ထောပတ်ပင်

ထောပတ် (အင်္ဂလိပ်: Avocado; Persea americana) သည် မက္ကဆီကိုနိုင်ငံ ဗဟိုတောင်ဖက်ပိုင်းတွင် ပေါက်ရောက်သော သစ်ပင်အမျိုးအစား ဖြစ်ပြီး[2] ပန်းမျိုးနွယ်ဝင်ဖြစ်သော မျိုးရင်း Lauraceae တွင် ပါဝင်သည်။[3] မကြာသေးမီက တူးဖော်တွေ့ရှိရမှုများအရ ပီရူးနိုင်ငံတွင် ထောပတ်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၈,၀၀၀ မှ ၁၅,၀၀၀ ခန့်ကပင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။[4] Avocado (alligator pear ဟုလည်းခေါ်) သည် အစေ့ကြီးတစ်ခု ပါဝင်ပြီး ရုက္ခဗေဒအလိုအရ ကြီးမားသည့် ဘယ်ရီသီးအမျိုးအစားဖြစ်သော အပင်၏ သစ်သီး ကို ခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။[5]

နို့ထွက်ပစ္စည်း အတွက် ထောပတ် ကို ကြည့်ပါ။

ထောပတ်ပင်
Temporal range: 15–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Middle Miocene – Recent
Avocado fruit and foliage, Réunion island
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
Angiosperms
(unranked):
Magnoliids
မျိုးစဉ်:
Laurales
မျိုးရင်း:
Lauraceae
မျိုးစု:
Persea
မျိုးစိတ်:
P. americana
ဒွိနာမ
Persea americana
Mill.
Synonyms
  • Laurus persea L.
  • Persea americana var. angustifolia Miranda
  • Persea americana var. drymifolia (Cham. & Schltdl.) S.F.Blake
  • Persea americana var. nubigena (L.O.Williams) L.E.Kopp
  • Persea drymifolia Cham. & Schltdl.
  • Persea edulis Raf.
  • Persea floccosa Mez
  • Persea gigantea L.O.Williams
  • Persea gratissima C.F.Gaertn.
  • Persea gratissima var. drimyfolia (Schltdl. & Cham.) Mez
  • Persea gratissima var. macrophylla Meisn.
  • Persea gratissima var. oblonga Meisn.
  • Persea gratissima var. praecox Nees
  • Persea gratissima var. vulgaris Meisn.
  • Persea leiogyna Blake
  • Persea nubigena L.O.Williams
  • Persea nubigena var. guatemalensis L.O.Williams
  • Persea paucitriplinervia Lundell
  • Persea persea (L.) Cockerell
  • Persea steyermarkii C.K.Allen [1]

ထောပတ်သီးများကို စီးပွားရေးအရ ရောင်းဝယ်ကြပြီး အပူပိုင်းဒေသနှင့် မြေထဲပင်လယ် ရာသီဥတုရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။[3] ထောပတ်သီးသည် အခွံအစိမ်းရောင်ရှိပြီး အသားပေါကာ ဘဲဥပုံ သို့မဟုတ် စက်လုံးပုံ ရှိတတ်သည်။ ထောပတ်သီးပင်များသည် အပင်တစ်ပင်ထဲမှ ဝတ်မှုန်ကူးခြင်းဖြစ်ပွားပြီး ရံဖန်ရံခါတွင် အသီး၏ အရည်အသွေးနှင့် အရေအတွက်ထွက်ရှိမှုကို ထိန်းသိမ်းရန်အတွက် ကိုင်းဆက်ကိုင်းကူခြင်းဖြင့်လည်း အပင်မျိုးပွားခြင်းကို ပြုလုပ်ကြသည်။

