ပဉ္စရူပ
ငါးမျိုးသောအဆင်းကို ပေါင်းစပ်ထားသည်ဆိုငြားလည်း စာပြုဆရာနှင့် ပုံပြင်ဆရာတို့ ထပ်တူမယူခဲ့ကြ။ မြန်မာမှုပုံများနှင့် ပတ်သက်၍ စာပြုနှင့် ပုံပြင်နှစ်ပိုင်းရှိကြရာ စာပြုနောက် ပုံလိုက်သည်လည်းရှိ၊ ပုံနောက် စာပြုလိုက်သည်လည်း ရှိပါသည်။ ဘိုးတော်ဗဒုံမင်းလက်ထက် ပြုစုခဲ့သော ရွှေဘုံနိဒါန်းကျမ်းလာအရမူ ပဉ္စရူပ ဖောင်လှေစွယ် (၂)၊ နွားလပို့၊ ငါးကြီးမြီးတို့ ချို (၂)ဖက်၊ မြင်းခွာ (၂)ဖက် စသည်ဖြင့် ဆိုထားသော်လည်း ပုံမလှ၍ ပုံပြုဆရာက (၁) ဆင်နှာမောင်း၊ (၂) စာမရီခေါင်း၊ (၃) မြင်းကိုယ် မြင်းလက် မြင်းခြေ၊ (၄) ငှက်အတောင်၊ (၅) ငါးကြင်းကွက် ငါးကြင်းမြီးတို့ ပေါင်းစပ်၍ ပဉ္စရူပ ပြုသည်။ အထူးသဖြင့် ရတနာပုံခေတ်၊ ၎င်းနောက် ကိုလိုနီခေတ်ဦးတွင်မှ ဆိုင်းဝိုင်းကြီး၊ ပတ်မထမ်းတွင် ဝင့်ကြွားပေးတက်နေဟန် ပြုခဲ့ကြသည်။ တချို့သော ခေါင်းလောင်းကိုင်း၊ ပုစွန်တုပ်ကွေးတွင်လည်း တွေ့မြင်ရသည်။ [1]
ကရင်လူမျိုးတို့၏ အမြတ်တနိုး ထားရှိသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ဖားစည်တွင် သာယာသော အသံရရှိရန် ပဉ္စရူပ (ခေါ်) သတ္တု ၅မျိုးဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွတ်နှင့် ခဲများကို ရောစပ်၍ သွန်းလုပ်ရကြောင်း အဆိုရှိ၏။
ကျမ်းကိုး
- (၁၉၉၄၊ ဒီဇင်ဘာ၊ ရတနာမွန်)
ပြင်ပလင့်ခ်များ
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ပဉ္စရူပ ကို ရှာဖွေကြည့်ရှုပါ။ |