ဆဘောင်းထယ်ရွာ၊ မတူပီမြို့နယ်

ဆဘောင်းတယ်ရွာ(အင်္ဂလိပ်: Sabaungte, မရာ: Fabau/Sabyh(Tlosaih))သည် ချင်းပြည်နယ်မတူပီခရိုင်မတူပီမြို့နယ်ဆဘောင်းထယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၀၉၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆဘောင်းထယ်ကျေးရွာအုပ်စုတွင် ကျား ၉၆၈ ဦး၊ မ ၉၂၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၉၃ ဦး နေထိုင်သည်။ [1]

ဆဘောင်းတယ်
ရွာ
ဆဘောင်းတယ်ရွာ
ဆဘောင်းတယ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°08′41″N 93°06′32″E
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မတူပီခရိုင်
မြို့နယ်မတူပီမြို့နယ်
ကျေးရွာအုပ်စုဆဘောင်းထယ်
ဧရိယာ
  စုစုပေါင်း၁.၆၉ စတုရန်းမိုင် (၄.၃၈ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၆၀၀ ပေ (၁၄၀၂.၄၄ မီတာ)
လူဦးရေ (2020)၂၀၀၀
လူမှုပထဝီဝင်
  လူမျိုးစုမရာ
  ကိုးကွယ်မှုခရစ်ယာန်
  ဘာသာစကားမရာ(ဆဘောင်စကား)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လက်ရှိ အချိန်တွင် ဆဘောင်းတယ်ရွာ၌ စစ်ကြောင်းမှူးဦးစီးသော ရှေ့တန်းတပ်စခန်း၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၊ တက္က သိုလ်ဝင်ခွင့် စာမေးပွဲစာ စစ်ဌာန၊ မြန်မာ့ဆက်သွယ်ရေးစခန်း၊  ဆက်သွယ်ရေး စခန်းနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစာစစ်ဌာန [2] လုံခြုံရေးရဲကင်း၊ ကျေးလက် ကျန်မာရေးဌာနခွဲ၊ မရာဧဝံဂေလိအသင်းတော် ဘုရားကျောင်း(၂)ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ တည်ရှိသည်။ သမိုင်းကြောင်းအရ ဖော်ပြရပါလျှင် နယ်ချဲ့ အင်္ဂလိပ်တို့နှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် ရွာလည်းဖြစ်သည်။ မရာလူငယ်အသင်း (MTP)၏ဌာနချုပ်ကို ဆဘောင်းတယ်ရွာတွင်ရုံးစိုက်ထားပါသည်။

ဆဘောင်(ဖဘောင်)ရွာမှတဆင့် ထပ်မံခွဲထွက်သေားရွာများမှာ-

  1. လှုံမာန်းရွာ (Hloma) ၁၉၁၂ခုနှစ်၊ ဦးရှိမှိုဦးဆောင်မှုဖြင့် ခွဲထွက်တည်ထောင်သည်။
  2. ပါရာရွာ (Para)ကျေးရွာ၊ ပလက်ဝမြို့နယ်၊ လိုင်းဒေး(၂) ဦးဆောင်မှုဖြင့် ၁၉၁၈ခုနှစ်တွင် ခွဲထွက်တည်ထောက်သည်။ [3]
  3. ရှာအိုရွာ (အင်္ဂလိပ်လို Sharoh, မရာလို Hra-ao/Tlopi)၊ ၁၉၄၈ခုနှစ်တွင် လိုင်ခေါခီထီဦးဆောင်မှုဖြင့် တည်ထောင်သည်။
  4. ရာရီတောင်(Raritlah) ၁၉၃၄ခုနှစ်တွင် မီဇိုးနှင့် ဖဘောင်ရွာသားများက တည်ထောင်သည်။ [4]

အမည်ရင်းမြစ်

မူလနာမည်မှာ ဖဘောင် ဖြစ်သည်။ ဖဘောင်မှ ဆဘောင်း ဖြစ်လာခြင်းမှာ မရာဘုံစာပေဖြင့် အသုံးပြုသော (Tlosaih) စကားမှာ ဖ (f) အသံမရှိခြင်းကြောင်း ဖဘောင်ကို ဆဘောင်ဟု အသံထွက်သည်။ ဖဘောင်(ဆဘောင်)ကို Sabeu[5] ဟု ဒလဲန်ခက်(စ်)စာအုပ် (The Lakhers) တွင် အင်(န်)အီးပဲရီး (NE Parry) က ဖော်ပြရေးသားပါသည်။

