ဝါးလက်ခုပ်
ဝါးလက်ခုပ်
ဝါးလက်ခုပ်သည် ဆိုင်းဝိုင်း၊ အိုးစည်ဝိုင်းများတွင် မပါမဖြစ်သော တူရိယာပစ္စည်း ဖြစ်သည်။ ဝါးကို ခြမ်း၍ ပြုလုပ်ထားသည်။ သို့သော် သရေခေတ္တရာ ခေတ်ကမူ သစ်သားပျဉ်ပြား နှစ်ချပ်ကို ကြိုးဖြင့်သီ၍ သုံးစွဲ တီးခတ်သည်။ ယင်းကို လက်ချပ်ဟု ခေါ်သည်။ ဝါးလက်ခုပ် မှာ သမိုင်းမတင်မှီခေတ်ကပင် ပေါ်ပေါက်ခဲ့သည်။ [1]
ကိုးကား
- မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.