၂၀၀၇

၂၀၀၇ (MMVII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၀၇ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊  ထောင်စုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၀၀ ဆယ်စုနှစ်၏ ၈ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ထောင်စုနှစ်:  ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

ဇန်နဝါရီလ

(၁) ရက်။

    ဖေဖေါ်ဝါရီလ

    (၁) ရက်။

      မတ်လ

      (၁) ရက်။

        ဧပြီလ

        (၂၆) ရက်။

        မေလ

        (၁) ရက်။

          ဇွန်လ

          (၁) ရက်။

            ဇူလိုင်လ

            (၁၁) ရက်။

            • သရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်ခဲ့သည်။

            ဩဂုတ်လ

            (၅) ရက်။

            • စာရေးဆရာတာရာမင်းဝေသည် မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။

            (၁၅) ရက်။


            စက်တင်ဘာလ

            (၃) ရက်။

            • အမျိုးသားညီလာခံ ကျင်းပပြီးစီးခဲ့သည်။

            (၁၈) ရက်။

            • ရန်ကုန်မြို့တွင် သံဃာတော်များ စတင်စီတန်းလှည့်လည်ခဲ့သည်။ကနဦး​ပိုင်းတွင် ကြွေးကြော်သံများမပါရ၊ဒို့အရေးမအော်ရ၊နိုင်ငံရေးဆိုင်းဘုတ်များနှင့်အလံများကိုင်ဆောင်ခြင်းမပြုရဆိုသည့် ကန့်သတ်ချက်များရှိခဲ့သော်လည်း ဝန်းရံအားပေးသူများ၏ တောင်းပန်လျှောက်ထားမှုကြောင့် ဖြေလျှော့ပေးခဲ့သည်။

            (၂၂) ရက်။

            • ကံဆောင်သပိတ်မှောက်သံဃာတော်များနှင့် ဆန္ဒပြကျောင်းသားပြည်သူများ ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်အမှတ်(၅၄) ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်သို့သွားရောက်ခွင့်ရခဲ့သည်။ထိုတစ်ရက်သာ အတားအဆီးများကိုဖယ်ရှားခဲ့ပြီး နောက်ရက်များတွင် ယခင်အတိုင်း လုံခြုံရေးအတားအဆီးများ ပြန်လည်ချထားခဲ့သည်။

            (၂၅) ရက်။

            • အစုိးရမှ လူငါးဦးထက်​စုဝေးခြင်းမပြုရ အမိန့်ထုတ်ပြန်သည်။စစ်သားများတင်ဆောင်လာသည့် စစ်ထရပ်ကားများ ရန်ကုန်မြို့အနှံ့ စတင်ရောက်ရှိလာသည်။

            (၂၆) ရက်။

            • ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် ကံဆောင်သပိတ်မှောက်သံဃာတော်များနှင့် ဝန်းရံကြသောကျောင်းသားပြည်သူများ စုဝေးနေစဥ် လာရောက်တားဆီးသည့်ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။နှစ်ဦးနှစ်ဖက်ညှိိနှုိင်းသော်လည်းမအောင်မြင်ဘဲ ရှေ့ဆုံးမှချီတက်သူ သက်တော်(၂၆)နှစ်ရှိ ဦးဃောသိတ၏ ဦးခေါင်းတော်အား နံပါတ်တုတ်ဖြင့်ရ​ိုက်လိုက်ရာမှစကာ ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ရဲတပ်ဖွဲ့များဘက်မှ မျက်ရည်ယိုဗုံးများအသုံးပြုခဲ့သည်။ဖမ်းဆီးရမိသူများကို ဒိုင်နာကားများပေါ်သို့တင်ဆောင်ကြပြီး အဖမ်းမခံနိုင်သူတချို့က ရဲများအလစ်တွင် ကားပေါ်မှဆင်း၍ထွက်ပြေးကြသည်။တချို့သောသံဃာတော်များနှင့်ပြည်သူများက ရဲများ​ကို ခဲများဖြင့်ပစ်ပေါက်၍ ခုခံခဲ့ကြသည်။လွတ်မြောက်လာသောသံဃာတော်တချို့နှ​င့်ကျောင်းသားပြည်သူများက ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းမတွင် ပြန်လည်စုဝေးကာ ဆူးလေဘုရားလမ်းသို့ချီတက်သပိတ်မှောက်ခဲ့ကြသည်။ဆန္ဒ​ပြသံဃာထုများနှင့်လူအုပ်ကြီးများ မရောက်ရှိသေးခင်မှာပင် ဆူးလေဘုရားလမ်းကိုပိတ်ဆို့ထာ​းကြသော စစ်သားများက မိုးပေါ်သို့သေနတ်ပစ်ဖောက်ခဲ့ကြသည်။ယင်းနေ့ ညပုိင်းတွင် အစုိးရဘက်မှ ည ၉ နာရီမှ မနက် ၅ နာရီအထိ လမ်းပေါ်မထွက်ရ(ညမထွက်ရ)အမိန့်ထုတ်ပြန်ခဲ့သည်။