တည်နေရာ

မြောက်လတ္တီကျူး 22° 8'17.76"N, အရှေ့လောင်ဂျီကျူး  93° 6'53.50"E နှင့် မြောက်လတ္တီကျူး  22° 9'4.24"N,  93° 6'11.79"E အရှေ့လောင် ကြားတွင်တည်ရှိသည်။ အနောက်ဘက်နှင့် မြောက်ဖက်တွင် အိန္နိယနိုင်ငံနှင့်နယ်နိမိတ်ခြင်းထိစပ်နေသည်။ အနောက်ဘက် တီးဆီးချောင်းနှင့် ပါရာချေင်းဆုံတွင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အမှတ် (၁၉) နှင့် မြောင်ဘက်ကရိန်တောင်တန်းပေါ်တွင် နယ်နိမိတ်ကျောက်တိုင် အမှတ်(၂၀၊ ၂၁၊ ၂၂)တို့တည်ရှိသည်။ အိန္နိယ-မြန်မာနယ်နိမိတ်ကျောက်တိုင်ကို ၁၉၆၇-၆၈ ခုနှစ်၊ ဦကျာချိုး U Chachho, Tothapaw (တုံထန်အဖေ)၊ ဖဘောင်(ဆဘောင်းတယ်) ကျေးရွာ ဥက္ကဌ တာဝန်ထမ်းဆောင်စဉ်ကာလ (၁၉၅၉-၁၉၆၉)တွင် နှစ်နိုင်ငံ စိုက်ထူခဲ့ကြသည်။

သမိုင်းကြောင်း

အေဒီ ၁၆ရာတွင် ဟားခါးအနီး ချုံကျိုးရွာမှ ညီအစ်ကို(၁၀)ဦး[6]သည်

  1. နေရာ ခီထီ(Neira Khithie)
  2. လိုင်ချေ ခီထီ(Laichhei Khithie)
  3. ဟီဘုန် ခီထီ(Hiebô Khithie)
  4. ဟီထန် ခီထီ(Hietha Khithie)
  5. အာဘီ ခီထီ(Abi Khithie)
  6. လိုင်ချောင် ခီထီ(Laichhau Khithie)
  7. ရယ်ဒွန် ခီထီ(Riadao Khithie)
  8. ဒုန်ဒိန် ခီထီ(Dôdie Khithie)
  9. ကရို (Karô Khithie)
  10. ဖာဟယ်(Fahia) ရွာသစ်တည်ထောင်ရန် ထွက်လာခဲ့ပြီး ဘိုတုန်ရွာ ယခု ထန်တလန် မြို့အနီး တည်ထောင်သည်။ ၎င်းရွာတွင် ပထမဆုံးမွေးသော ကလေးနာမည်ကိုလည်း ဘိုတုန်ဟုမှည့်ခေါ်ကြသည်။ ဘိုတုန် ခီထီနာမည် ဆက်ခံသူခု လှုံမန်ရွာတွင်လက်ရှိနေထိုင်လျက်ရှိသည်။

ဘိုတုန်မှ ရေကြည်ရာ မြက်နူးရာကို ဆက်လက်ရှာဖွေ ကူးပြောင်းလာကြပြီး လှမ်ဖေဒေသ (Hraphe)တွင် ရွာတည် နေထိုင်ခဲ့ကြသည်။ လှမ်ဖေတွင် နေထိုင်နေစဉ် လိုင်ချေသားဖွန်ဖါသည် မြှားပစ် ကျွမ်းကျင်သူဖြစ်၍မြှားဖြင့် ပစ်သတ်သော သားကောင်ဦးခေါင်း ခွံအမြှောက်အများကို အိမ်ဦးကော်ရယ်ဒါထိတ်၌ ချိတ်ထားသည်။ ခရီးထွက်လာသော တလာရွန်ရွာသားသည် လှမ်ဖေရွာရောက်လာပြီး လိုင်ချေသား ဖွန်ဖါအိမ်၌တည်းခိုစဉ် ဖွန်ဖါနှင့် ခင်မင်ရင်းနှီးပြီး ဖွန်ဖါလေးမြှားပစ် ကျွမ်းကျင်မှုကို စိန်ခေါ်ခဲ့သည်။ သူတို့ စိန်ခေါ်ပွဲ့သည် လောင်းကြေးအဖြစ် ကတိသစ္စာဆိုကြသည်။ တလန်ရွန်ရွာသားက တောင်ထိတ်ပေါ်မှာ သွားနေပြီး ဖွန်ဖါက သူ၏ဖင်ကို သွေးမထွက်စေဘဲပစ်ရမည်ဖြစ်သည်။ တကယ်များလို့ ဖင်ထဲမြှားဝင်သွားပြီး သေခဲ့လျှင် အပြစ်ယူမည်မဟုတ်ကြောင့် မထိမှန်ခဲ့လျှင် လျှေ်ရမည်ဟု ကတိပြုကြလေသည်။ ကတိအတိုင်း ဖွန်ဖါကပစ်လေရာတွင် တလန်ရွန်သား၏ ဖင်ပေါက်ကို သွေးထွက်ခြင်းလုံးဝမရှိဘဲ မြှားဝင်အောင်ပစ်သဖြင့် သေသွားသည်။ တလန်ရွန်သားသေသွားသောသွားကြောင့် သူ၏ရွာသားများ ကလဲစားချေမှာကို ကြောက်ရွံ့သော လှမ်ဖေရွာသားများသည် ထွက်ပြေးလာတော့သည်။ လှမ်ဖေရွာမှ ရိုင်ခွန်ရွာ(ယခု ဆီးဇိုး/ ငဖိုင်သဲအနီး)တွင် ရွာတည်နေလာခဲ့သည်။ [7] ရိုင်ခွန်ရွာသားများသည် ဖန်တလိုင်း ခိုင်မီချိုနှင့် ခိုင်တေ ခူးလယ်တို့နှင့် ပေါင်းမိကြသည်။ [8]

