ခွန်းထောက်

ခွန်းထောက်

ရုပ်သေး၊ ဇာတ်သဘင်နှင့် အငြိမ့်စသည်တို့တွင် မင်းသား မင်းသမီး နှစ်ပါးသွားအခန်း၌ လူရွှင်တော် က အထောက်အကြို နှုတ်ခွန်းဆက်သည့်သဘောဖြင့် အချိုးတစ်ခုခုကို သီဆိုသည်။ ထိုအခါမျိုးတွင် ခွန်းထောက် ဆိုသည်ဟု ခေါ်ကြသည်။ တစ်ဖန် ခွန်းထောက်အစား ကွန်းထောက်ဟူ၍လည်း ခေါ်ကြသေး သည်။ ဇာတ်သဘင် ကပြရာတွင် လမ်းခရီး၌ မင်းသား မင်းသမီးတို့ ယာယီ သစ်ခက်တဲနန်းဆောက်၍ တစ်ထောက်နားနေသည်ကို အကြောင်းပြုသောကြောင့် ကွန်းထောက် ဟုခေါ်ကြောင်း ပညာရှင်များက မိန့်ဆိုကြသည်။[1]

ကိုးကား

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.