            (၂၇) ရက်။

            • မနက် ၁၂ နာရီ ၁၀မိနစ်အချိန်တွင် စစ်သားများ၊စွမ်းအားရှင်များ၊ရဲတပ်​ဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံကျောင်းတိုက်ကို ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့သည်။သံဃာတော်အပါး ၁၅၀ ဖမ်းဆီးခံခဲ့ရသည်။ယင်းနေ့ နေ့လယ်ပိုင်းတွင် ထောင်နှ​​င့်သောင်းနှင့်ချီသောလူအုပ်ကြီးက ဆူးလေဘုရားလမ်းတွင်စုဝေး၍ဆန္ဒပြကြသည်။ထိုဆန္ဒပြမှုကြီးကို စစ်တပ်၊ရဲနှင့်စွမ်းအားရှင် သုံးဖွဲ့ပေါင်း၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဂျပန်လူမျိုးသတင်းထောက် ခန်ဂျီနာဂါအိ(Kenji Nagai) အပါအဝင် လူ ၄၀ ကျော်သေဆုံးခဲ့သည်။ထိုအချိန်တွင် တာမွေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုဝေးလာကြသော ဆန္ဒပြကျောင်းသားပြည်သူများကို စစ်ထရပ်ကားများကပိတ်ဆို့က​ာပစ်ခ​တ်ဖြိုခွင်းဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှဆန္ဒပြလူအုပ်ကြီးသည်လည်း ပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသည်။ဆူး​ေလဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကို မြို့တော်ခန်းမ၌ထိန်းသိမ်းထားရှိပြီး တာမွေဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကိုကျိုက္ကဆံကွင်း၌ထိန်းသိမ်းထားရှိခဲ့သည်။

            (၂၈) ရက်။

            • ဆန္ဒပြမှုများ အနည်းငယ်ကျဲသွားသည်။အနော်ရထာလမ်းမပေါ်မှဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရသည်။ပန်းဆိုးတန်းလမ်းမပေါ်တွင် လူ ၂၀၀ ကျော်က စစ်တပ်၊ရဲ၊စွမ်းအားရှင်များကို လှောင်ပြောင်သရော်ကာဆန္ဒပြခဲ့ကြသည်။(၂၇)ရက်နေ့ဖြိုခွင်းမှုတွင် ဖမ်းဆီးရမိသူများကို အင်းစိန်မြို့နယ်ရှိ အစုိးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)သို့​ေပြာင်းရွှေ့ထိန်းသိမ်းထားရှိခဲ့သည်။

            (၂၉) ရက်။

            • ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ​ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်ရှေ့တွင် ဆန္ဒပြမှုအနည်းင​ယ်ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်ဖြိုခွင်းခံရမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

            (၃၀) ရက်။

            • စစ်တပ်၊ရဲနှင့်စွမ်းအားရှင် သုံးဖွဲ့ပေါင်းကာ ရန်ကုန်မြို့အနှံ့ ပုန်းအောင်းတိမ်းရှောင်နေကြသူများကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသည်။

            အောက်တိုဘာလ

            (၁၈) ရက်။

            • အဖွဲ့ဝင် (၅၄) ဦးပါဝင်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း(၂ဝဝ၈) ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။

            နိုဝင်ဘာလ

            (၁) ရက်။

              ဒီဇင်ဘာလ

              (၁) ရက်။

                This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.