ငဖိုင်ဆီးဇိုးတည်ထောင်ခြင်း။

လိုင်ချေသား ဖွန်ဖန် ခီထီ၊ ဖန်တလိုင်ခိုင်မီချိုနှင့် ခိုင်တေခူလယ် နှင့် ရွာသားများသည် ၁၆ရာစုလယ် ဝန်းကျင်တွင် ငဖိုင်ဆီးဇိုးရွာကို ဆက်လက်တည်ထောင်ခဲ့သည်။ မန်လှီ ကျေဇာကို ရွာသူကြီးမင်းဖြင့် ပင့်ခေါ်ကြသည်။ ‌ငဖိုင်ဆီးသည် လက်ရှိ ငဖိုင်သဲရွာဖြစ်သည်။ လိုင်ချေသား ဖွန်ဖါ၏ဇနီးသည် ဖန်တလိုင်းသမီး ဇော်လှောင်ခိုင်မီချိုဖြစ်သည်။ ဖွန်ဖါဇနီးမောင်နှံတို့၏ သားများသည် ကာယဗလကောင်းမွန်ကြပြီး လေးမြှာားပစ်ကောင်းစွာ ကျွမ်းကျင်ကြသည်။ တောထဲဝင်ပြီး လေးဖြင့်မြှားကိုပစ်ကာ မြှားရောက်ခဲ့သမျှနေရာများကို ငါနယ်မြေဟု ပိုင်နက်ကိုချဲ့ကြသည်။ သူတို့ ဦးလေး ဖန်တလိုင်းက သူ့တူလေးတွေ၏ အပြုအမှုကို စိတ်နာသွားပြီး အောက်ပါအတိုင်း သီချင်းဖွင့်ဆိုလေတော့သည်။ “Zawhlau Khithie, zao raela la, Laorah bake bahra haw ta” အဓိပွယ်မှာ “ဇော်လှောင်မျိုးဆက် ခီထီမျိုးရိုးများ, တောရှိပိန်ဥကဲသို့ ပိန်ခြောက်ကပ်ပါစေ” ဟုဖြစ်သည်။ အဲ့ဒီအချိန်မှစ၍ ဖွန်ဖါနှင့် ဇော်လှောင်မျိုးဆက်များသည် ကျန်းမာရေးမကောင်းဘဲ နာတာရှည်ခံစားကြသည်။ ထိုကြောင့် သူတို့ ဦးလေးဖန်တလိုင်အား ဦးလေးရယ် သီချင်းကောင်းပြန်ဆိုပေးပါ ငါတို့မျိုးသုတ်သွားမည်ဟု တောင်းပန်ကြသည်။ ထိုကြောင့် ဖန်တလိုင်းက “Zawhlau Khithie, thaw raela, chotlothloh vao tah hawta” အဓိပ္ပယ်က “ဇော်လှောင် ခီထီမျိုးဆက်၊ အိမ်မွေးဝက်ကဲ့သို့ ကြပါစေ” ဟုဖြစ်သည်။ ထိုချိန်မှာစ၍ ဖွန်ဖါဇနီးမောင်နှံ သားသမီးများ ပြန်လည်ကျန်းမာလာသည်ဟုဆိုသည်။ မရာဆိုရိုးတွင် အမေဖက်ဦးလေး စကားကို တန်ပြန်နိုင်ခြင်းမရှိခြင်းကို တောင်ခြေမှတောင်ထိတ်ဖက့် ကျောက်ခဲလုံးပစ်လွဲခြင်းခက်ခဲပုံနှင့် ခိုင်းနှိုင်းခြင်း (Mara mo Pupa bie ie thei y vei, chakhala alo pazaw thei y vei, na puhpa pahniesao kha na chhao a zao aw” “Napupa pahniesao kha na chao a zao aw” ဟူ၍လည်းကောင်း၊ "ဦး‌လေးများကို ကဲ့ရဲလှောင်ပြောင်ပြောဆိုခြင်း မပြုကြရန် တားမြစ်ထားသည်။ ထိုကဲ့သို့ ပြုမိလျှင် သုခိသဘဝသို့ ရောက်နိုင်သွားမည် ဟူသောဆိုရိုးစကား"သည် ဒီအဖြစ်အပျက်မှ ပြောဆိုလာခြင်းဖြစ်မည်ဟု ယူဆမိသည်။

