မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များ

မြန်မာ့ရိုးရာ အတိုင်းအတာ၊ အချင်အတွယ်များကို ယနေ့ထက်တိုင် အသုံးပြုနေဆဲပင် ဖြစ်သည်။ Central Intelligence Agency ၏ Factbook အရ မြန်မာနိုင်ငံသည် International System of Units (SI) metric system ကို မသုံးပဲ ရိုးရာနည်းသာ သုံးသော နိုင်ငံသုံးနိုင်ငံထဲမှ တစ်ခုဖြစ်သည်။[1] တခြားနှစ်နိုင်ငံမှာ အမေရိကန်နိုင်ငံနှင့် လိုက်ဘေးရီးယားနိုင်ငံတို့ပဲ ဖြစ်ပါသည်။

အလျား

အတိုင်းအတာယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအတိုင်းအတာMetricImperial/US
ဆံခြည်79.375 µm3⅛ thou/mil
နှမ်း0.79375 mm31¼ thou/m
မုယော4.7625 mm316 in
လက်သစ်1.905 cm¾ in
မိုက်15.24 cm6 in
ထွာ22.86 cm9 in
တောင်45.72 cmft; one cubit
လံ1.8288 m6 ft
တာ3.2004 m10½ ft
ဥသဘ64.008 m70 yd
ကောသ1.28016 km0.795455 mi
ဂါဝုတ်5.12064km3.18182 mi; about one league
ယူဇနာ20.48256km12.7273 mi

တိုင်းတာပုံ

  • ၁၀ ဆံခြည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)
  • ၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)
  • ၄ မုယော = ၁ လက်သစ် (၁၂ လက်သစ် = ၁ ထွာ, ၂ ထွာ = ၁ တောင်, ၂ ဆုပ် = ၁ ထွာ, ၄ ဆုပ် = ၁ တောင်)
  • ၈ လက်သစ် = ၁ မိုက်
  • ၃ မိုက် = ၁ တောင်
  • ၄ တောင် = ၁ လံ
  • ၂ တောင် = ၁ ကိုက်
  • ၇ တောင် = ၁ တာ
  • ၂၀ တာ = ၁ ဥသဘ
  • ၂၀ ဥသဘ = ၁ ကောသ
  • ၄ ကောသ = ၁ ဂါဝုဒ်
  • ၄ ဂါဝုဒ် = ၁ ယူဇနာ
  • ၁၀ဝ၀ တာ = ၁ တိုင်
  • ၆ တိုင် နှင့် တာ ၄၀ဝ = ၁ ယူဇနာ

မြန်မာ (၁၀) တိုင် ကို ခရီးတစ်သောင်း ဟုခေါ်ဆိုသည်မှာ တာပေါင်း တစ်သောင်း ရှိသောကြောင့် ဖြစ်သည်။ [2] ခရီးတစ်သောင်း၊ အပ်တစ်ချောင်း ဟူသော စကားပုံ လည်းရှိသည်။ အဓိပ္ပါယ်မှာ ခရီးတစ်သောင်း (၁၀ တိုင်) ဝေးလျှင် အပ်ကလေးတစ်ချောင်းမျှပင် မသယ်ချင်လောက်အောင် လေးသည် ဟု ဆိုလိုသည်။

တစ်တာတွင် (၇)တောင်ရှိပြီး၊ တာပေါင်းတစ်ထောင်သည် တစ်တိုင်နှင့်ညီသောကြောင့် တစ်တိုင်တွင် (၇၀၀၀)တောင် ရှိသည်။ ယင်းပမာဏသည် ပေပေါင်း (၁၀၅၀၀) နှင့်ညီမျှသည်။ တစ်မိုင်တွင် (၅၂၈၀)ပေရှိရာ မိုင်ဖွဲ့လျှင် ၁.၉၉ မိုင်နှင့် ညီသည်။ သို့ဖြစ်၍ ဗြိတိသျှ (အင်္ဂလိပ်) အတိုင်းအတာများနှင့် ဆက်စပ်ရာတွင် အကြမ်းအားဖြင့် နှစ်မိုင်လျှင် တစ်တိုင် ရှိသည်ဟု ကျေးလက်ဒေသများတွင် မှတ်ယူထားကြသည်။