စိုက်ပျိုးခြင်း

Persea americana ထောပတ်ပင်ပေါက်

အပင်သည် ၂၀ မီတာ (၆၆ ပေ) အထိ ကြီးထွားပြီး သစ်ရွက်များသည် ၁၂–၂၅ စင်တီမီတာ (၄.၇–၉.၈ လက်မ) ခန့် ရှည်လျားသည်။ ပန်းပွင့်များသည် စိမ်းဝါရောင်ရှိပြီး မသိသာဘဲ ၅–၁၀ မီလီမီတာ (၀.၂–၀.၄ လက်မ) ခန့် ကျယ်ပြန့်သည်။ သစ်တော်သီးပုံစံ အသီးများသည် ၇–၂၀ စင်တီမီတာ (၂.၈–၇.၉ လက်မ) ခန့် ရှည်လျားကာ ၁၀၀ နှင့် ၁,၀၀၀ ဂရမ် (၃.၅ နှင့် ၃၅.၃ အောင်စ) ခန့် အလေးချိန်ရှိပြီး အလယ်တွင် ၅–၆.၄ စင်တီမီတာ (၂.၀–၂.၅ လက်မ) အရွယ်ခန့်ရှိ ကြီးမားသော သစ်စေ့တစ်ခု ပါဝင်သည်။[3]

အပူလျော့ပိုင်းမျိုးစိတ်များသည် လေအနည်းငယ်တိုက်ပြီး ဆီးနှင်းမရှိသော ရာသီဥတု လိုအပ်သည်။ လေပြင်းတိုက်ခြင်းသည် စိုစွတ်မှုကို လျော့ကျစေပြီး ပန်းများကို ရေဓာတ်ဆုံးရှုံးစေကာ ဝတ်မှုန်ကူးခြင်းကို ထိခိုက်စေနိုင်သည်။ ဆီးနှင်းအနည်းငယ်ကျပါက အရွယ်မရောက်သေးသော အသီးများကို ကြွေကျစေနိုင်သည်။ အပင်များသည် ၁ မီတာအနက်ခန့်ဖြင့် ကောင်းမွန်စွာ လေသလပ်ထားသော မြေလိုအပ်သည်။ စိုက်ပျိုးရေသည် ဆားဓာတ်လွန်ကဲစွာ ပါဝင်ပါက ဖြစ်ထွန်းထွက်ရှိမှုကို လျော့ကျစေနိုင်သည်။ ဤကဲ့သိုသော မြေကြီးနှင့် ရာသီဥတုတို့ကို စပိန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ပေါ်တူဂီ၊ မိုရိုကို၊ ခရီးတီးကျွန်း၊ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပီရူး၊ ချီလီ အလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယတောင်ပိုင်းအချို့၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗဟိုအမေရိက၊ ကာရစ်ဘီယံ၊ မက္ကဆီကို၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ ပေါ်တိုရီကို၊ တက္ကဆပ်၊ ဖလော်ရီဒါ၊ ဟာဝိုင်ယီ၊ အီကွေဒေါ၊ မြန်မာနိုင်ငံ နှင့် ရဝမ်ဒါနိုင်ငံတို့တွင် တွေ့ရသည်။ ဒေသတစ်ခုခြင်းစီတွင် ကွဲပြားသော ပြင်ဆင်ထားသည့် အပင်မျိုးများ ရှိကြသည်။

