သာဝတ္ထိမြို့(အိန္ဒိယနိုင်ငံ)

ကောသလတိုင်းသာဝတ္ထိမြို့သည် သရယူ=သရဂျူ (ခေါ်) သရဘူမြစ်၏ကမ်းနား၌ တည်ရှိသော တစ်ခုသော နိဂုံး ဖြစ်လေသည်။ သို့သော် ဗုဒ္ဓခေတ်၌ ယင်းမြို့၏ထင်ပေါ်မှုသည် မရှိခဲ့ပေ။ ဆိုရိုးစကားရှိသည်မှာ သာဝတ္ထိအမည်ရှိသော ရသေ့၏ အမည်ဖြင့်ပင်လျှင် သာဝတ္ထိမြို့၏အမည် ခေါ်တွင်ခဲ့သည်။ သို့သော် ပပဉ္စသူဒနီ အဋ္ဌကထာအလိုအားဖြင့် အလုံးစုံ ဘာမဆို ဥစ္စာဓန ရှိခြင်းကြောင့် ဤမြို့၏အမည်သည် သာဝတ္ထိဟု ခေါ်တွင်ခဲ့သည်။ သာဝတ္ထိမြို့သည် စည်းစိမ်ဥစ္စာဓန လွန်စွာပေါကြွယ်ဝ၍ လှပတင့်တယ်သောမြို့ ဖြစ်လေသည်။

ဤမြို့၏လူဦးရေမှာ ၇-ကုဋေ ရှိခဲ့သည်။ ဘုရားရှင်သည် ဤမြို့၌ ၂၅-ဝါတိုင် ဝါဆိုတော်မူခဲ့သည်။ ထို့ပြင် လွန်စွာ အစီးအပွါးနှင့်စပ်သော တရားတော်များကို ဤမြို့၌ပင်လျှင် ဟောကြားခြင်းကို ပြုတော်မူခဲ့သည်။ အနာထပိဏ္ဍိကသည် ဤမြို့မှာ လွန်စွာ ကြွယ်ဝသော သူဋ္ဌေးကြီး ဖြစ်လေသည်။ ထို့ပြင် မိဂါရမာတာ ဝိသာခါသည် လွန်စွာ သဒ္ဓါတရားရှိသော ဥပါသိကာမ ဖြစ်လေသည်။ ပဋာစာရာကိသာဂေါတမီနန္ဒကင်္ခါရေဝတ နှင့် ကောသလမင်း၏နှမတော် သုမနာ တို့သည် ဤမြို့မှ ရဟန်းပြုခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။


[1]

ကိုးကား

  1. ဘဒ္ဒန္တဇောတိကာဘိဝံသ ပါဠိပါရဂူ၊ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (သက္ကတ, ပါကတ, ပါဠိ, ဟိန္ဒီ, အင်္ဂလိပ် ၅-ဘာသာ) ဘာသန္တရကောဝိဒ၊ ဇောတိကာရုံစာချကျောင်း၊ တောင်ထီးလင်းတိုက်၊ မန္တလေးမြို့။ (ဗုဒ္ဓခေတ် ဘာရတနိုင်ငံ ပထဝီဝင် လေ့လာချက် စာအုပ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.