မန်လှီ(၁)ကို ရွာသူကြီးမင်းအဖြစ် ပင့်ခေါ်ရခြင်း။

လိုင်ချေသား ဖွန်ဖါ ခီထီ (Fawfa)သည် တလာရွန်းရွာသားများနှင့် ရန်သူဖြစ်နေသည်။ ဖန်တလိုင်းခိုင်မီချိုလည်း ပထမနေလာခဲ့သော လုံကျွေးရွာသား ထန်ဘီး(Thabie)နှင့် အဆင်မပြေသူဖြစ်သည်။ ခိုင်းတေ ခူးခယ်လည်း နှာရိမ်သူကြီးမင်းနှင့် အဆင်မပြေသူဖြစ်သည်။ ထိုကြောင့် သူတိုရွာ ငဖိုင်ဆီးယိုးရွာသည် သူတို့၏ ရန်သူများက ဝန်းရံနေသည်။ သူတို့တစ်ဦးကိုတစ်ဦး ဩာဇာလွမ်းမိုးနိုင်းခြင်းမရှိတော့။ ထိုကြောင့် လှိုင်ဖွန်သူရွာကြီးမင်းကို ပင့်ခေါ်ခဲ့သော်လည်း အဆင်မပြေသဖြင့် လှိုင်ဖွန်သူရွာကြီးမင်း၏ သားသမက် မန်လှီ(၁)ကျေဇာကို ပင့်ခေါ်လာပြီး ရွာသူကြီးမင်းတင်မြောက်ခဲ့ကြသည်။

ပထမ ဖဘောင်(ဆဘောင်)ရွာ။

တစ်နေတွင် ပွဲသဘင်ကျင်းပနေချိန် ရွာပြင်မထွက်ဘဲ ရွာတခါးပိတ်ချိန်တွင် ခီထီမျိုးရိုးမှ အဖွားအိုတစ်ဦးသည် ရွာသားများမသိဘဲ ထင်းရှာထွက်လေသည် တောထဲတဦးတည်းရောက်နေချိန်တွင် တလန်ရွန်းရွာသားများသည် ဖွန်ဖါက မြှားဖြင့်ပစ်ခြင်းကြောင်း သေသွားသော သူတို့ရွားသားကို ကလဲစားချေသည့်အနေဖြင့် သတ်ဖြတ်ခဲ့ကြသည်။ ထိုကြောင့် ခီထီမျိုးရိုးများသည် ဆီးယိုးမှာနေလာခဲ့သော (၁၀၀)နှစ်ကျော်နေလာခဲ့ပြီးနောက် ဆက်လက်မနေရဲတော့ဘဲ မန်လှီ(၂)သားကြီး ဆယ်ရို(၁)ကို ရွာသူကြီးမင်းအဖြစ်ခေါ်လာပြီး၊ တူ/တူမ(Tusawzy)များကို ခေါ်လာကာ ဆဘောင်ဘောင်း(Fabauh bau) (ယခု ငဖိုင်(ခ)မျက်နှာချင်းဆိုင် ဆဘောင်းချောင်းဖျားတွင် ရွာတည်ခြင်းကို အစွဲပြုပြီး ဖ(ဆ)ဘောင်မေး(Fabau mei)ဟူသောမည်ဖြင့် နေထိုင်လာခြင်းဖြစ်သည်။ မေး (Mei)၏ အဓိပ္ပယ်မှာ ရွာသားများဟူူ၍ ဖြစ်သည်။ ဖဘောင်ရွာကို တည်ထောင်သူများတွင် အဓိက ခီထီမျိုးရိုး(Khithie Pho)များဖြစ်သော်လည်း ယောက်ခမ၊ ယောက်ကထီးတော်စပ်သူများ၊ သားသမက်တော်စပ်သူများနှင့် အခြားမိတ်ဆွေများ ဖြစ်ကြားသော လာဝေါ် (Lavau), ခူလယ်(Khule), ဘီးဟိန်း (Bieho), မှုန်းချီ(Hmochhi), ဖော်တလှောင်း (Fathlau), စိုးလိုး(Solo)၊ ကနိုး(Kahno) စသောမျိုးရိုးများလည်းပါဝင်သည်။

တလန်ရွန်သားများနှင့် ငြိမ်းချမ်းရေးယူခြင်း။

လက်ရှိ ငဖိုင်ပီအနီးရှိ အွန်ကျင်ချောင်းတွင် ငါရှာနေစဉ် ဦးဘောင်းခေလာဝေါ်က အလွန်လှပသောဆင်စွယ်တွေ့ရှိသဖြင့် ၎င်းဆင်စွယ်ဖြင့် တလန်ရွန်းရွာသားများကို သွားရောက် ဆက်သပ် တောင်းပန်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှု လုပ်နိုင်ခဲ့ကြသည်။ ထိုချိန်မှစ၍ ဖဘောင်(ဆဘောင်း)ရွာသားများသည် ရန်သူမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြသည်။

