မောင်း (တူရိယာ)
မောင်းသည် မြန်မာအဘိဓာန်တွင် ကြေးစသည်ဖြင့်သွန်းလုပ်ထားသော အသံမြည်ဟည်းအောင် ထုနှက်တီးခတ်ရသောပစ္စည်းဟု အဓိပ္ပာယ် ဖွင့်ဆိုထား၏။ ရှေးခေတ်အခါက ရှင်ဘုရင်၏ အမိန့်တော်များကို အများပြည်သူများ သိရှိနိုင်ရန် အတွက် မောင်းတီးပြီး ကြေငြာပေးရသည်။
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် မောင်း (တူရိယာ) ကို ရှာဖွေကြည့်ရှုပါ။ |
ခွက်ခွင်းစည်စောင်း၊ ကြေးနင်းမောင်းနှင့်။ ရာမ၊ ပ။ ၂၀။
ကချင်ရိုးရာ မောင်း
မောင်းကို ကြီးစဉ်ငယ်လိုက် (၃)လုံးကို အသုံးများသည်။ မနောပွဲနှင့် အသုဘပွဲများ၌၎င်း၊ ပျော်ရွှင်မှုပွဲများ၌၎င်း အသုံးများသည်။ အသုဘပွဲများ၌ အခြားတူရိယာကို မလိုဘဲ ကြီးစဉ်ငယ်လိုက် မောင်း(၃)လုံးပါက ကခုန်ပျော်ရွှင်ရ၏။[1]
ကိုးကား
- မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.