ဒွေးချိုး

ဒွေးချိုး

အချိုး နှစ်ချိုးပါဝင်သော ကဗျာမျိုးဖြစ်သည်။ ပထမအချိုးကို အခံဟူ၍လည်းကောင်း၊ အချီဟူ၍ လည်းကောင်းခေါ်၍ ဒုတိယအချိုးကို အအုပ် ဟူ၍လည်းကောင်း၊ အချ ဟူ၍လည်းကောင်း ခေါ်သည်။ နှစ်ဆစ်ချိုး ဟူ၍လည်း ခေါ်ကြသေးသည်။

ဒွေးချိုးစပ်နည်း

အချိုးနှစ်ချိုးရှိသည့်အနက် အခံချိုးတွင် အနည်းဆုံး နှစ်ပိုဒ်ဖြင့်ရေးပြီး အအုပ်ချိုးတွင် အနည်းဆုံးနှစ်ပိုဒ်ဖြင့် အုပ်လေ့ရှိသည်။
၂ ပိုဒ်ခံ - ၂ ပိုဒ်အုပ် ဒွေးချိုး
၂ ပိုဒ်ခံ - ၃ ပိုဒ်အုပ် ဒွေးချိုး
၃ ပိုဒ်ခံ - ၃ ပိုဒ်အုပ် ဒွေးချိုး
၃ ပိုဒ်ခံ - ၄ ပိုဒ်အုပ် ဒွေးချိုး စသည်ဖြင့် စိတ်ကူးဉာဏ်ရှိသလောက် ကွန့်မြူးရေးသားနိုင်သည်။
ဒွေးချိုးကဗျာတွင် ပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်) များသည် ချသံများ ဖြစ်ရသည်။ အထူးသဖြင့် ဝိသဇ္ဇနီသံများ ဖြစ်လေ့ရှိသည်။ မည်သည့်အခါမျှ ချီသံ ခေါ် တက်သံမဖြစ်စေရ။ ထို့ပြင် ပိုဒ်တွင်းကာရန်များ လည်း ရှိသည်။[1]

ကိုးကား

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.