ဟွန်ရွန်ရွာတည်ခြင်း။

ဆဘောင်ရွာမှာ ၎င်းနာမည်ဖြင့် ဝွန်ဘောင်တွင် ပြောင်းရွေးပြီးနောက် ခီပီလူကို (လက်ရှိ ခွန်ပီးလူရွာနေရာ) ပြောင်းနေလာသည်။ ခွာပီလူမှ ဘီးနိုး (ကုလန်တန်)မြင့်ကို ဖြတ်ကျော်ပြီး ကရိန်တောင်တွင် ဟွန်ရွန်ရွာကို ၁၇၆၀ပြည့်နှစ် ဝန်းကျင်းတွင် တည်ထောင်သည် ဟွန်ရွန်ရွာသစ် ရှေးဦးပြေးကြည့်ရှုသူများမှာ

  1. လိုင်ချေင်ခီထီ(Laichhaua Khithie)၊
  2. ဖော်တလှောက်(Fawthlau)၊
  3. ဦးကျွမ်းကာဘီဟွန်း(Chaekae Bieho)၊
  4. လယ်ဇွန်မှုန်းချီ (Lezao Hmochhi) တို့ဖြစ်သည်။

ဆ(ဖ)ဘောင်းရွာသားများ ဟွန်ရွန်တွင် နေထိုင်နေစဉ် မန်လှီ(၂)သားလတ် ဘီဟရန်နှင့် အပေါင်းပါရွာသားများသည် ခု ဖန်တလန်(Meisakotla)တွင်ခိလှုံနာမည်ဖြင့် နေထိုင်စဉ်ကာလဖြစ်သည်။ ဇထန်သေဆုံးမှုတွင် ထန်တလန်မှာ ကလဲစားချေလာရာ ဦးဝါဆိုင်(၁)ကိုလည်း ဇာထန်သေးဆုံးမှုမှာ ပါဝင်ပတ်သက်သည်ဟု မသင်္ကာသဖြင့် ခိလှုံရွာသားများကိုလည်း ထန်တလန်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ကြသည်။

ဆဘောင်းရွာသားများသူကြီး ဆယ်ရို(၁)မျိုးဆက်မရှိတော့သဖြင့် ဘီဟရန်(၂)သား ဘီးဟရီးကို သူကြီးဖြင့် ပင့်ခေါ်ခဲ့ကြပြန်သည်။ ဆ(ဖ)ဘောင်ရွာသားများသည် ဟွန်ရွန်ရွာတွင် နှစ်ပေါင်း(၉၀)ကျော်နေထိုင်ခဲ့သည်။ ဟွန်ရွန်ရွာသည် မီးလောင်ပြာကျသွားခဲ့သော်လည်း ရွာကိုပြန်လည်ထူထောင်နိုင်ခဲ့ကြသည်။ ဟွန်ရွန်ရွာမှာ ခီအိတ်၊ ကျဒေါရွာများကိုတွင် ပြောင်းရွေးနေထိုင်ခဲ့သော်လည်း ၎င်းရွာများတွင် ကြာရှည်နေထိုင်ခဲ့ကြခြင်းမရှိပေ။ ဟွန်ရွာတွင် ဖဘောင်(ဆဘောင်း) ရွာသားများသည် အိမ်ခြေ ၁၀၀ကျော်ဖြစ်လာသည်။ ဟွန်ရွန်ရွာတွင် ဖဘောင်မေး(Fabauh Mei) သည် အခြားရွာမှ မိတ်ဆွေများ လာရောက်ပေါင်းစည်းခြင်း၊ နဂိုမူလာ ထွက်လာခဲ့သူများကို လူဦးရေတိုးပွားခြင်းကြောင့် အင်းအားကြီးသောရွာဖြစ်လာသည်။

အတူရွာတည်ခြင်း။

၁၈၆၈ခုနှစ်တွင် အာတူရွာကို ပြောင်းရွေးတည်ထောင်ခဲ့ ကြသည်။ ၁၈၈၀ ဝန်ကျင်တွင် အာတူရွာမှာ ခီလှုံရွာသားနှင့် တေကွန်းရွာသားများက ဆဘောင်းရွာမှာ ဝင်ပေါင်းစည်းခဲ့သည်။ ၁၈၉၈ခုနှစ် ဝန်ကျင်တွင် ဆဘောင်ရွာသားများသည် အာတူရွာမှ ဗန်ကွားငန်ရွာ၊ လုံဖင်ရွာကို ပြောင်းရွေး နေထိုင်ခဲ့လေသည်။ လုံဖင်ရွာတွင် ဘီဟရီး ကွယ်လွန်သွားပြီး ဘီဟရီးမျိုးဆက်လည်း မရှိဘဲဖြစ်သွားပြန်သဖြင့် ဆဘောင်င်ရွာကို လိုင်ဒေး(၂)က အုပ်ချုပ်နေစဉ်တွင် ခိလှုံရွာသူကြီးမင်း ဘီးဟရန်၏ ဩာဇာကပိုညောင်းလာသည် အကြောင်းမှာ လိုင်ဒိန်း(၂)၏ ဇနီးသည် ဘီဟရန်(၂)သမီး ဗန်ဆိုင်(၂)နှမဖြစ်နေသည်။

