ရွှေမြန်မာ လေကြောင်းလိုင်း
ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တန်ဖိုးနည်းလေကြောင်းလိုင်း တစ်ခုဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်များ ပြေးဆွဲပျံသန်းနေသည်။ သမဝါယမဘဏ်လီမိတက်၏ ဥက္ကဋ္ဌအပါအဝင် ၁၅ ဦးဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Airbus A320 နှစ်စင်းဖြင့် စတင်ပြေးဆွဲပျံသန်းခဲ့သည်။
| |||||||
တည်ထောင် | ၂၀၁၂ | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ဇန်နဝါရီ ၂၀၁၃ | ||||||
မိခင်ဌာန | မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||||||
လေယာဉ်ပေါင်း | ၂ | ||||||
ပျံသန်းဌာနေပေါင်း | ၁၅ | ||||||
ဆောင်ပုဒ် | ENJOY TO FLY MORE | ||||||
မိခင်ကုမ္ပဏီ | သမဝါယမဘဏ်လီမိတက်၊ ကောင်းမြန်မာအောင် စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်း | ||||||
ဌာနချုပ် | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ||||||
အရေးပါသူများ | ခင်မောင်အေး (ဥက္ကဋ္ဌ) | ||||||
ဝက်ဘ်ဆိုဒ် | gmairlines.com |
ပျံသန်းမှုများ
- မြန်မာနိုင်ငံတွင်း
- ပုဂံ - ညောင်ဦးလေဆိပ်
- ဗန်းမော်မြို့ - ဗန်းမော်လေဆိပ်
- ဟဲဟိုးမြို့ - ဟဲဟိုးလေဆိပ်
- လားရှိုးမြို့ - လားရှိုးလေဆိပ်
- မန္တလေးမြို့ - မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဓိက အခြေစိုက်ရာကွင်း
- မြစ်ကြီးနားမြို့ - မြစ်ကြီးနားလေဆိပ်
- နေပြည်တော် - နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ပူတာအိုမြို့ - ပူတာအိုလေဆိပ်
- တာချီလိတ်မြို့ - တာချီလိတ်လေဆိပ်
- ရန်ကုန်မြို့ - ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အခြေစိုက်ရာကွင်း
- စင်ကာပူနိုင်ငံ
- ထိုင်းနိုင်ငံ
- ဘန်ကောက်မြို့ - သုဝဏ္ဏဘူမိလေဆိပ်
- ချင်းမိုင်မြို့ - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၂၃ စက်တင်ဘာ ၂၀၁၄ တွင် စတင်) [1]
လေယာဉ်များ
၂၀၁၃ အောက်တိုဘာ အထိ ရွှေမြန်မာ လေကြောင်းလိုင်းရှိ လေယာဉ်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်:
အမျိုးအစား | အရေအတွက် | မှာယူထားမှု | မှတ်ချက် |
---|---|---|---|
ATR 72-600 | ၂ | ၀ | မေ ၁၅ နှင့် ဇွန် ၁၆ တွင်ရောက်ရှိ[2] |
စုစုပေါင်း | ၂ | ၀ |
မတော်တဆမှုများ
မတ်လ ၄ ရက်၊ ၂၀၁၆ ခုနှစ် နံနက် (၇) နာရီအချိန်ခန့်တွင် တွင် ရန်ကုန် - မန္တလေး ခရီးစဉ်သို့ ပျံသန်းမည့် ATR-72 လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံတက်ရန် ပြင်ဆင်နေစဉ် လေယာဉ်၏ ဘယ်ဘက်ဘီးပေါက်မှုဖြစ်ပွားခဲ့သည်။ ဘီးပေါက်သည့် အရှိန်ဖြင့် မီးပွင့်ထွက်မှု ဖြစ်ပေါ်ခဲ့သည်။ ခရီးသည် ၃၀ ကျော် ပါရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ချေ။
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- by JL (2014-08-14)။ Golden Myanmar Airlines to Start Chiang Mai Service from late-Sep 2014။ Airline Route။ ၂၀ ဩဂုတ် ၂၀၁၄ တွင် ပြန်စစ်ပြီး။
- Golden Myanmar Airlines to lease two ATR72s from the ALC from Q1 2014 - ch-aviation.com။ Ch-aviation.ch။ ၂၀ ဩဂုတ် ၂၀၁၄ တွင် ပြန်စစ်ပြီး။