ခရီးအကွာအဝေးကို မိုင်(အင်္ဂလိပ်အတိုင်းအတာ) အစား တိုင် (မြန်မာအတိုင်းအတာ) ဖြင့် ခေါ်ဝေါ် သုံးစွဲမှုများမှာ ယနေ့တိုင်အောင် မြန်မာ့ ကျေးလက်ဒေသများတွင် တွင်ကျယ်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ခရီး (၁၀) မိုင် ဝေးသည် ဟု ပြောမည့်အစား ခရီး (၅) တိုင် ဝေးသည် ဟုသာ ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလတ်တန်းစား အတိုင်းအတာများ ဖြစ်သည့် လယ်ယာ ကိုင်းကျွန်း အတိုင်းအတာများကိုလည်း အလျား တာ မည်မျှ၊ အနံ တာ မည်မျှ စသည်ဖြင့်သာ ပြောဆိုနေကြဆဲ ဖြစ်သည်။ သည့်ထက်ပိုမိုတိုတောင်းသော အလျားအတိုင်းအတာ ဖြစ်သည့် သစ်၊ ဝါး စသည်တို့ကို တိုင်းတာရာတွင် သို့မဟုတ် အိမ်ဆောက်ရာတွင်မူ တောင် နှင့် ထွာ ကို အသုံးပြုကြသည်။


အလေးချိန်

အလေးချိန်ယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအလေးချိန်MetricImperial/US
ရွေးလေး136.078 mg2.1 grain
ရွေးကြီး272.155 mg4.2 grain
ပဲသား1.02058 g15.75 grain
မူးသား2.04117 g31.5 grain
မတ်သား4.08233 g63 grain
ငါးမူးသား8.16466 g0.288 oz
ကျပ်သား16.3293 g0.576 oz
အဝက်သား204.117 g7.2 oz
အစိတ်သား408.233 g14.4 oz
ငါးဆယ်သား816.466 g1.8 lb
ပိဿာ1.63293 kg3.6 lb
အချိန်တစ်ရာ163.293 kg360 lb

အချင်အတွယ်

အချင်အတွယ်ယူနစ်နှိုင်းယှဉ်ဇယား
မြန်မာအချင့်အတွယ်MetricImperialUS
လမြူ79.9118 ml21316 fl oz2.70214 fl oz
လမျက်159.824 ml5⅝ fl oz5.40428 fl oz
လမယ်319.647 ml11¼ fl oz10.8086 fl oz
စလယ်639.294 ml1⅛ pint1.35107 pints
ခွက်1.27859 l1⅛ qt1.35107 qt
ပြည်2.55718 l2¼ qt2.70214 qt
စိတ်10.2287 lgallons/
1⅛ pecks
2.70214 gallons/
1.16106 pecks
ခွဲ20.4574 l4½ gallons/
2¼ pecks
5.40428 gallons/
2.32213 pecks
တင်း40.9148 l9 gallons/
1⅛ bushels
10.8086 gallons/
1.16107 bushels

ချင့်တွယ်ပုံ

  • ၂ လမြူ = ၁ လမျက်
  • ၂ လမျက် = ၁ လမယ်
  • ၂ လမယ် = ၁ စလယ်
  • ၂ စလယ် = ၁ ခွက်
  • ၂ ခွက် = ၁ ပြည်
  • ၄ ပြည် = ၁ စိတ်
  • ၂ စိတ် = ၁ ခွဲ
  • ၂ ခွဲ = ၁ တင်း
  • ၁ တင်း = ၁၆ ပြည်

ငွေကြေး

မြန်မာ့ငွေကြေးယူနစ်ဇယား
မြန်မာငွေကျပ်ညီမျှမူ
ပြား
မတ်၂၅ ပြား
ငါးမူး၂ မတ်
ကျပ်ဆယ်မူး

ကိုးကား

  1. The World Factbook, Appendix G: Weights and Measures Web Pages Central Intelligence Agency (2010)။ 10 May 2010 တွင် ပြန်စစ်ပြီး။
  2. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.