ခူးဆွတ်ခြင်းနှင့် ခူးဆွတ်ပြီး နောက်ပိုင်း

စီးပွားဖြစ် သစ်သီးခြံများသည် တစ်နှစ်လျှင် တစ်ဟက်တာ ပျှမ်းမျှ ၇ မက်ထရစ်တန်ခန့် ထွက်ရှိပြီး အချို့သစ်သီးခြံများတွင် တစ်ဟက်တာလျှင် ၂၀ မက်ထရစ်တန်အထိ ထွက်ရှိသည်။[6] နှစ်နှစ်တစ်ကြိမ်သီးပွင့်ခြင်းသည် ပြဿနာတစ်ရပ် ဖြစ်စေနိုင်ပြီး ပထမနှစ်တွင် များပြားစွာ သီးပွင့်ပြီး နောက်တစ်နှစ်တွင် အသီးအပွင့်မကောင်းခြင်း ဖြစ်သည်။ ထောပတ်သီးပင်များသည် အေးခဲသော အပူချိန်ကို ခံနိုင်ခြင်းမရှိဘဲ အပူလျော့ပိုင်းနှင့် အပူပိုင်းဒေသများတွင်သာ ကြီးထွားဖြစ်ထွန်းသည်။ အအေးဒဏ်ခံနိုင်သော အပင်မျိုးကို ဖလော်ရီဒါပြည်နယ်၊ Gainesville တွင် စိုက်ပျိုးပြီး အပူချိန် −၆.၅ ဒီဂရီ စင်တီဂရိတ် (၂၀ ဒီဂရီ ဖာရင်ဟိုက်) အထိ ခံနိုင်ရည်ရှိကာ အနည်းငယ် အရွက်ကြွေခြင်းသာ ဖြစ်တတ်သည်။

ငှက်ပျောကဲ့သိုပင် ထောပတ်သီးသည် အပင်တွင် အရွယ်ရောက်ကြီးထွားပြီး ခူးဆွတ်ပြီးမှ ရင့်မှည့်တတ်သော climacteric အသီးအမျိုးအစား ဖြစ်သည်။ စီးပွားရေးအရ ထုတ်လုပ်သော ထောပတ်သီးများကို စိမ်းပြီး မာနေချိန်တွင် ခူးဆွတ်ပြီး တင်ပို့ရောင်းချမည့် နေရာမရောက်မီအထိ အပူချိန် ၃.၃ မှ ၅.၆ ဒီဂရီ စင်တီဂရိတ် (၃၇.၉ မှ ၄၂.၁ ဒီဂရီ ဖာရင်ဟိုက်) အတွင်း အအေးခံထားသည်။ ပုံစံတကျ ရင့်မှည့်ရန်အတွက် အရွယ်ရောက်ပြီး အသီးဖြစ်ရန် လိုအပ်သည်။ အပင်မှ ကြွေကျသော အသီးများသည် မြေပြင်ပေါ်တွင် ရင့်မှည့်သွားတတ်သည်။ ယေဘုယျအားဖြင့် အရွယ်ရောက်ကြီးထွားချိန်ရောက်ပါက အသီးများကို ခူးဆွတ်လေ့ရှိသည်။ ခူးဆွတ်ပြီးပါက ထောပတ်သီးသည် အခန်းအပူချိန်တွင် တစ်ပတ်မှ နှစ်ပတ်အတွင်း ရင့်မှည့်သည် (ပန်းသီး သို့မဟုတ် ငှက်ပျောသီးကဲ့သို့သော အခြားသစ်သီးများနှင့် အတူတကွ သိုလှောင်ထားပါက အီသိုင်လင်းဓာတ်ငွေ့ကြောင့် လျင်မြန်စွာ ရင့်မှည့်နိုင်သည်)။ အချို့သော စူပါမားကတ်များတွင် မြန်ဆန်စွာ ရင့်မှည့်စေရန် ဖန်တီးထားသော အီသိုင်လင်းဖြန်းပက်ထားသည့် ရင့်မှည့်ပြီး ထောပတ်သီးများကို ရောင်းချသည်။[7] တစ်ခါတစ်ရံတွင် စီးပွားဖြစ် စိုက်ပျိုးသူများအတွက် အသီးထွက်များစေရန် ထောပတ်သီးများကို လများစွာကြာသည်အထိ မခူးဆွတ်ဘဲ ထားတတ်သည်။ သို့သော်လည်း ကြာမြင့်စွာ မခူးဆွတ်ဘဲထားသော ထောပတ်သီးများသည် မြေပြင်သို့ ကြွေကျတတ်သည်။

