ကိုရီးယားဒဏ္ဍာရီ

ကိုရီးယားဒဏ္ဍာရီ (ကိုရီးယား: 한국 신화 / 韓國神話; အင်္ဂလိပ်: Korean mythology) သည် ကိုရီးယားကျွန်းဆွယ်ဒေသတွင် နှစ်ပေါင်းထောင်ချီကြာမြင့်စွာ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသော ဇာတ်လမ်းပုံပြင်များဖြစ်သည်။[1] ဤဇာတ်လမ်းပုံပြင်များကို ကမ္ဘာလောကဖန်တီးခြင်းဆိုင်ရာ ဒဏ္ဍာရီအကြောင်းအရာများနှင့် ဩကာသလောက၊ လူမှုလောကဆိုင်ရာ ဇာစ်မြစ်ဒဏ္ဍာရီအဖြစ်လည်း သတ်မှတ်နိုင်ကြသည်။ ကိုရီးယားဒဏ္ဍာရီဆိုင်ရာ အကြောင်းအရာများကို များသောအားဖြင့် ဒေသတစ်ခုအတွင်း၌သာ သတ်မှတ်ကြ၍ ထိုဒေသမှ ကျေးရွာ၊ မျိုးနွယ်စုများနှင့်သက်ဆိုင်ကြသည်။[2]

အစောဆုံး ကိုရီးယားဒဏ္ဍာရီသည် ဗုဒ္ဓဘာသာကွန်ဖြူးရှပ်ဝါဒတာအိုဘာသာ တို့ထက် ရှေးကျကာ ကိုရီးယားရိုးရာဘာသာတရားနှင့် နတ်အယူဝါဒ (နတ်ဝင်ခြင်း၊ နတ်ပူးခြင်း) တို့၌ အရိုးစွဲလျှက်ရှိသည်။[3] ထိုပူးကပ်သော နတ်များကို ပူဇော်ပသသော ရိုးရာဓလေ့များသည် ကိုရီးယားနတ်အယူဆိုင်ရာ ဒဏ္ဍာရီကို ပြန်လည်ပြောဆိုကြခြင်း၌ အဓိကအရေးပါကြသည်။[2]

များစွာသော ရှေးဟောင်းကိုရီးယားနတ်အယူဝါဒသည် ဆင်ခြင်တုံတရားနှင့် လက်တွေ့သဘောတရားတို့ကို အလေးပြုသည့် ကွန်ဖြူးရှပ်ဝါဒထွန်းကားလာပြီးနောက် တိမ်ကောသွားခဲ့သည်။ ရှေးခေတ်အချိန်ကာလများမှစ၍ ယခုထိတည်ရှိနေသည်ဟု ယုံကြည်ထားသော ကိုရီးယားဒဏ္ဍာရီ အနည်းငယ်မျှကိုသာ ကွန်ဖြူးရှပ်ဝါဒနှင့် ဗုဒ္ဓဘာသာ ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ထိုပညာရှင်များက ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုအတွင်း၌ ကိုက်ညီစေရန် ပြုပြင်ခဲ့ကြပေသည်။[1]

ကိုးကား

ကိုးကားအညွှန်းများ

  1. Hwang၊ Pae-Gang (2006)။ Korean Myths and Folk Legends။ ဘာသာပြန်သူ Han၊ Young-Hie; Kim၊ Se-Chung; Chwae၊ Seung-Pyong။ Jain Publishing Company။ pp. x–xx။ ISBN 978-0895818560
  2. The National Folk Museum of Korea (South Korea) (2004), pp. 21–23.
  3. Leeming (2005), p. 231.

ကိုးကားရင်းမြစ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.