သံချပ်

သံချပ်အဓိပ္ပာယ်

ယိမ်းချင်း၊ နတ်ချင်း၊ လှေတော်သံ စသော သီချင်းတို့၏အကြား၌ ထည့်သွင်းချပ်ညှပ်၍ တိုင်ကာ ဖောက်ကာ သီဆိုရသော သီချင်းသံတိုမျိုး ဖြစ်သောကြောင့် 'သံချပ်' ဟုခေါ်သည်။

စပ်နည်း

သံချပ်စပ်ရာတွင် အတိုင်၊ အဖောက် တစ်စုံစီ ပါရမြဲဖြစ်သည်။ အတိုင်ပိုဒ်တွင် ခုနစ်လုံးခံ၍ အပေါက်ပိုဒ်တွင် ခုနစ်လုံးဖြစ်စေ၊ ရှစ်လုံးဖြစ်စေ အုပ်ရသည်။ ကာရန် ယူပုံမှာ ၇ - ၃ သို့မဟုတ် ၇ - ၄ ဖြစ်သည်။

နမူနာ

အတိုင်။ ။ ဘုန်းတော်ကြီးလို့ သက်တော်ရှည် (ရှေ)


- - - - - - +


အဖောက်။ ။ တို့တတွေ ရေချမ်းအိုးကြီး


- - + - - - - ။


နမူနာပြ ကဗျာများ

၁။ မိုးလားကွဲ မောင်တို့ မောင်တို့။ လေလားကွဲ့ မောင်တို့ မောင်တို့။ (သံချပ်အချီ)


၂။ ဘုန်းတော်ထွန်းလို့ လေးကျွန်းသာ ရွှေမြို့အောင်ချာ နတ်ပြည်အလား


၃။ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ့မမ။


၄။ ရွှေလက်ခုပ် အုပ်ကာတီး ပျောသီးမှည့်မှည့် စားရအောင်။


၅။ အိုးစည်သားများ ကျက်သရေ ကမ္ဘာသင်္ချေ ပြောလို့မဆုံး။


၆။ တေဇာ ဝေဖြာ ကြေငြာကျော် မိုးပေါ် ဘိုးတော် မ တဲ့ရပ်သား။


၇။ ဟေ့လား မောင်တို့ ဝါး။ (သံချပ်အချ)

ယခုအခါ သင်္ကြန်ပွဲတွင် သံချပ်ကဗျာများ အထူးခေတ်စားသည်။ သံချပ်ဝိုင်းများကို လူအများ ဝိုင်းအုံနားထောင်ကြသည်။ တိုင်းပြည်၌ ပြုပြင်စရာကိစ္စများကို လှောင်ပြောင်ရယ်မောယင်း ဟာသဉာဏ် ပါသော အကျိုးပြုအသိပေးသံချပ်များ စပ်ဆိုသည်မှာ မြန်မာ့အစဉ်အလာတခု ဖြစ်ပေသည်။ [1]

ကိုးကား

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.