ပျိုးပင်ဖောက်ခြင်း

ပုံမှန်ထောပတ်သီး နှစ်လုံးဘေးတွင် သီးနေသာ အစေ့မပါသည့် ထောပတ်သီးတစ်လုံး

ပန်းပွင့်ပုံစံ ကွဲပြားခြားနားမှုကြောင့် တစ်ပင်တည်း ဝတ်မှုန်ကူးခြင်းကို တစ်စိတ်တစ်ပိုင်းသာ လုပ်ဆောင်နိုင်သည်။ ထို့အတွက်ကြောင့် ပျိုးပင်ရရှိရန် ခက်ခဲစေသည်။ စိုက်ပျိုးသူအများစုသည် ကိုင်းကူးကိုင်းဆက်နည်းဖြင့် အပင်ပွားလေ့ရှိသည်။

မတူညီသော cultivar များတွင် အဖိုပွင့်နှင့် အမပွင့်များ ပွင့်ချိန်သည် မတူညီကြပေ။ ပန်းမျိုးနှစ်ခုမှာ A နှင့် B တို့ ဖြစ်ကြသည်။ A-cultivar ပန်းများတွင် အမပွင့်သည် ပထမရက် နံနက်ပိုင်းတွင် ပွင့်ပြီး နံနက်နှောင်းပိုင်း သို့မဟုတ် နေ့လယ်အစောပိုင်းတွင် ပြန်ပိတ်သည်။ ပြီးနောက် ဒုတိယရက် နေ့လယ်ပိုင်းတွင် အဖိုပွင့်အနေဖြင့် ပြန်ပွင့်သည်။ B ပန်းမျိုးတွင် ပထမရက် နေ့လယ်ပိုင်းတွင် အမပွင့် ပွင့်ပြီး နေ့လယ်နှောင်းပိုင်းတွင် ပြန်ပိတ်ကာ နောက်တစ်နေ့ နံနက်ပိုင်းတွင် အဖိုအဖြစ် ပြန်ပွင့်သည်။

  • A cultivars: 'Hass', 'Gwen', 'Lamb Hass', 'Pinkerton', 'Reed'
  • B cultivars: 'Fuerte', 'Sharwil', 'Zutano', 'Bacon', 'Ettinger', 'Sir Prize', 'Walter Hole'[8][9]

'Hass' ကဲ့သို့သော အချို့ cultivar များတွင် တစ်နှစ်ခြားသာ ကောင်းကောင်းမွန်မွန် သီးပွင့်တတ်သည်။ အအေးပိုခြင်းကြောင့်ကဲ့သို့သော အခြေအနေများကြောင့် သီးပွင့်မှုနည်းပါးသောနှစ်ပြီးပါက နောက်တစ်နှစ်တွင် အလျှံပယ် သီးပွင့်တတ်သည်။ အချို့သောနှစ်များတွင် ပတ်ဝန်းကျင်အခြေအနေများကြောင့် အစေ့မပါသော အသီးများလည်း သီးတတ်သည်။[10] Known in the avocado industry as "cukes", they are usually discarded commercially due to their small size.[11]

အပင်မျိုးပွားခြင်းနှင့် ပင်စည်ပွား (ရိုင်ဇုမ်း)

အညှောင့်ပေါက်ခြင်းကို အထောက်အကူဖြစ်စေရန် သီးသန့်နည်းလမ်းသုံးထားပုံ
ထောပတ်ပင်ပေါက်

