ပြည်ထောင်စုအင်္ဂါစဉ်

ပြည်ထောင်စုအင်္ဂါစဉ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတော်အခမ်းအနားများနှင့် နိုင်ငံတော်သမ္မတဦးဆောင်သော အစည်းအဝေးများတွင်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်ရာတွင်လည်းကောင်း စနစ်တကျရှိစေရန်နှင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်ရန်အတွက် သတ်မှတ်ထားသော အင်္ဂါစဉ်ဖြစ်သည်။[1]

အင်္ဂါစဉ်

စဉ် ရာထူး
သမ္မတ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒုတိယသမ္မတ-၁
ဒုတိယသမ္မတ-၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ*
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ*
ပြည်ထောင်စုတရားသူကြီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
၁၁ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၂ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
၁၃ အမျိုးသားလွတ်တော် ဒုတိယဥက္ကဋ္ဌ
၁၄ ပြည်ထောင်စုဝန်ကြီးများ
၁၅ ပြည်ထောင်စုရှေ့နေချုပ်
၁၆ ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၇ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
၁၈ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
၁၉ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ
၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
၂၁ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၂၂ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ
၂၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ
၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ
၂၆ ဥပဒေကြမ်းကော်မတီ
၂၇ ပြည်သူ့ငွေစာရင်းကော်မတီ
၂၈ လွှတ်တော်အခွင့်အရေးကော်မတီ
၂၉ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ
၃၀ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများ
၃၁ ဒုတိယဝန်ကြီးများ
၃၂ ဒုတိယရှေ့နေချုပ်
၃၃ ဒုတိယစာရင်းစစ်ချုပ်
၃၄ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ
၃၅ နေပြည်တော်ကောင်စီဝင်များ
၃၆ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ
၃၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ
၃၈ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

  • ယခင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မရှိခဲ့၍ ဒုတိယသမ္မတ-၁မှာ အဆင့်၂နေရာတွင်ရှိသည်။
  • *ပြည်ထောင်စုလွှတ်တော်နာယကရာထူးသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပသည့် ကာလအတွက်သာဖြစ်၍ ပြည်ထောင်စုအင်္ဂါစဉ်တွင် အကျုံးမဝင်ပေ။

ကိုးကား

  1. "အတွဲ (၆၉)၊ အမှတ် (၃၀)၊ ၁၅-၇-၂၀၁၆ ရက်ထုတ်စာစောင်"၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.