ကြောင်နီ
ကြောင်နီ၏ သိပ္ပံအမည်မှာ ကာတိုပူးမား ဘာဒီယာ ဖြစ်သည်။ ကြောင်နီကို ဘော်နီယိုကြောင်၊ ဘော်နီယိုကြောင်နီ၊ ဘော်နီယိုကြောင်သလင်း စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ဘော်နီယိုကျွန်းတွင်သာ တွေ့ရှိရသည့် ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။ (၂၀ဝ၇)ခုနှစ် စာရင်းများအရ အရွယ်ရောက်ပြီး ကြောင်နီကောင်ရေ ၂၅၀ဝ အောက်သာ ရှိမည်ဟု ခန့်မှန်းထားသည်။[1] ကြောင်နီများသည် ရှားပါးပြီး ကောင်ရေအလွန် နည်းပါးသည်။[2]
တွေ့ရှိရာအရပ်
ကြောင်နီများကို ဘော်နီယိုကျွန်းတွင်သာ တွေ့ရှိရသည်။ (၂၀ဝ၃)ခုနှစ်မှ (၂၀ဝ၅)ခုနှစ်အတွင်း ကြောင်နီ (၁၅)ကောင်ခန့်ကို မှတ်တမ်းတင်နိုင်ခဲ့ရာ ယင်းတို့အားလုံးမှာ ဆာဘား၊ ဆာရာဝပ်နှင့် ကာလီမင်တန်တို့မှ ဖြစ်သည်။ ဘရူနိုင်းနိုင်ငံမှ မတွေ့ရပေ။[3]
ကျက်စားပုံအလေ့အထ
ညအချိန်တွင် သိုဝှက်စွာ ကျက်စားတတ်သည်။[4] (၂၀ဝ၃)ခုနှစ်မှ (၂၀ဝ၆)ခုနှစ်အတွင်း ကင်မရာထောင်ချောက်ဖြင့် စစ်တမ်းကောက်ယူခဲ့ရာ ဓာတ်ပုံပေါင်း (၅၀၃၄)ပုံတွင် ကြောင်နီ၏ ဓာတ်ပုံမှာ တစ်ပုံသာ ပါဝင်လေသည်။[5]
ကိုးကား
- Hearn, A., Sanderson, J., Ross, J., Wilting, A., Sunarto, S. 2008. Catopuma badia. In: IUCN 2012. IUCN Red List of Threatened Species. Version 2012.2.
- Povey, K., Sunarto, H. J. G., Priatna, D., Ngoprasert, D., Reed, D., Wilting, A., Lynam, A., Haidai, I., Long, B., Johnson, A., Cheyne, S., Breitenmoser, C., Holzer, K., Byers, O. (eds.) CBSG. (2009) Clouded Leopard and Small Felid Conservation Summit Final Report. IUCN/SSC Conservation Breeding Specialist Group: Apple Valley, MN.
- Mohd-Azlan, J., Sanderson, J. (2007). "Geographic distribution and conservation status of the bay cat Catopuma badia, a Bornean endemic". Oryx 41 (3): 394–397. doi:10.1017/S0030605307000516.
- Meijaard, E. (1997). The bay cat in Borneo. Cat News 27: 21–23.
- Mohd-Azlan, J., Sanderson, J. (2007). "Geographic distribution and conservation status of the bay cat Catopuma badia, a Bornean endemic". Oryx 41 (3): 394–397. doi:10.1017/S0030605307000516.