ထောပတ်ပင်များသည် အစေ့မှ မျိုးပွားနိုင်ပြီး အသီးရရှိရန် အကြမ်းဖျင်း လေးနှစ်မှ ခြောက်နှစ်အထိ ကြာမြင့်တတ်ပြီး တစ်ခါတစ်ရံ သီးပွင့်နိုင်ရန် ၁၀ နှစ်ခန့် ကြာနိုင်သည်။[12] အပင်ပေါက်များသည် မိဘအပင်၏ အသီးအရည်အသွေးနှင့် ထပ်တူညီခဲသည်။ ထို့အတွက်ကြောင့် မျိုးကောင်းသော အပင်ရရှိရန် ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် မျိုးပွားကြသည်။ ဖန်လုံအိမ်ထဲတွင် တစ်နှစ်ခန့် ကြီးထွားပြီးနောက် အပင်ပေါက်များကို ကိုင်းကူးကိုင်းဆက်ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ရောဂါများ

P. americana ထောပတ်ပင်၏ ပန်းများ

ထောပတ်ပင်များသည် ဘက်တီးရီးယားဗိုင်းရပ်စ်မှိုနှင့် အာဟာရဆိုင်ရာ ရောဂါများ (အာဟာရလွန်ကဲခြင်း၊ ချို့တဲ့ခြင်း) ဖြစ်တတ်သည်။ ရောဂါများသည် အပင်၏ အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်ပြီး အစက်အပျောက်ဖြစ်ခြင်း၊ ပုပ်ခြင်း၊ သစ်ပုပ်နာဖြစ်ခြင်း၊ အပေါက်ဖြစ်ခြင်းနှင့် အရောင်ပြောင်းခြင်းတို့ ဖြစ်တတ်သည်။[13]

မက္ကဆီကိုနိုင်ငံတွင် စိုက်ပျိုးမှု

မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့ထောပတ်သီး ထွက်ရှိမှုတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဒုတိယထွက်ရှိသူထက် အဆမြောက်မြားစွာ ပိုမိုထွက်ရှိသည့် နိုင်ငံဖြစ်သည်။[14] ၂၀၁၃ ခုနှစ်တွင် ထောပတ်သီးထွက်ရှိသည့် စိုက်ဧက ၄၁၅,၅၂၀ (၁၆၈,၁၅၅ ဟက်တာ) ရှိပြီး ထွက်ရှိမှုပမာဏမှာ ၁.၄၇ မက်ထရစ်တန် ဖြစ်သည်။[15] အများဆုံး ထွက်ရှိသော ပြည်နယ်များမှာ မက္ကဆီကို၊ မိုရီလို၊ နာရာရစ်၊ ပီဘလာနှင့် မီဂျိုအာကန်တို့ ဖြစ်ပြီး စုစုပေါင်းထွက်ရှိမှု၏ ၈၆% ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် စိုက်ပျိုးမှု

မက္ကဆီကိုမှ ထောပတ်သီးကို ၁၉ ရာစုတွင် ကယ်လီဖိုးနီးယားသို့ စတင်မိတ်ဆက်ခဲ့ပြီး အမြတ်ရသော သီးနှံဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စု ထောပတ်သီးထွက်ရှိမှု၏ ၉၅% ဖြစ်သော စိုက်ပျိုးမြေ ၅၉,၀၀၀ ဧက (၂၄၀ စတုရန်း ကီလိုမီတာ) ခန့်သည် ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တည်ရှိပြီး ယင်းအနက် ၆၀% မှာ ဆန်ဒီရေကို ကောင်တီတွင် တည်ရှိသည်။[16][17] ထောပတ်သီးသည် ကယ်လီဖိုးနီးယားပြည်နယ်၏ အထိမ်းအမှတ်သစ်သီးလည်း ဖြစ်သည်။[18]

ပီရူးနိုင်ငံတွင် စိုက်ပျိုးမှု

Hass အမျိုးအစား ထောပတ်သီးသည် ပီရူးနိုင်ငံမှ ထွက်ရှိပြီး နိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် ဟက်တာထောင်ချီ၍ စိုက်ပျိုးကြသည်။[19] ယခုအခါ ပီရူးနိုင်ငံသည် ဥရောပသမဂ္ဂသို့ ထောပတ်သီး အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ယခုနောက်ပိုင်းတွင် အရည်အသွေးကောင်းသော ထောပတ်သီးများကို မြောက်အမေရိကသို့ စတင် တင်ပို့ရောင်းချနေပြီ ဖြစ်သည်။

