မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ

မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ (အင်္ဂလိပ်: Mesopotamian mythology)[မှတ်စု 1] သည် ယခုခေတ် အာရှတိုက်အနောက်ပိုင်းဒေသ၊ ရှေးဟောင်းမက်ဆိုပိုတေးမီးယားနယ်မြေမှ ဒဏ္ဍာရီများ၊ ဘာသာရေးကျမ်းစာများနှင့် အခြားသောစာပေများကို ရည်ညွှန်းနိုင်သည်။ အထူးသဖြင့် ဆူးမားဒေသအဲကတ်မြို့ နှင့် အဆီးရီးယားဒေသမှ လူမှုအဖွဲ့အစည်းများ၏ ရင်းမြစ်များမှဖြစ်ကာ ထိုလူ့ယဉ်ကျေးမှု အဖွဲ့အစည်းများသည် ဘီစီ (၃၀၀၀) မှ စတင်ခဲ့ကြ၍ အေဒီ (၄၀၀)တွင် ပျက်သုဉ်းခဲ့ကြသည်။[2] ဤစာပေလက်ရာများကို မူလအားဖြင့် ကျောက်ချပ်၊ ရွှံ့စေးချပ်များတွင် ထိန်းသိမ်းခဲ့ကြပြီး စာရေးတော်များက သပ်ဖြင့် ရေးထွင်းသည့် အရေးအသားတစ်မျိုး (cuneiform) ဖြင့် ရေးသားခဲ့ကြသည်။ ရှည်လျှားသော အပိုင်းအစအနည်းငယ်သာ ရှင်သန်ကျန်ရစ်ပြီး အချို့သော အပိုင်းများတွင် ပါဝင်သော ဇာတ်လမ်းပုံပြင်များကို ကမ္ဘာ့ရှေးအကျဆုံးဟူ၍ ယူဆကြကာ ထိုအပိုင်းအစများက သမိုင်းပညာရှင်များကို မက်ဆိုပိုတေးမီးယား အတွေးအခေါ်၊ စကြာဝဠာသဘောတရားများကို နက်နက်နဲနဲ သိမြင်စေခဲ့သည်။

မှတ်စု

  1. အင်္ဂလိပ်အသံထွက်မှာ အနီးစပ်ဆုံး 'မက်ဆာပါတေးမိယာ' (နာမ်) ၊ 'မက်ဆာပါတေးမိယန်' (နာမဝိသေသန) ဖြစ်သည်။[1]

ကိုးကား

  1. Oxford English Dictionary
  2. "Mesopotamian religion" (in en)၊ Encyclopedia Britannica
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.