နရပတိ (အင်းဝ)
နရပတိ (အင်းဝ) (၇ ဇွန် ၁၄၁၃ – ၂၄ ဇူလိုင် ၁၄၆၈) သည် အင်းဝထီးနန်းကို ၁၄၄၂ မှ ၁၄၆၈ အထိ အုပ်စိုးခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ နရပတိမင်းသည် မိုးညှင်းမင်းတရားနှင့် ရှင်မြတ်လှတို့၏ သားတော်အငယ် ဖြစ်သည်။ ငယ်မည်မှာ သီဟသူဖြစ်ပြီး ပြည်မြို့ကို စားရလေသည်။
နရပတိ (အင်းဝ) | |
---|---|
အင်းဝဘုရင် | |
နန်းသက် | ၂၅ ဧပြီ ၁၄၄၂ – ၂၄ ဇူလိုင် ၁၄၆၈ |
ရှေ့မင်းဆက် | မင်းရဲကျော်စွာ (၁) |
Successor | သီဟသူရ (၁) |
Viceroy of Prome | |
နန်းသက် | ၁၄၂၉ – ၁၄၄၂ |
ရှေ့မင်းဆက် | မင်းမဟာ |
နောက်မင်းဆက် | မင်းရဲကျော်စွာ |
မွေးဖွား | ၇ ဇွန် ၁၄၁၃ မြန်မာသက္ကရာဇ် ၇၇၅ ပထမဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ မိုးညှင်းမြို့ |
ကွယ်လွန် | ၂၄ ဇူလိုင်၊ ၁၄၆၈ ၅၅) မြန်မာသက္ကရာဇ် ၈၃၀၊ ဝါခေါင်လဆန်း ၅ ရက်၊ တနင်္ဂနွေနေ့[1] ပြည်မြို့ | (အသက်
ကြင်ရာတော် | အတုလ သီရိ မဟာရာဇ ဒေဝီ[2] |
သားသမီးများ | သီဟသူရ မင်းကြီးစွာ သတိုးမင်းစော အပါအဝင် သားသုံးဦး၊ သမီး ငါးဦး |
စံအိမ် | မိုးညှင်း |
ခမည်းတော် | မိုးညှင်းသတိုး |
မယ်တော် | ရှင်မြတ်လှ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ခမည်းတော်နှင့် နောင်တော်အရိုက်အရာ အဝထီးနန်းကိုစိုးစံတော်မူရန် ပြည်မှ အဝသို့ ဆန်ရာတွင် မိကျောင်း တစ်ကောင်သည် ဖောင်တော်နောက်ကသည် ရှေ့သို့ကူးသန်းပြေးလေ၏။ ရှေ့တော်မှ ချီတက်သော တပ်သားတို့က တွေ့မြင်ကြရာ မိကျောင်းကို ထိုးခုတ်သတ်ဖြတ်ကြလျှင် နောက်သို့ဆုတ်၍ ပြန်လည်သေ၏။ ထိုအခါ ပြည်မင်းသီဟသူက ပညာရှိ နန္ဒသူအမတ်အား မေးလေရာ -
- မြင်တွေ့ရသော နိမိတ်မှာ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့ မင်းချည်းဖြစ်တော်မူမည်။ အရှင်မှာကား ပြည်မြို့သို့ ပြန်လည်၍ နတ်ပြည်စံတော်မူရမည့် နိမိတ်ဖြစ်ကြောင်းပါဟု လျှောက်တင်သည်။
အင်းဝသို့ရောက်လျှင် ပညာရှိမှူးမတ်တို့နှင့် တိုင်ပင်တော် မူပြီးလျှင် သက္ကရာဇ် (၈၀၄)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ သောကြာနေ့ နက္ခတ် ၂၃-လုံး တူလဂ်တွင် နန်းတက်သည်။ "'သီရိတြိဘဝနာဒိတျာပဝရနရပတိ မဟာရာဇာဓိပတိ"' ဘွဲ့တော်ခံယူသည်။ မိဘုရားမှာ "'အတုလသိရီမဟာဓမ္မရာဇဒေဝီ"' ဘွဲ့တော်ခံသည်။ သားတော်အကြီးအား မဟာသီဟသူ အမည်ဖြင့် အိမ်ရှေ့အပ်နှင်းသည်။
ကိုးကား
- Hmannan Vol. 2 2003: 99
- Hmannan Vol. 2 2003: 82–83