မန္တလေး ဘူတာကြီး

မန္တလေး ဘူတာကြီးသည် မန္တလေးမြို့လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ဘူတာရုံများထဲမှ တစ်ခုဖြစ်သည်။ ဘူတာကြီးသည် အထက်မြန်မာပြည်၏ ၃,၁၂၆ မိုင် (၅,၀၃၁ ကီလိုမီတာ)ရှိသော မီရထားလမ်းကွန်ယက်၏ ရထားလမ်းဂိတ်ဝဖြစ်သည်။အဓိက ရန်ကုန်-မန္တလေး မီရထားလမ်းသည် မန္တလေး ဘူတာကြီးတွင် ဂိတ်ဆုံးသည်။[1] ဘူတာကြီးသည် ပြင်ဦးလွင်လာရှိုးမုံရွာပခုက္ကူဂန့်ဂေါနှင့် မြောက်ဘက်တွင် ရွှေဘိုကောလင်းကန့်ဘလူမိုးညှင်းဟိုပင်မိုးကောင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ မီးရထားလမ်းခွဲများ စတင်ရာ နေရာလည်း ဖြစ်သည်။

မန္တလေး ဘူတာကြီး
မန္တလေးဘူတာကြီး
တည်နေရာ၇၈လမ်း၊ လမ်း ၃၀
ချမ်းအေးသာဇံမန္တလေးမြို့
မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ကိုဩဒိနိတ်21°58′37″N 96°5′10″E
တည်ဆောက်မှု
ရပ်နားရန်နေရာပထမထပ်

မန္တလေး ဘူတာကြီးသည် ၇ ထပ်မြင့်သော အဆောက်အအုံတစ်ခုဖြစ်ကာ ဟိုတယ်တစ်ခုလည်း ပါဝင်သည်။ ယခင်ဘူတာရုံဟောင်းသည် လက်ရှိဘူတာရုံ၏ တောင်ဘက်တွင် တည်ရှိသည်။[2]

ယခင်ဘူတာကြီး

ယခင်က မန္တလေးဘူတာကြီးသည် နှစ်ထပ်အဆောက်အအုံဖြစ်၍ မြေညီထပ်တွင် ထူထဲခိုင်ခန့်သော နံရံကြီးများရှိ၍ ဆေးဝါသုတ်ထားသည်။ ပထမထပ် (အပေါ်ထပ်) ကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး အုပ်ကြွပ်ချပ်များဖြင့် မိုးထား၏။ ကိုလိုနီခေတ်၏ အမှတ်လက္ခဏရှိ အဆောက်အဦးဖြစ်သည်။ ၁၉၉၅ ဖော်ဖော်ဝါရီ ၁၃ တွင် ထိုအဆောက်အဦးကို ဖြိုဖျက်၍ ယခုမြင်ရသော အဆောက်အဦးသစ်ဖြင့် အစားထိုးခဲ့သည်။[3]

ကိုးကား

  1. Xinhua News။ "Myanmar Yangon Central Railway Station to Move to New Satellite Town"၊ 2007-12-11။
  2. Train service in Mandalay Myanmar's Net။ 2008-12-27 တွင် ပြန်စစ်ပြီး။
  3. Hsue Hgnet (translated by Yay Chan (Mandalay)) (January 2003)။ The Straight Lines of Mandalay။ Mandalay: Kyipwarye Books House။ p. 157။ OCLC 54372317 Unknown parameter |langue= ignored (|language= suggested) (အကူအညီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.