အီကွေတာအနီးနှင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက်တွင် တည်ရှိခြင်းကြောင့် ပီရူးနိုင်ငံသည် တစ်နှစ်ပတ်လုံး မျှတသော အပူချိန်ရှိသည်။ မြေကြီးသည် သဲဆန်ပြီး အင်န်ဒီးစ် တောင်တန်းမှ အုပ်မိုးနေသဖြင့် စိုက်ပျိုးရန် သင့်လျော်သော ရေသန့်ကို အမြဲတမ်း ရရှိသည်။ မိုးသည်းထန်မှုနှင့် အေးခဲနိုင်သော အပူချိန်ကို သဘာဝအလျောက် ကာကွယ်ပေးထားသဖြင့် ပီရူးနိုင်ငံတွင် ထောပတ်သီးပင်များ စိုက်ပျိုးရန်အတွက် အသင့်လျော်ဆုံး ရာသီဥတု ရှိသည်။

ပီရူးနိုင်ငံမှ Hass အမျိုးအစား ထောပတ်သီးကို မေလမှ စက်တင်ဘာလအထိ ရရှိနိုင်သည်။

ထုတ်လုပ်မှုနှင့် စားသုံးမှု

ထောပတ်သီး ထွက်ရှိမှု – ၂၀၁၄
နိုင်ငံ ထွက်ရှိမှု (မက်ထရစ်တန် သန်းပေါင်း)
 မက္ကဆီကို
၁.၅၂
 ဒိုမီနီကန်သမ္မတနိုင်ငံ
၀.၄၃
 ပီရူး
၀.၃၅
 အင်ဒိုနီးရှား
၀.၃၁
 ကိုလံဘီယာ
၀.၂၉
တစ်ကမ္ဘာလုံး
၅.၀၃
ရင်းမြစ်။ FOASTAT (ကုလသမဂ္ဂ)[15]

၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ထောပတ်သီးထွက်ရှိမှုသည် မက်ထရစ်တန် ၅ သန်းဖြစ်ပြီး မက္ကဆီကိုတစ်နိုင်ငံတည်းမှ ၃၀% (မက်ထရစ်တန် ၁.၅၂ သန်း) ဖြစ်သည်။ အခြား အများအပြား ထွက်ရှိသော နိုင်ငံများမှာ ဒိုမီနီကန်သမ္မတနိုင်ငံပီရူးနိုင်ငံအင်ဒိုနီးရှားနိုင်ငံ၊ နှင့် ကိုလံဘီယာနိုင်ငံတို့ ဖြစ်ပြီး ယင်းနိုင်ငံများ၏ စုစုပေါင်း ထွက်ရှိမှုမှာ မက်ထရစ်တန် ၁.၃၈ သန်းဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ထွက်ရှိမှု၏ ၂၇ % ဖြစ်သည်။[15]

အမေရိကန် ပြည်ထောင်စုတွင် တစ်ဦးချင်း ထောပတ်သီး စားသုံးမှုမှာ ၂၀၀၁ ခုနှစ်တွင် ၂ ပေါင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၇ ပေါင်နှုန်းအထိ တိုးတက်လာခဲ့သည်။[20]

