေ၊ ၁၉၈၅၊ စာ ၃၆–၃၇

ကျမ်းပြုစာစုစာရင်း

  • Aung-Thwin၊ Michael A. (2005)။ The Mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 9780824828868
  • Charney၊ Michael W. (2006)။ Powerful Learning: Buddhist Literati and the Throne in Burma's Last Dynasty, 1752–1885။ Ann Arbor: University of Michigan။
  • လှဘေ၊ ဦး (၁၉၈၅)။ Burma: Literature, Historiography, Scholarship, Language, Life, and Buddhism။ Singapore: Institute of Southeast Asian Studies။ ISBN 9789971988005
  • မဟာသီလဝံသ၊ ရှင် (၁၉၂၈)။ ဖေမောင်တင် (ed.)။ ရာဇဝင်ကျော် (စတုတ္ထအကြိမ် (၂၀၁၀) ed.)။ ရန်ကုန်: မြန်မာနိုင်ငံ သုတေသနအသင်း (မူလထုတ်ဝေသူ)၊ ရာပြည့် (စတုတ္ထအကြိမ်)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.