တေကွန်းရွာသားများနှင့် ခိလှုံရွာသားများသည် အာတူရွာမှာ နေထိုင်ဆက်ဖြစ်သည်။ ၁၉၀၇ခုနှင့်တွင် ပလုန်းသူကြီးက ဘီရန်အား လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လာသဖြင့် ဆဘောင်းရွာသားများမှ (၁၅)ဦးနှင့် ခိလှုံရွားသားများမှ (၁၀)စုစုပေါင်း (၂၆)ဦးသွားရောက်လည်ပတ်စဉ် ၎င်းတို့အားလုံးနီပါး ပလုန်းသူကြီး ဘီဟယ်၏ သတ်ဖြတ်ခြင်းခံခဲ့သည်။ ခိလှုံရွာမှတစ်ဦးနှင့် ဆဘောင်ရွာမှာ လိုင်ချိုး၊ တေကွန်းရွားသားများမှ ဒေါ်လိန်(ဒါရ်လင်း) အပါအဝင် သုံးဦးလွတ်မြောက် ထွက်ပြေးလာခဲ့သည်။

ဘီဟရန်ကွယ်လွန်ပြီးနောက် ခိလှုံရွာသားများသည် ၁၉၁၀ခုနှစ်တွင် ယခုလက်ရှိနေထိုင်သော လုန်ပုရွာသုံးပြောင်းရွေးနေထိုင်ခဲ့ပြီး တေကွန်းရွာသားများလည်း မူလနေရာ ယခု ဒါရ်လင်း(တေကွန်း)ရွာကို ပြန်ပြောင်းခွဲထွက်သွားပြန်သည်။ ၁၉၀၇ခုနှစ် ဘီရန်ကွယ်လွန်ပြီးနောက် ဝါဆိုင်(၃)က ခိလှုံသူကြီးဆက်ခံခဲ့သည်။

၁၉၁၂ခုနှစ်တွင် စီးမှုန်ဦးဆောင်သော ဆဘောင်ရွာသားများသည် လှုံမန်းရွာကိုတည်ထောင်သည်။ ၁၉၁၈ခုနှစ်တွင့် လိုင်ဒေး(၂)ဦးဆောင်သော ဆဘောင်ရွာသားများသည် ပါရာကျေးရွာကို တည်ထောင်သည်။ ၁၉၂၄ခုနှစ်တွင် ဝါဆိုင်ညီ မန်းထန်ကို ဆဘောင်းရွာသူကြီးဖြင့် ပင့်ခေါ်ရောက်ရှိလာသည်။ လွတ်လပ်ပြီးခေတ်တွင် လိုင်ခေါခီထီဦးဆောင်သော ဆဘောင်ရွာသားများသည် ရှာအို (တလိုပီး)ရွာကိုတည်ထောင်ခဲ့သည်။ ရွာအိုရွာတွင် ရိုင်ပီးရွာမှပြောင်းရွေးလာသော လောင်တူမရာများလည်းရှိသည်။ သူတို့သည် ချာချိင်မျိုးရိုး။ ဇော်ထန်မျိုးရိုးနှင့် ဖူတိုမျိုးရိုးများဖြစ်ကြသည်။

ဖဘောင်(ဆဘောင်း)မှ "‌တယ်"ပါလားခြင်း

ဆဘောင်းရွာသားများ၏ ပထမသူကြီး ဆယ်ရို(၁)မျိုးဆက်များမရှိတော့သည့် အတော့အတွင်းမှာ ခိလှုံသူကြီး ဝါဆိုင်(၁)မျိုးဆက်မှ ဘီရီးနှင့် လိုင်ဒေး(၂)များက ဆဘောင်သူကြီး တာဝန်ကိုယူလာတာကို အခွင့်ကောင်းယူပြီး ဝါဆိုင်(၃)က သူနေထိုင်သောရွာခီလှုံ(လုန်ပု)ကို ဆဘောင်းပီဟုလည်းကောင်း၊ သူ့ဦးလေးဘီရီးနှင့် သူ့သမက်တော်သူ  လိုင်ဒေး(၂)အုပ်ချုပ်ခဲ့သော နောက်ပိုင်း သူ့ညီထွေး မန်းထန်အုပ်ချုပ်သော ဆဘောင်ရွာကို ဆဘောင်းတယ်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်များအား မှတ်တမ်းတင်စေပြီး လွတ်လပ်ရေးရပြီးနောက် ပြည်နယ်အစိုးရတွင်လည်း သူ၏ဩာဇာဖြင့် ခိလှုံအစား ဆဘောင်းပီဟုလည်းကောင်း၊ ဆဘောင်အစား ဆဘောင်းတယ်ဟူ၍ စာရင်းတင်သွင်းခဲ့သောကြောင်း ဆဘောင်းပီ၊ ဆဘောင်းတယ်ဟု အစိုးရတွင် ဖြစ်လာလေ တောသည်။

