အာရှ ဘောလုံးအဖွဲ့ချုပ်
အာရှဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: Asian Football Confederation; အတိုကောက် AFC) သည် အာရှနှင့် ဩစတြေးလျဒေသအတွင်းရှိ ဘောလုံးအဖွဲ့အစည်းများကို ထိန်းချုပ်နေသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၎င်းအဖွဲ့ချုပ်ကြီးတွင် နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်ကာ အများစုမှာ အာရှရှိနိုင်ငံများဖြစ်ကြသည်။ သို့သော်လည်း အာရှနှင့် ဥရောပတိုက်တို့ကို ခြားနားထားသည့် နယ်မြေများအရ တူရကီနှင့် ရုရှားနိုင်ငံ ၊ အာရှအတွင်း (အလယ်ပိုင်း သို့မဟုတ် ဥရောပအာရှ) ရှိ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဂျော်ဂျီယာနှင့် အစ္စရေးနိုင်ငံများမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ကြီးတွင် ပါဝင်နေသည်။ အခြားတစ်ဖက်တွင်ကား ဩစတြေးလျနိုင်ငံဖြစ်သည်။ ၎င်းသည် ယခင်က သမုဒ္ဒရာပိုင်းဇုန်ဘောလုံးအဖွဲ့ချုပ်တွင် ပါဝင်ပြီး ၂၀၀၆ ခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ အလားတူ တရုတ်တိုင်ပေ (ထိုင်ဝမ်) ၊အမေရိကန်ပိုင်ကျွန်းများဖြစ်သော ဂူအမ်၊ မြောက်ပိုင်းမာရီယာနာကျွန်းများ နှင့် တရုတ်နိုင်ငံ၏အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ဟောင်ကောင် နှင့် မကာအို တို့သည် သီးခြားနိုင်ငံများမဟုတ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
![]() | |
![]() | |
အတိုကောက် | AFC |
---|---|
ဆောင်ပုဒ် | အာရှတိုက်တစ်ခု ရည်မှန်းချက်တစ်ခု One Asia One Goal |
ဖွဲ့စည်းခြင်း | ၈ မေ ၁၉၅၄ |
အမျိုးအစား | အားကစားအဖွဲ့ချုပ် (ဘောလုံး) |
ဌာနချုပ် | ဘူကစ်ဂျလီ၊ ကွာလာလမ်ပူမြို့၊ မလေးရှားနိုင်ငံ |
အဖွဲ့ဝင်များ | အဖွဲ့ဝင် ၄၇ နိုင်ငံ |
ရုံးသုံးဘာသာစကား | အင်္ဂလိပ်၊ အာရဘီ[1] |
ဥက္ကဋ္ဌ | ဆယ်လ်မန် အီဘရာဟင်မ် အယ်ခါလီဖာ |
ဒုဥက္ကဋ္ဌများ | စာရင်း
|
အထွေထွေ အတွင်းရေးမှူး | Dato' Windsor John[2][3] |
မိခင်အဖွဲ့အစည်း | ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် |
ဌာနခွဲများ | ၅
|
ဝက်ဘ်ဆိုဒ် | the-afc.com |
အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ခုနှစ် မေလ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖွဲ့စည်းခဲ့ကြသည့်ပြင် ၎င်းသည် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး၏ ခြောက်ခုမြောက် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်ကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျလီတွင် တည်ဆောက်ထားရှိသည်။
သမိုင်း
အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် မေလ ၈ ရက်နေ့တွင် အာဖဂန်နစ္စတန်၊ မြန်မာ (ယခင်: ဘားမား)၊ ထိုင်ဝမ် (ယခင်: တရုတ်သမ္မတနိုင်ငံ)၊ ဟောင်ကောင်၊ အီရန်၊ အိန္ဒိယ၊ အစ္စရေး၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ဗီယက်နမ်တို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။
နုတ်ထွက်အဖွဲ့ဝင်နိုင်ငံများ
အစ္စရေးဘောလုံးအဖွဲ့ချုပ် (၁၉၅၄–၁၉၇၄) ; ၁၉၇၄ ခုနှစ်တွင်နုတ်ထွက်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်စစ်စစ်ဖြစ်လာသည်။
နယူးဇီလန်ဘောလုံးအဖွဲ့ချုပ် (၁၉၆၄) ; သမုဒ္ဒရာပိုင်းဇုန်ဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ် ၁၉၆၆ ခုနှစ်တွင်ပါဝင်ခဲ့သည်။
ကာဇက်စတန်ဘောလုံးအဖွဲ့ချုပ် (၁၉၉၃–၂၀၀၂) ; ၂၀၀၂ ခုနှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်သို့ ပါဝင်ခဲ့သည်။
ပြိုင်ပွဲများ
အာရှဘောလုံးအဖွဲ့ချုပ်၏ပြိုင်ပွဲများ
ကလပ်ပြိုင်ပွဲများ
|
လက်ရွေးစင်နှင့်သက်တမ်းအလိုက်ပြိုင်ပွဲများ
|
- ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် ***ပြထားသောပြိုင်ပွဲ ၂ မျိုးပေါင်း၍ အာရှချန်ပီယံလိဂ် နှင့် ၂၀၀၄ ခုနှစ်တွင် အာရှချန်ပီယံလိဂ်မှ ခွဲထွက်၍ အာရှဘောလုံးအဖွဲ့ချုပ်ဖလားနှင့် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲများအဖြစ် ပြိုင်ပွဲ ၃ မျိုးပြောင်းလဲကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားကို ဖျက်သိမ်းပြီး ကလပ်များအား အာရှဘောလုံးအဖွဲ့ချုပ်ဖလားထဲသို့ ပူးပေါင်းယှဉ်ပြိုင်စေသည်။
အာရှဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီ
- အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
- ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီအဖွဲ့ဝင်
- အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
Saoud Al-Mohannadi
Mehdi Taj
Faisal Saleh Hayat
ဦးဇော်ဇော်
Ganbaatar Amgalanbaatar
- အထွေထွေအတွင်းရေးမှူး
ကိုးကား
- အာရှဘောလုံးအဖွဲ့ချုပ်၏မဏ္ဍိုင် (၂၀၁၇)။ အာရှဘောလုံးအဖွဲ့ချုပ် (၈ မေ ၂၀၁၇)။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- အာရှဘောလုံးအဖွဲ့ချုပ်ဖွဲ့စည်းပုံ။ အာရှဘောလုံးအဖွဲ့ချုပ်။
- Christopher Raj (၃ ဒီဇင်ဘာ ၂၀၁၅)။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကိုဦးဆောင်လာနိုင်မည့် စံပြလူသား။ The Star။ ၂၅ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။