အာဟာရတန်ဖိုး

ထောပတ်သီး (အစိမ်း)
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၆၇၀ kJ (၁၆၀ kcal)
8.53 g
သကြား0.66 g
Dietary fiber6.7 g
အဆီဓာတ်
14.66 g
ပြည့်ဝ2.13 g
Monounsaturated9.80 g
Polyunsaturated1.82 g
ပရိုတိန်း
2 g
ဗီတာမင်များ
ဗီတာမင် အေ
beta-carotene
lutein zeaxanthin
(1%)
7 μg
(1%)
62 μg
271 μg
Thiamine (B1)
(6%)
0.067 mg
Riboflavin (B2)
(11%)
0.13 mg
Niacin (B3)
(12%)
1.738 mg
Pantothenic acid (B5)
(28%)
1.389 mg
ဗီတာမင် ဘီ6
(20%)
0.257 mg
Folate (B9)
(20%)
81 μg
ဗီတာမင် စီ
(12%)
10 mg
ဗီတာမင် အီး
(14%)
2.07 mg
ဗီတာမင် ကေ
(20%)
21 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(1%)
12 mg
သံဓါတ်
(4%)
0.55 mg
မဂ္ဂနီစီယမ်
(8%)
29 mg
မက်ဂနိစ်
(7%)
0.142 mg
ဖော့စဖရပ်
(7%)
52 mg
ပိုတက်ဆီယမ်
(10%)
485 mg
ဆိုဒီယမ်
(0%)
7 mg
သွပ်
(7%)
0.64 mg
အခြားပါဝင်ပစ္စည်း
ရေ73.23 g
Fluoride7 µg
Beta-sitosterol76 mg

  • ယူနစ်များ
  • μg = မိုက်ခရိုဂရမ်  mg = မီလီဂရမ်
  • IU = International units
Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

အာဟာရဓာတ်နှင့် အဆီ ပါဝင်မှု

ထောပတ်သီး ၁၀၀ ဂရမ်တွင် ဗီတာမင် ဘီများနှင့် ဗီတာမင် ကေတို့ ပေါကြွယ်စွာ ပါဝင်ပြီး ဗီတာမင် စီဗီတာမင် အီးနှင့် ပိုတက်ဆီယမ်တို့ လုံလောက်စွာ ပါဝင်သည်။ ထောပတ်သီးများတွင် phytosterols နှင့် carotenoids တို့လဲ ပါဝင်သည်။[21]

ထောပတ်သီးများတွင် အဆီဓာတ် အမျိုးမျိုး ပါဝင်သည်။[22] ပုံမှန်ထောပတ်သီးတစ်လုံးတွင်-

  • ထောပတ်သီးမှ ရရှိသော စွမ်းအင် ၇၅% သည် အဆီများမှ ရရှိပြီး ယင်းတို့အနက် (စုစုပေါင်းအဆီ၏ ၆၇% ) သည် monounsaturated fat ဖြစ်သော oleic အက်ဆစ်ဖြစ်သည်။[22]
  • အခြား အဓိကပါဝင်သော အဆီဓာတ်များမှာ palmitic အက်ဆစ်နှင့် linoleic အက်ဆစ်တို့ ဖြစ်သည်။[22]
  • ပြည့်ဝအဆီဓာတ်သည် စုစုပေါင်း အဆီဓာတ်၏ ၁၄% အထိ ပါဝင်တတ်သည်။[22]
  • စုစုပေါင်း အဆီဓာတ်ပါဝင်မှုသည် အကြမ်းအားဖြင့် ω-3 ၁%, ω-6 ၁၄%, ω-9 ၇၁% (oleic ၆၅% နှင့် palmitoleic ၆%)၊ နှင့် ပြည့်ဝအဆီဓာတ် ၁၄% (palmitic အက်ဆစ်) တို့ ဖြစ်သည်။[22]

ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်များပြားသော်လည်း အာဟာရဓာတ် များပြားစွာ ပါဝင်သော ထောပတ်သီးဆီကို အသုပ်များ သို့မဟုတ် ချက်ပြုတ်ခြင်းနှင့် အလှကုန်ပစ္စည်းများနှင့် ဆပ်ပြာတို့တွင် ထည့်သွင်း အသုံးပြုကြသည်။[3]