ခိလှုံဟူသော နာမည်သည် ယခုဖန်တလန်(Meisakotlah)သည် မရာတွေမနေထိုင်ခင် ခူမီးလူမျိုးများနေထိုင်ခဲ့သော ရွာဟောင်းနေရာကို အစွဲပြုပြီး ဝါဆိုင်(၁)နှင့် အဖွဲ့ရွာသားများ ဆီးယိုးမှစတင်နေထိုင်စဉ် ခိလှုံ(khihlo)ဟု ခေါ်ဝေလာခြင်းဖြစ်ကြောင့် ရှေးဆိုရိုးစကားရှိသည်။ ဆဘောင်းရွာကို တည်ထောင်ခဲ့သော ခီထီမျိုးရိုးများသည် ငဖိုင်အုပ်စုများဖြစ်ဖေါ်လာစေသော ဆီးယိုးငဖိုင်ရွာ စတင်တည်ထောင်စဉ်ကတည်းက အဓိကဦးဆောင်သော အဖွဲ့သားများတွင် ပါဝင်သည်။ လိုင်ချိန်ခီထီဦးဆောင်သော ခီထီမျိုးရိုးရွာဖြစ်သော ရိုင်ခွန်ရွာမှ ဖန်တလိုင်းခိုင်မီချိုနှင့် ခိုင်တေခူးလယ်အပါအဝင် ဆီးယိုးငဖိုင်ကို ဘီစီ(၁၆၀၀)ဝန်ကျင်မှာ တည်ထောင်ခဲ့ကြသည်။ ယခုဖန်တလိုင်ကျောက်ဂူသည် သူတို့နေထိုင်ခဲ့သော နေရာမဟုတ်ဘဲ ရိုင်ခွန်ရွာမှ တောလည်ထွက်လာချိန်တွင် ဝင်ခိုးအောက် နားနေလေ့ရှိသောနေရာကို ဖန်တလိုင်ကျောင်ဂူဟု အစွဲပြုခေါ်ခဲ့ကြသည်။

အုပ်ချုပ်ရေး

လွတ်လပ်ပြီးခေတ်အုပ်ချုပ်ရေ၊

၁၉၅၄ ခုနှစ်ထိ၊ ဆီးဇိုး ငဖိုင် ရွာသူကြီးမင်း မန်လှီ(၁)ကျေဇာ  မျိုးဆက်များက အုပ်ချုပ်ခဲ့ကြသည်။ မန်လှေး(၁)ကျေဇာမျိုုးဆက် နောက်ဆုံး ဖဘောင်(ဆဘောင်း) သူကြီးမင်းသည် ခိလှုံမျိုးနွယ်  သူကြီးမင်း ဦးဘီဟရန်၏ သားထွေး ဦးမန်းထန်၊ ဖြစ်သည်။ ၁၉၅၄ နောက်ပိုင်း ရွာသူကြီးများသည် အောက်ပါအတိုင်းဖြစ်သည်။

No

စဉ်

Moh(နာမည်) ခုနှစ် Sawkha (အစိုးရ) သက်တမ်း
1 Puhpa Lailei (Rezaepaw) 1954 - 58 ဒီမိုကရက်စီအစိုးရ + အိမ်စောင့်အစိုးရ (ဖဆပလ) 4နှစ်
2 Puhpa Chachhô (Tôthapaw)[1] 1959 - 69 အိမ်စောင့်အစိုးရ + ဒီမိုကရက်စီအစိုးရ+ တော်လှန်ရေးကောင်စီ 10 နှစ်
3 Puhpa Laitlie (Hrachopaw) 1970 - 73 တော်လှန်ရေးကောင်စီ 5 နှစ်
4 Puhpa Ido (Thlaisohpaw) 1974 - 82 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် 8 နှစ်
5 Puhpa Hlikô (Sâkôpaw) 1982 - 85 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် 1 နှစ်
6 Puhpa Hiethau (Laukâpaw) 1986 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် 4 နှစ်
7 Puhpa Dielei (Ngôkhepaw), Hlomâ 1987 - 88 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် 3 နှစ်
8 Puhpa Teichha 1988 - 89 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် 2 နှစ်
9 Puhpa Dôhmô[2] 1989 - 90 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 2 နှစ်
10 Puhpa Liebie (Zadopaw) 1990 - 91 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 2 နှစ်
11 Puhpa Redau (Naunaupaw) 1991 - 92 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 2 နှစ်
12 Puhpa Tekô (Salipaw)[3] 1992 - 95 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 3 နှစ်
13 Puhpa Bichei (Chiechepaw) 1995 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 1 နှစ်
14 Puhpa Kheimau (Vabiekhaipaw) 1996 - 97 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ 2 နှစ်
15 Puhpa Hraitu (Blessingpaw) 1997 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 1 နှစ်
16 Puhpa Biekhu (Masipaw) 1998 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 1 နှစ်
17 Puhpa Kheimau (Vabiekhaipaw)[4] 1999 - 00 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 3 နှစ်
18 Puhpa Makao (Sahmôpaw) 2001 - 02 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 2 နှစ်
19 Puhpa Liehe (Ngôteipaw) 2002 - 03 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 2 နှစ်
20 Puhpa Ralao (Vakhaithapaw) 2004 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 1 နှစ်
21 Puhpa Kheimau (Vabiekhaipaw) 2005 - 07 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 3 နှစ်
22 Puhpa Liehe (Ngôteipaw) 2008 - 09 နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီ 2 နှစ်
23 Puhpa Zachei (Biethakheipaw) 2010 - 15 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (ဒီမိုကရက်စီအစိုးရ) 5 နှစ်
24 Puhpa Bievai (Vangôtliepaw)[5] 2015 - 20 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (ဒီမိုကရက်စီအစိုးရ) 4 နှစ်

