ပလုတ်

ပလုတ်(တူရိယာ)

ပလုတ် မှာ သားရေကို ကျက်၍ တုတ်နှင့် တီးခေါက်ရသော သားရေတူရိယာ တစ်မျိုးဖြစ်သည်။ ယင်းတူရိယာကို မြှောက်စည်ဝိုင်းနှင့် ဗျိုင်းတောင်တီးဝိုင်းများတွင် ထည့်သွင်းတီးမှုတ်ကြကြောင်း တွေ့ရသည်။ ရှင်ဘုရင် နတ်ရွာစံသောအခါ မသာတော် အခမ်းအနားများ၌ တီးမှုတ်ရသည့် ဗျိုင်းတောင်တီးဝိုင်းတွင် ပလုတ် တူရိယာကို ထည့်သွင်း တီးခတ်ရသည်။ တီးရာတွင် ``စာရေးငတုတ်´´ ဟူ၍ အသံပီသလာအောင် တီးခတ်ရသည်ဟု ဆိုသည်။ [1]

ကိုးကား

  1. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.