နော့စကု လေကြောင်းလိုင်း

နော့စကု လေကြောင်းလိုင်း ကုမ္ပဏီ လီမိတက် (နော့စကု) သည် ထိုင်းနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ဘန်ကောက်မြို့ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် အခြေစိုက်သည်။ 

နော့စကု လေကြောင်းလိုင်း
NokScoot
IATA ICAO Callsign
XW NCT BIG BIRD
တည်ထောင်၂၀၁၅
စတင်ပျံသန်း20 May 2015
မိခင်ဌာနဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
မိတ်ဖက်Value Alliance
လေယာဉ်ပေါင်း
ပျံသန်းဌာနေပေါင်း
ဆောင်ပုဒ်Fly Awesome
မိခင်ကုမ္ပဏီနော့ လေကြောင်းလိုင်း (51%)
ဌာနချုပ်ဘန်ကောက်မြို့ထိုင်းနိုင်ငံ
အရေးပါသူများMr. Piya Yodmani (အမှုဆောင် အရာရှိချုပ်)
ဝက်ဘ်ဆိုဒ်www.nokscoot.com

နော့စကု လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ အခြေစိုက် နော့ လေကြောင်းလိုင်း နှင့် စင်ကာပူနိုင်ငံ အခြေစိုက် စကု လေကြောင်းလိုင်း တို့ပူးပေါင်း တည်ထောင်ထားခြင်း ဖြစ်သည်။ ပထမဆုံး လေယာဉ်မှာ ဒွန်မောင်း လေဆိပ် မှ ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စတင်ခဲ့သည်။[1]

စကု လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နော့ လေကြောင်းလိုင်းနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဘန်ကောက်တွင် လေကြောင်းလိုင်း အသစ် တည်ထောင်မည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ နော့စကု လေကြေင်းလိုင်းသည် ခရီးရှည်များကို အဓိကထား ပျံသန်းပြီး ဘိုးရင်း ၇၇၇-၂၀၀ လေယာဉ်များဖြင့် ပျံသန်းလျက်ရှိသည်။[2]

ပိုင်ဆိုင်မှု

နော့စကု လေကြောင်းလိုင်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နော့ လေကြောင်းလိုင်း မှ ပိုင်ဆိုင်ပြီး ကျန် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို စကု လေကြောင်းလိုင်း မှ ပိုင်ဆိုင်သည်။ လေကြောင်းလိုင်း၏ ကနဦး ရင်းနှီးမြုပ်နှံမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၂ ဘီလျံဖြစ်သည်။[3]

ပျံသန်းရာမြို့များ

နော့စကု လေကြောင်းလိုင်းသည် ၂၀၁၆ ဇူလိုင်လအထိ အောက်ဖော်ပြပါ မြို့များကို ပျံသန်းလျက်ရှိသည်။

နိုင်ငံ မြို့ လေဆိပ် မှတ်ချက် Ref
ထိုင်း ဘန်ကောက် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
တရုတ် Chongqing Chongqing Jiangbei International Airport [4]
တရုတ် နန်ကျင်းမြို့ Nanjing Lukou International Airport [5]
တရုတ် Qingdao Qingdao Liuting International Airport [6]
တရုတ် Shenyang Shenyang Taoxian International Airport [7]
ထိုင်ဝမ် ထိုင်ပေမြို့ ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ် [8]
တရုတ် Tianjin Tianjin Binhai International Airport [9]
ဂျပန် တိုကျို နာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ် Seasonal Charter [10]

လေယာဉ်များ

နော့စကု လေကြောင်းလိုင်း၏ ဘိုရင်း ၇၇၇-၂၀၀အီးအာ လေယာဉ်ကို နာရိတ လေဆိပ်တွင် ဆင်းသက်စဉ်

၂၀၁၅ ဇွန်လ စာရင်းများအရ နော့စကု လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေယာဉ်များ ပိုင်ဆိုင်သည်။

Scoot Fleet[11]
Aircraft In Service Orders Passengers Notes
J Y Total
Boeing 777-200ER
၂၄
၃၉၁
၄၁၅
စုစုပေါင်း

ကိုးကား

  1. NokScoot adds stopgap flight | Bangkok Post: business
  2. SIA's new Thai joint-venture carrier NokScoot cleared for take-off
  3. Nok Air joins with Singapore's Scoot Bangkok Post (2013-12-16)။ 2014-07-04 တွင် ပြန်စစ်ပြီး။
  4. NokScoot Plans Chongqing Launch from June 2016 routesonline။ 12 May 2016 တွင် ပြန်စစ်ပြီး။
  5. NokScoot Revises Nanjing Launch to mid-June 2015 Airlineroute.net (27 May 2015)။ 27 May 2015 တွင် ပြန်စစ်ပြီး။
  6. NokScoot Confirms Qingdao Launch from late-Nov 2015 Airlineroute.net (12 October 2015)။ 12 October 2015 တွင် ပြန်စစ်ပြီး။
  7. NokScoot Proposes Shenyang Service from April 2016 airlineroute။ 9 February 2016 တွင် ပြန်စစ်ပြီး။
  8. NokScoot Confirms Taipei Launch from late-Oct 2015 Airlineroute.net (2 September 2015)။ 2 September 2015 တွင် ပြန်စစ်ပြီး။
  9. NokScoot Confirms Bangkok - Tianjin Launch from mid-Jan 2016 Airlineroute.net (12 November 2015)။ 12 November 2015 တွင် ပြန်စစ်ပြီး။
  10. NokScoot Adds Tokyo Charters in March/April 2016 airlineroute။ 15 March 2016 တွင် ပြန်စစ်ပြီး။
  11. Scoot fleet Ch-aviation 4 September 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.