အနောက်ကမ္ဘာလုံးခြမ်း
အနောက်ကမ္ဘာလုံးခြမ်း ဆိုသည်မှာ ကမ္ဘာအား ပထဝီဝင်ရှုထောင့်မှ ပိုင်းခြားခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ပရိုင်းမီရီဒီယန် (သုညဒီဂရီ လောင်ဂျီတွဒ်မျဉ်း)၏ အနောက်ဖက်မှ အန်တီမီရီဒီယန် (၁၈၀ ဒီဂရီ လောင်ဂျီတွဒ်မျဉ်း) ၏ အရှေ့ဖက်အထိ ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ အနောက်ကမ္ဘာလုံးခြမ်းတွင် အမေရိက၊ ဥရောပနှင့်အာဖရိကတို့၏ အနောက်ဖက်အပိုင်း၊ ရုရှားနိုင်ငံ၏ အရှေ့ထိပ်စွန်းဖျား၊ အိုရှန်းနီးယားရှိ နယ်ပယ်ဒေသများ၊ အန္တာတိက တစ်စိတ်တစ်ပိုင်း၊ အလူးရှင်းကျွန်း၏ အချို့နေရာမှလွဲ၍ အလက်စကာပြည်မကြီး တို့ပါဝင်သည်။ အနောက်ကမ္ဘာလုံးခြမ်းရှိ လူဦးရေမှာ သန်းတစ်ထောင်ကျော် ဖြစ်သည်။ ကမ္ဘာလုံးခြမ်းလေးခုအနက် တောင်ကမ္ဘာလုံးခြမ်းသည် လူဦးရေ အနည်းဆုံးဖြစ်သည်။
အနောက်ကမ္ဘာလုံးခြမ်းရှိ အမြင့်ဆုံးတောင်ထိပ်မှာ အေကွန်ကွာဂွါတောင်ဖြစ်ပြီး အမြင့်မှာ ၆၉၆၀.၈ မီတာ (၂၂၈၃၇ ပေ) ရှိသည်။[1]
ကမ္ဘာလုံးခြမ်းနှစ်ခုတွင် ပါဝင်သောနိုင်ငံများ
IERS Reference Meridian (ပရိုင်းမီရီဒီယန်) ပေါ်တွင်ရှိပြီး အရှေ့နှင့် အနောက် ကမ္ဘာလုံးခြမ်းနှစ်ခုစလုံးတွင် ပါဝင်သည့်နိုင်ငံများမှာ (မြောက်မှတောင်သို့ အစဉ်အတိုင်း)
- ယူနိုက်တက်ကင်းဒမ်း
- ဒိန်းမတ် (ဂရင်းလန်းနှင့် ဖရိုးကျွန်းစု သာ၊ ဒိန်းမတ်နိုင်ငံ ပြည်မကြီးမှာ အရှေ့ကမ္ဘာလုံးခြမ်းတွင် ပါဝင်သည်။)
- နော်ဝေ (ဂျန်မေရန်ကျွန်း သာ၊ နော်ဝေနိုင်ငံ ပြည်မကြီးမှာ အရှေ့ကမ္ဘာလုံးခြမ်းတွင် ပါဝင်သည်။)
- နယ်သာလန် (ဒတ်ချ်ကာရစ်ဘီယံ ကျွန်းစုများအားလုံး အနောက်ကမ္ဘာလုံးခြမ်းတွင် ပါဝင်ကာ၊ ဥရောပနယ်သာလန်မှာ အရှေ့ကမ္ဘာလုံးခြမ်းတွင် ပါဝင်သည်)
- ပြင်သစ်
- စပိန်
- အယ်လ်ဂျီးရီးယား
- မာလီ
- ဘာကီးနားဖားဆို
- တိုဂို
- ဂါနာ
၁၈၀ ဒီဂရီ လောင်ဂျီတွဒ်မျဉ်းပေါ်တွင် တည်ရှိကာ အနောက်နှင့် အရှေ့ကမ္ဘာလုံးခြမ်း နှစ်ခုစလုံးတွင် ပါဝင်နေသောနိုင်ငံများမှာ (မြောက်မှတောင်သို့ အစဉ်အတိုင်း)
အနောက်ကမ္ဘာလုံးခြမ်းတွင် ပါဝင်သည့် အမေရိကပြင်ပရှိ နိုင်ငံများ
အောက်ပါနိုင်ငံများမှာ အနောက်ကမ္ဘာလုံးခြမ်းတွင် အားလုံး သို့ တစ်စိတ်တစ်ပိုင်းပါဝင်သည့် အမေရိကပြင်ပရှိ နိုင်ငံများဖြစ်သည်။
- အယ်လ်ဂျီးရီးယား
- အမေရိကန်ဆမိုးအား (အမေရိကန်ပြည်ထောင်စု)
- ဘာကီးနားဖားဆို
- ကိတ်ဗာဒီ
- ကွတ်ကျွန်းစု
- ဖရိုးကျွန်းစု (ဒိန်းမတ်)
- ဖီဂျီ
- ပြင်သစ် (ပြင်သစ် မက်ထရိုပိုလီတန်)
- ပြင်သစ်ပိုလီနီးရှား
- ဝေါလစ်နှင့်ဖူကျူးနား
- ဂမ်ဘီယာ
- ဂါနာ
- ဂရင်းလန်း (ဒိန်းမတ်) (မှတ်ချက်။ ပထဝီဝင်အရ မြောက်အမေရိကတွင် ပါဝင်သော်လည်း နိုင်ငံရေးအရ ဥရောပ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။[2][3])
- ဂီနီ
- ဂီနီ-ဘီစော
- အိုက်စလန်
- အိုင်ယာလန်
- အိုင်ဗရီကို့စ်
- ကီရီဘတ်စ်
- လိုက်ဘေးရီးယား
- မာလီ
- မော်ရီတေးနီးယား
- မော်ရိုကို
- အနောက်ဆဟာရ
- နျူးအေး
- ပေါ်တူဂီ
- ရုရှား
- ဆမိုးအား
- ဆီနီဂေါ
- ဆီရာလီယွန်
- စပိန်
- တိုဂို
- တိုကလောင် (နယူးဇီလန်)
- တုံဂါနိုင်ငံ
- တူဗားလူ
- ယူနိုက်တက်ကင်းဒမ်း
- ဂျီဘရောလ်တာ
- ဂန်းစီး
- မမ်းကျွန်း
- ဂျာဇီ
- ပစ်ကိန်ကျွန်းစု
- စိန့်ဟယ်လယ်နာ
- ဖော့ကလန်ကျွန်းစု
ကိုးကား
- Informe científico que estudia el Aconcagua, el Coloso de América mide 6960,8 metros (in Spanish)။ Universidad Nacional de Cuyo (2012)။ 8 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၁၂ တွင် ပြန်စစ်ပြီး။
- Greenland - Facts on the the world's largest island
- မော်ကွန်းတင်ပြီးမိတ္တူ။ 18 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2014 တွင် ပြန်စစ်ပြီး။