ဆဘောင်းတယ်(ဖဘောင်) ကျေးရွာအုပ်စု။

၁၉၄၇ အခြေခံဖွဲ့စည်းပုံဥပဒေအရ ဆဘောင်းတယ်(ဖဘောင်) အုပ်စုတွင် [9]

  1. ဆဘောင်းတယ်(ဖဘောင်) ကျေးရွာ၊
  2. လှုံမန်ကျေးရွာ၊
  3. ဒါရ်လင်းကျေးရွာ၊
  4. လုံကျွေးကျေးရွာ၊
  5. စပေါကျေးရွာ ကျေးရွာများဖြင့် ဖွဲ့စည်းထားပါသည်။

၁၉၇၄ခု အခြေခံဖွဲ့စည်းပုံအရ [10]

  1. ဆဘောင်တယ်အုပ်စုကို ဖဘောင်(ဆဘောင်းတယ်)နှင့် လှုံမာန်းရွာတို့ဖြင့်လည်းကောင်း၊
  2. ဒါရ်လင်းအုပ်စုကို ဒါရ်လင်းနှင့် လုံကျွေးရွာဖြင့်လည်းကောင်း၊
  3. စပေါအုပ်စုကို စပေါရွာနှင့် မူလ ခိလှိုပီ(ဆဘောင်း)အုပ်စုရှိ ပီတဲလ်ယာကျေးရွားများ အသီးသီးပါဝင်သောအုပ်စု သုံးခုအဖြစ်ဖွဲ့စည်းထားပါသည်။

ကိုးကွယ်ယုံကြည်ခြင်း။

ခရစ်ယာန် သာသနာ မရာနယ်တယ် ထွန်းကားခြင်းမရှိခင်တွင် နတ်စားကို ကိုးကွယ်ယုံကြည်သည်။

ပတ်ဝန်းကျင်နှင့် ဂေဟစနစ်။


ကိုးကား

  1. Place codes (Pcodes) Myanmar Information Management Unit (June 2020)။
  2. ပညာရေး ဝန်ကြီးဌာန၊ Website
  3. Para Khih Centenary Souvenir Magazine 2018
  4. ရာရီတောင်ရွာကျေးရွာနောက်ခံသမိုင်း၊ မရာဧဝံဂေလိအသင်းတော် (၄၆)ကြိမ်မြောက် အထွေအထွေညီလာခံ၊ ရာရီတောင်အသင်းတော်၊ အထိမ်းအမှတ်၊ ထုတ်ဝေသူ ရာရီတောင် ရပ်မိရပ်ဖ။ ၂၀၁၆ခုနှစ်၊ မတ်လ။
  5. Parry, NE; The Lakhers, 1932
  6. သိက္ခာတော်ရ ဦးဟီကြိုင်း မိသားစုထူထောင်ခြင်းနှစ်(၅၀) ရွှေရတု အထိမ်းအမှတ်စာအုပ်(၁၉၆၇-၂၀၁၇) ၂၀၁၇။
  7. ဖဘောင်းရွာ၊ သမိုင်း၊ ၁၉၅၈
  8. C.Thahe(Nellypaw), Saya, Ngephe Sizo, Before Burma Independence, Mara Unawzy Yahoo Group, 2010
  9. ၁၉၄၇ခု၊ အခြေခံဖွဲ့စည်းပုံဥပဒေ
  10. ၁၉၇၄ခု၊ အခြေခံဖွဲ့စည်းပုံဥပဒေ

[1] Puhpa Chachho (Tothapaw), Village Tract, President chha 1959 – 1969!

[2] Puhpa Dohmo (Bievachhopaw), Village Tract President chha 1990 liata, Basic State Middle School ama hmô.

[3] Puhpa Tekô (Salipaw) President chha 1994 tah Pheisaih Camp a vaw y,

[4] Puhpa Kheimau (Vabiekhaipaw) President chha 2000, liata, Basic State High School ama hmo.

[5] Puhpa Bievai (Vangothliepaw) President chha liata, Basic State Primary School No (2), nata Matriculation Examination Centre ama hmo! Tahma 2020 Kô chhoh liata, Khih rah hmasiena sakha chha byhna eima to via awpa eima ngiapâ.!


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.