ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် မြန်မာပြည်၏ တိုင်းဒေသကြီးနှင့်ပြည်နယ်၁၄ခု၏ အစိုးရခွဲများဖြစ်သည်။ထိုအစိုးရအဖွဲ့များကို ဝန်ကြီးချုပ်တစ်ဦးစီကဦးဆောင်သည်။အစိုးရအဖွဲ့ဝင်များမှာ တိုင်း/ပြည်နယ်ဝန်ကြီးများဖြစ်သည်။အစိုးရအဖွဲ့များကို ဝန်ကြီးချုပ်၊ဝန်ကြီးများနှင့် ဥပဒေချုပ်တို့ပါဝင်သည်။တိုင်း/ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုနှင့် သမ္မတမှခန့်အပ်သည်။ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ် ဝန်ကြီး ဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်။ ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ
ပြည်ထောင်စုလွှတ်တော်၏အစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၀ (၂၀၁၀-၀၃-၃၀)
ဌာနချုပ် မြန်မာ
မိခင်ဌာနပြည်ထောင်စုအစိုးရ

အုပ်ချုပ်ရေးအာဏာနှင့်တာဝန်များ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်အရ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။တိုင်းဒေသကြီး/ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး/ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

တိုင်းဒေသကြီး / ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်း အပေါ် အခြေပြုလျက် တိုင်းဒေသကြီး / ပြည်နယ်၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်။ တိုင်းဒေသကြီး / ပြည်နယ်အစိုးရသည် မိမိတင်သွင်းသည့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် လွှတ်တော်က ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သာမန် အသုံးစရိတ် ခွင့်ပြုချက် ဘောင်အတွင်း သုံးစွဲခွင့် ရှိသည်။

အစိုးရအဖွဲ့ရုံး

တိုင်းဒေသကြီး/ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီး အမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး /ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ရုံးလည်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး
မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး
မကွေးတိုင်းအစိုးရအဖွဲ့ရုံး
တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး
ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အစိုးရများ

တိုင်းဒေသကြီး


ပြည်နယ်

ဝန်ကြီးချုပ်များ

အမှတ်စဉ် အမည် ဒေသ
(၁) ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး
(၂) ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဒေသကြီး
(၃) ဒေါက်တာအောင်မိုးညို မကွေးတိုင်းဒေသကြီး
(၄) ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီး
(၅) ဦးဝင်းသိန်း ပဲခူးတိုင်းဒေသကြီး
(၆) ဦးလှမိုးအောင် ဧရာဝတီတိုင်းဒေသကြီး
(၇) ဦးမြင့်မောင် တနင်္သာရီတိုင်းဒေသကြီး
(၈) ဦးခက်အောင် ကချင်ပြည်နယ်
(၉) ဦးအယ်ဖောင်းရှို ကယားပြည်နယ်
(၁၀) နန်းခင်ထွေးမြင့် ကရင်ပြည်နယ်
(၁၁) ဆလိုင်းလျန်လွယ် ချင်းပြည်နယ်‌
(၁၂) ဒေါက်တာအေးဇံ မွန်ပြည်နယ်
(၁၃) ဦးညီပု ရခိုင်ပြည်နယ်
(၁၄) ဦးလင်းထွဋ် ရှမ်းပြည်နယ်

ကိုးကား

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.