အင်ကာဒဏ္ဍာရီ

အင်ကာဒဏ္ဍာရီ (အင်္ဂလိပ်: Inca mythology) တွင် အင်ကာလူမျိုးတို့၏ ယုံကြည်မှုများအကြောင်း ရှင်းလင်းဖော်ပြတင်ဆက်ရန် အားထုတ်ထားသည့် ပုံပြင်၊ ရာဇဝင်များစွာ ပါဝင်သည်။[1]

ကောင်းကင်ယံမှ မြင်တွေ့ရသော အင်ကာတို့၏ မာချူးပီချူးဒေသ

အခြေခံ ယုံကြည်မှုများ

ပညာရပ်ဆိုင်ရာ သုတေသနများက အင်ကာတို့၏ ယုံကြည်မှုစနစ်များသည် ၎င်းတို့၏ စကြာဝဠာအယူအဆအမြင်များနှင့် ပေါင်းစပ်ခဲ့ကြသည်ဟု ဖော်ပြသည်။ အထူးသဖြင့် မြို့တော် ခွတ်စ်ကို (Cuzco) မှနေ၍ နေအဖွဲ့အစည်းနှင့် နဂါးငွေ့တန်း ဂယ်လက်ဆီတို့၏ ရွေ့ရှားမှုများကို အင်ကာတို့၏ လေ့လာမှုများနှင့် ပတ်သက်သည့် စကြာဝဠာအယူအဆ အထင်အမြင်များဖြစ်ကြသည်။ ထိုအင်ကာမြို့တော်ကို ခွတ်စ်ကို ဟုခေါ်တွင်ကြ၍ အဓိပ္ပာယ်မှာ 'ကမ္ဘာ့အလယ်' ဟူ၍ဖြစ်သည်။ ဤရှုထောင့်အမြင်မှ အင်ကာပုံပြင်များသည် နတ်က္ခတာယာ ဂြိုဟ်များ၏ ရွေ့ရှားမှု၊ ဖွဲ့စည်းပုံများကို သရုပ်ဖော်တင်ပြကြ၍ ထိုနတ်က္ခဂြိုဟ်များအကြောင်းအရာများသည် ၎င်းတို့၏ စိုက်ပျိုးရေး ရာသီစက်ဝန်းနှင့် ဆက်စပ်ပတ်သက်လျှက်ရှိသည်။ ထပ်တလဲလဲဖြစ်တတ်သည့် စိုက်ပျိုးရေး ရာသီကာလများအပေါ်တွင် မှီခိုနေရသောကြောင့် အင်ကာတို့အတွင် ထိုနတ်က္ခတာယာ ဂြိုဟ်များသည် လွန်စွာမှ အရေးပါအရာရောက်ကြ၏ ။ (တစ်ကြိမ်တွင် နှစ်ပေါင်း (၈၀၀)) ဟုဆိုသော ပို၍ကြီးမားကျယ်ပြန့်သည့် ရာသီစက်ဝန်း၊ တစ်နှစ်စီတွင်ဖြစ်တတ်သည့် ရာသီစက်ဝန်းများနှင့် စိုက်ပျိုးရေးရာသီကာလများသည် ဆက်စပ်လျှင်ရှိနေကြသည်။ မင်းဆက်အပြောင်းအလဲ၊ လူမှုရေးရာ ကပ်ဘေးများရှိလင့်ကစား ယဉ်ကျေးမှုဆိုင်ရာ အဓိကအချက်အလက်ပြောင်းလဲခြင်း(တစ်ခေတ်မှ နောက်တစ်ခေတ်သို့ ကူးပြောင်းခြင်း)ကို သေချာခိုင်မာစေရန် ဤနည်းဖြင့် အချိန်ကာလထိန်းသိမ်းထားခြင်းကို အသုံးချကြသည်။

ဖရန့်စစ္စကို ပစ်ဇားရို၏ ပီရူးနိုင်ငံ(ပရူး) ကို စပိန်တို့သိမ်းပိုက်ယူခဲ့ခြင်းပြီးနောက် အင်ကာတို့ ထိန်းသိမ်းထားသော မှတ်တမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဂယ်ရီ အာတန်(Gary Urton) တင်ပြသော အယူအဆတစ်ခုရှိရာ ထိုအချက်မှာ ကွီးပူး (Quipu) ကိရိယာသည် ဘာသာစကားအသံထွက် (phonological) (သို့) စကားလုံး/စကားစုများကို ဖော်ပြသည့် အက္ခရာ (သို့) လက္ခဏာအမှတ်အသား (logographic) အချက်အလက်များကို မှတ်တမ်းပြုရာ၌ သုံးစွဲနိုင်ခဲ့သော ဒွိစုံကိန်း (binary) စနစ်တစ်ခု ဖြစ်သည်ဟု တင်ပြသည်။ ယခုအထိသိရှိရသမျှမှာ ဘုန်းတော်ကြီးများ၏ မှတ်တမ်းများအပေါ်တွင်အခြေခံသည်။ ထိုမှတ်တမ်းများသည် အင်ကာကဗျာလင်္ကာများ၊ ဗိသုကာများမှပါသော ပုံများနှင့် အမှတ်လက္ခဏာများ၊ ထို့နောက် အန်ဒီးဇ် တောင်တန်းကြီး၏ မူလနေထိုင်သူများအကြား ယခုထိ ရှင်သန်လျှက်ရှိသော ဒဏ္ဍာရီနှင့် ရာဇဝင်တို့မှ ဖြစ်ကြသည်။

ကိုးကား

  1. Handbook of Inca Mythology by Paul Richard Steele, Catherine J. Allen
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.