မှတ်စုများ

    ကိုးကား

    1. Persea americana Mill., The Plant List, Version 1 Royal Botanic Gardens, Kew and Missouri Botanical Garden (2010)။
    2. What's in a name? University of California။ March 27, 2016 တွင် ပြန်စစ်ပြီး။
    3. Morton JF (1987)။ Avocado; In: Fruits of Warm Climates 91–102။ Creative Resource Systems, Inc., Winterville, NC and Center for New Crops & Plant Products, Department of Horticulture and Landscape Architecture, Purdue University, West Lafayette, IN။
    4. Simple technologies and diverse food strategies of the Late Pleistocene and Early Holocene at Huaca Prieta, Coastal Peru American Academy for the Advancement of Science (24 May 2017)။ 30 July 2017 တွင် ပြန်စစ်ပြီး။
    5. Storey, W. B.. "What kind of fruit is the avocado?". California Avocado Society 1973–74 Yearbook 57: 70–71.
    6. Whiley၊ A (2000-09-01)။ Avocado Production in Australia Food and Agriculture Organization of the United Nations 12 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-29 တွင် ပြန်စစ်ပြီး။
    7. Ethylene gas and produce Mindfully.org (1976-06-01)။ 26 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-05-12 တွင် ပြန်စစ်ပြီး။
    8. Agriculture Handbook University of California (2007)။ 17 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-29 တွင် ပြန်စစ်ပြီး။
    9. Crane၊ JH (2007-08-01)။ Avocado Growing in the Florida Home Landscape University of Florida။ 13 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-29 တွင် ပြန်စစ်ပြီး။
    10. Development of Seeded and Seedless Avocado Fruit Agricultural Research Organization, Volcani Center, Bet-Dagan, Israel 3 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-09-21 တွင် ပြန်စစ်ပြီး။
    11. "Progress Report on Effects of Plant Growth Regulator Sprays on Avocados" . California Avocado Society 1948 Yearbook 33: 113–116. Retrieved on 2010-09-21.
    12. Boning၊ Charles (2006)။ Florida's Best Fruiting Plants: Native and Exotic Trees, Shrubs, and Vines။ Sarasota, Florida: Pineapple Press, Inc.။ p. 33။
    13. Ohr၊ HD (2003-08-04)။ Common Names of Plant Diseases American Phytopathological Society။ April 23, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-05-13 တွင် ပြန်စစ်ပြီး။
    14. 2001-2013 World avocado production, 2000-2011 World Avocado Exports,2002-2013 French avocado imports Novagrim.com။ 23 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-01 တွင် ပြန်စစ်ပြီး။
    15. Production/Crops/World, Avocados for 2014 Food and Agriculture Organization of the United Nations, Statistical Division (FAOSTAT) (2014)။
    16. Avocado Fun Facts California Avocado Commission။ 6 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-04-18 တွင် ပြန်စစ်ပြီး။
    17. Clipsham၊ R။ Avocado Toxicity 12 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-29 တွင် ပြန်စစ်ပြီး။
    18. California State Foods Named By Gavin Newsom Huffington Post, San Francisco (2013-04-25)။
    19. Peru: Record avocado production saturated the markets in 2014 freshplaza.com
    20. "USDA: Avocado Consumption Has Skyrocketed In the 21st Century"၊ Mother Jones၊ 23 June 2016 3 November 2016 တွင် ပြန်စစ်ပြီး
    21. "Hass avocado composition and potential health effects" (2013). Crit Rev Food Sci Nutr 53 (7): 738–50. doi:10.1080/10408398.2011.556759. PMID 23638933.
    22. Avocados, raw, all commercial varieties, per 100 grams NutritionData.com (2013)။ 2013-04-17 တွင် ပြန်စစ်ပြီး။

    ဆက်လက်ဖတ်ရှုရန်

    • Bruce Shaffer; B. Nigel Wolstenhome; Anthony W. Whiley, eds. (2012)။ The Avocado: Botany, Production and Uses။ CABI။ ISBN 9781845937010

    ပြင်ပလင့်ခ်များ

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.