အာဆီယံဘောလုံးအဖွဲ့ချုပ်
အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[1]
AFF အမှတ်တံဆိပ် | |
ဖွဲ့စည်းခြင်း | ၃၁ ဇန်နဝါရီ ၁၉၈၄[1] |
---|---|
အမျိုးအစား | အားကစားအဖွဲ့ချုပ် |
ဌာနချုပ် | ပီတလင်း ဂျာယားမြို့ ဆလန်ဂေါ |
အဖွဲ့ဝင်များ | အဖွဲ့ဝင်၁၂နိုင်ငံ |
ဗိုလ်ချုပ် ကီအတ် စာမတ်[2] | |
ဝက်ဘ်ဆိုဒ် | aseanfootball.org/v3/ |
၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။
၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။
သမိုင်းကြောင်း
ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။
ဥက္ကဋ္ဌများ
ဥက္ကဋ္ဌ | တာဝန်ထမ်းနှစ် |
---|---|
အိတ်ချ်.ကာဒိုနို | ၁၉၈၄–၁၉၉၄ |
ဗီဂျစ် ကတ်ကော | ၁၉၉၄–၁၉၉၆ |
တန်ကူ တန် စရီဒါတို' ဆယ်ရီအာမက် ရစ်သာအူဒင် | ၁၉၉၆–၁၉၉၈ |
စူလ်တန်ဟာဂျီ အာမက်ရှား | ၂၀၀၇–၂၀၁၉ |
ဗိုလ်ချုပ် ကီအတ် စာမတ် | ၂၀၁၉–၂၀၂၃ |
အဖွဲ့ဝင်များ
AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။
ကုဒ် | အဖွဲ့ချုပ် | ပါဝင်သည့်ခုနှစ် |
---|---|---|
AUS | ဩစတြေးလျ | ၂၀၁၃ |
BRU | ဘရူနိုင်း | ၁၉၈၄ |
CAM | ကမ္ဘောဒီးယား | ၁၉၉၆ |
IDN | အင်ဒိုနီးရှား | ၁၉၈၄ |
LAO | လာအို | ၁၉၉၆ |
MAS | မလေးရှား | ၁၉၈၄ |
MYA | မြန်မာ | ၁၉၉၆ |
PHI | ဖိလစ်ပိုင် | ၁၉၈၄ |
SIN | စင်ကာပူ | ၁၉၈၄ |
THA | ထိုင်း | ၁၉၈၄ |
TLS | အရှေ့တီမော | ၂၀၀၄ |
VIE | ဗီယက်နမ် | ၁၉၉၆ |
ယှဉ်ပြိုင်မှုများ
နိုင်ငံတကာ
အာဆီယံဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။
ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။
ကလပ်
ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။
ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။
အဆင့်သတ်မှတ်ချက်များ
အမျိုးသားလက်ရွေးစင်အသင်းများအဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် မှ တွက်ချက်သည်။
|
ထိပ်သီးအမျိုးသားလက်ရွေးစင်အသင်းများ |
Elo အဆင့်သတ်မှတ်ချက်
အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။
AFF | AFC | Elo | နိုင်ငံ | အဆင့်သတ်မှတ်ချက် | +/−* |
---|---|---|---|---|---|
1 | 4 | 48 | ဩစတြေးလျ | 1673 | 4 |
2 | 15 | 111 | ဗီယက်နမ် | 1370 | 8 |
3 | 20 | 129 | ထိုင်း | 1326 | 17 |
4 | 33 | 154 | အင်ဒိုနီးရှား | 1224 | 7 |
5 | 24 | 172 | ဖိလစ်ပိုင် | 1131 | 2 |
6 | 32 | 173 | မလေးရှား | 1127 | 2 |
7 | 34 | 177 | စင်ကာပူ | 1106 | |
8 | 26 | 186 | မြန်မာ | 1054 | |
9 | 36 | 204 | ကမ္ဘောဒီးယား | 839 | 7 |
10 | 41 | 222 | လာအို | 689 | 1 |
11 | 44 | 227 | အရှေ့တီမော | 637 | |
12 | 43 | 229 | ဘရူနိုင်း | 619 |
Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။
အမျိုးသမီးလက်ရွေးစင်အသင်းများ
အဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တွက်ချက်သည်။
နောက်ဆုံးပြင်ဆင်ချိန်: ၂၇ရက် မတ်လ ၂၀၂၀ * ဖီဖာမှတရားဝင်အဆင့်သတ်မှတ်ထားသောအသင်းများနှင့် မကစားခဲ့သည်မှာ |
ထိပ်သီးအမျိုးသမီးလက်ရွေးစင်အသင်းများ |
ပေးအပ်သောဆုများ
အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။
အာဆီယံချစ်ကြည်ရေးဆု
နှစ် | လက်ခံရရှိသူ |
---|---|
၂၀၁၃ | စူလ်တန်ဟာဂျီ အာမက်ရှား |
၂၀၁၆ | ဦးဇော်ဇော် |
AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု
နှစ် | လက်ရွေးစင်အသင်း (အမျိုးသား) | လက်ရွေးစင်အသင်း (အမျိုးသမီး) |
---|---|---|
၂၀၁၃ | စင်ကာပူ | ဗီယက်နမ် |
၂၀၁၅ | ထိုင်း | ထိုင်း |
၂၀၁၇ | ထိုင်း | ထိုင်း |
၂၀၁၉ | ဗီယက်နမ် | ထိုင်း |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား)
နှစ် | အမည် | ကလပ် |
---|---|---|
2013 | ရှာရီးလၲ အီရှတ်ခ် | LionsXII |
2015 | ချာနာသစ် စုန်ခရာစင် | ဘီအီးစီ တယ်ရိုဆာစနာ |
2017 | ချာနာသစ် စုန်ခရာစင် | မွန်သောင်ယူနိုက်တက် |
2019 | ငုယင်ကွမ်ဟိုင်း | ဟနွိုင်း |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)
နှစ် | အမည် | ကလပ် |
---|---|---|
2013 | ဒေါင်သီခူသရင် | ဟိုချီမင်းစီးတီး I W.F.C. |
2015 | နီဆာ ရွန်ယန် | မြောက်ဘန်ကောက်တက္ကသိုလ် |
2017 | ဝါရာပွန် ဘွန်စင်း | ဘီဂျီ-ဘန်းဒစ်အေးရှား |
2019 | ပစ်စာမိုင်း ဆွမ်စိုင်း | ချုံဘူရီအားကစားကျောင်း |
AFF အကောင်းဆုံးလူငယ်ကစားသမားဆု
နှစ် | အမည် | ကလပ် |
---|---|---|
2013 | ကီယိုဗီယမ်ဖက် လစ်သီဒက် | အက်ဇ်ရာ |
2015 | အောင်သူ | ရတနာပုံ |
2017 | ဒွန်ဗန်ဟောင် | ဟနွိုင်း |
2019 | ဆူဖာနတ် မူအန်သာ | ဘူရီရမ်ယူနိုက်တက် |
AFF အကောင်းဆုံးဖူဆယ်အသင်းဆု
နှစ် | ဖူဆယ်လက်ရွေးစင်အသင်း |
---|---|
2013 | ထိုင်း |
2015 | ထိုင်း |
2017 | ထိုင်း |
2019 | ထိုင်း |
ကိုးကား
- AFF - The Official Website Of The ASEAN Football Federation။ About AFF (20 March 2015)။ 20 March 2015 တွင် ပြန်စစ်ပြီး။
- Maj Gen Khiev Sameth is the new AFF president။ AFF (17 March 2019)။ 25 June 2019 တွင် ပြန်စစ်ပြီး။